Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့မှ ဟိုတယ်ဝန်ထမ်းဇနီးမောင်နှံအား မှားယွင်းပစ်တ်ခတ်မှုအပေါ် Tiger Force ပြောက်ကျားတပ်ဖွဲ့ ဝန်ချတောင်းပန်

“Scout Team ၏အားနည်းချက်အမှားကြောင့် မရည်ရွယ်ဘဲ မှားယွင်းပစ်ခတ်မိသဖြင့် အင်မတန်စိတ်မကောင်းဖြစ်ရပါသည်”ဟု Tiger Force Mandalay က ဆိုသည်။

မန္တလေးမြို့မှ ဟိုတယ်ဝန်ထမ်းဇနီးမောင်နှံအား မှားယွင်းပစ်တ်ခတ်မှုအပေါ် Tiger Force ပြောက်ကျားတပ်ဖွဲ့ ဝန်ချတောင်းပန်
မန္တလေးမြို့မှ ဟိုတယ်ဝန်ထမ်းဇနီးမောင်နှံအား မှားယွင်းပစ်တ်ခတ်မှုအပေါ် Tiger Force ပြောက်ကျားတပ်ဖွဲ့ ဝန်ချတောင်းပန်

▪️နောင်တချိန်အပြစ်အတွက် ခံယူသွားမည်ဟု ကတိပြု

မန္တလေးမြို့တွင် ယမန်နေ့က ဖြစ်ပွားခဲ့သော CID ရဲမှူးနှင့် မှားယွင်းပစ်တ်မိသည့် ဟိုတယ်ဝန်ထမ်းဇနီးမောင်းနှံဖြစ်စဥ်အပေါ် သက်ဆိုင်သူမိသားစုနှင့် ပြည်သူများအား အနူးအညွတ်တောင်းပန်ကြောင်း Tiger Force Mandalay ပြောက်ကျားတပ်ဖွဲ့က ယနေ့(သြဂုတ် ၂၄)တွင် ထုတ်ပြန်သည်။

၎င်းတို့သည် တပ်တွင်းသတင်းရင်းမြစ်၏ သတင်းပေးပို့မှုအရ CID ရဲမှူး စိုးကိုကိုဆိုသူ၏ ဆိုင်ကယ်နံပါတ်၊ လူ ပုံစံ၊ ယူနီဖောင်းနှင်ပုံ၊ အိမ်အဝင်အထွက်စသည့်တို့ကို အတည်ပြုရန် Scout Team မှ စုံစမ်းခဲ့ရာ ထိုအချက်အလက် များနှင့် ကိုက်ညီ၍ စစ်ရေးတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ရာ အထက်ပါ ဟိုတယ်ဝန်ထမ်းဇနီးမောင်နှံအား မှားယွင်းပစ်ခတ်မိခြင်းဖြစ်ကြောင်း ဖော်ပြသည်။

“Scout Team ၏အားနည်းချက်အမှားကြောင့် မရည်ရွယ်ဘဲ မှားယွင်းပစ်ခတ်မိသဖြင့် အင်မတန်စိတ်မကောင်းဖြစ်ရပါသည်”ဟု Tiger Force Mandalay က ဆိုသည်။

ထို့အပြင် အထက်ပါမှားယွင်းပစ်ခတ်မှုဖြစ်စဥ်အနီးတွင် CID ရဲမှူး စိုးကိုကိုဆိုသူလည်း ရပ်ကြည့်နေခဲ့ပြီး စစ်ရေးတိုက်ခိုက်မှုလုပ်ဆောင်သည့် သြဂုတ် ၂၃ ရက်ကတည်းက မိသားစုနှင့်အဆက် အသွယ်ပြတ်သွားသည်ဟုကြား သိရပြီး ယင်းဖြစ်စဥ်အား ဆက်လက်စုံစမ်းနေကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

အထက်ပါမှားယွင်းပစ်ခတ်မှုဖြစ်စဥ်သည် Tiger Force တပ်ဖွဲ့မှ Scout Team ၏အားနည်းချက်အမှားသာဖြစ်ပြီး မန္တလေးမြို့ရှိ မည်သည့်တော်လှန်ရေးအဖွဲ့အစည်းနှင့်မျှ သက်ဆိုင်ခြင်းမရှိကြောင်း ဖော်ပြသည်။

ထို့ကြောင့် ၎င်းတို့အနေဖြင့် တချိန်ချိန်ကျလျင် ဖြစ်စဥ်မှကန်ပါက Tiger Force အနေဖြင့် ထိုအပြစ်အတွက် ခံယူသွားမည်ဟု ပြည်သူလူထုအား ကတိပြုထားသည်။

ယမန်နေ့ သြဂုတ် ၂၃ ရက်မနက်ပိုင်းက မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ် လမ်း ၃၀ × ၅၇ လမ်းထောင့်ရှိ Grand Mandalay ဆေးရုံရှေ့နားတွင် အွန်လိုင်းမှစျေးရောင်သူအမျိုးသားတစ်ဦးနှင့် ၎င်း၏ဇနီးဟိုတယ်ဝန်ထမ်းဖြစ်သူတို့အား CID ရဲမှူး စိုးကိုကိုဟုယူဆကာ မှားယွင်းပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ပစ်ခတ်ခံရသည့် ဇနီးမောင်နှံတွင် ရှစ်နှစ်အရွယ်ကလေးတစ်ဦး ကျန်ရစ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံရဲ့ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းစုကြီး Amata က ဟိုတယ် ၂လုံး ထုတ်ရောင်း‌တော့မယ်လို့ သတင်းရရှိပါတယ်။

သတင်း

ရေကြည် နဲ့ လေးမျက်နှာမြို့နယ်​တွေမှာတိုက်ပွဲတွေပြင်းထန်နေစဉ် စစ်တပ်က ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာရှိတဲ့ဟိုတယ်နဲ့တည်းခိုခန်းတွေကို ရှောင်တခင်ဝင် စစ်ဆေးပြီးနေ့စဉ်တည်းခိုသူစာရင်းတွေ မဖြစ်မနေပေးဖို့ ဖိအားပေးနေပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ မနေ့ မတ်လ ၉ရက် ညက မီးလောင်မှုကြောင့် နေအိမ် ၆လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။