Connect with us

Hi, what are you looking for?

သတင်း

ဒေါငံခါးရွာတိုက်ပွဲစစ်​ကောင်စီတပ် ၂ ဦး​သေ၊ DMO-PDF တစ်ဦးကျဆုံး

“မိုင်းသံကြားလို့ သွာထောက်လှမ်းတဲ့ကင်းထောက်အဖွဲ့နဲ့ တိုက်ပွဲဖြစ်ခဲ့တာ”ဟုDMO PDFတာဝန်ရှိသူက လူထုနွေဦးသို့ ပြော သည်။

(ကျဆုံးခဲ့​သော ဦး​အေရစ်ဈာပနပြုလုပ်​နေစဥ်။ ဓါတ်ပုံ-DMO-PDF)
(ကျဆုံးခဲ့​သော ဦး​အေရစ်ဈာပနပြုလုပ်​နေစဥ်။ ဓါတ်ပုံ-DMO-PDF)

ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးကျေးရွာတိုက်ပွဲ၌စစ်ကောင်စီတပ်ဘက်မှနှစ်ဦးသေဆုံးကာရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဒီးမော့ဆို(DMO PDF)က ယနေ့(သြဂုတ် ၂၄ ရက်)တွင်ထုတ်ပြန်သည်။

ယမန်နေ့ (ဩဂုတ် ၂၃ ရက်)မွန်းလွှဲ ၂ နာရီခန့်ကဒေါငံခါးသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့မှာ(DMO PDF) ထောင်ထားသည့်(၁၈)မိုင်း ၃ လုံးနင်းမိ၍ အနည်းဆုံး ၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟုသိရသည်။

ထို့နောက် စစ်ကောင်စီတပ်ဖွဲ့ကိုကင်းထောက်သွားရောက်သည့် DMO PDF၊ အလယ်ပိုင်းတိုင်း ၁၁၀၂ ပူးပေါင်းတပ်ဖွဲ့နှင့် စစ်​ကောင်စီတပ် တို့ မွန်းလွဲ ၂ နာရီခွဲ ခန့်၌တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement
Public Service Announcement

“မိုင်းသံကြားလို့ သွာထောက်လှမ်းတဲ့ကင်းထောက်အဖွဲ့နဲ့ တိုက်ပွဲဖြစ်ခဲ့တာ”ဟုDMO PDFတာဝန်ရှိသူက လူထုနွေဦးသို့ ပြော သည်။

Public Service Announcement

Public Service Announcement

မိနစ် ၃၀ ခန့်ကြာ တိုက်ပွဲ၌ စစ်ကောင်စီ တပ် သား ၂ ဦး သေဆုံးခဲ့ကာ DMO PDF တပ်ရင်း K မှ အသက် ၄၅ နှစ်အရွယ်ရဲဘော်ဦးအေရစ်ကို မှာ လက်နက်ကြီးထိမှန်၍ ကျဆုံးခဲ့သည်။

ကျဆုံးခဲ့သော ရဲဘော် ဦးအေရစ်ကို၏ စျာပနကိုယနေ့ပြုလုပ်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ယခုလ တတိယအပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဖရူဆိုမြို့နှင့် လွိုင် ကော်မြို့နယ်တို့မှတစ်ဆင့် ဒီးမော့ဆိုမြို့နယ်သို့တပ်အင်အားဖြည့်တင်းကာအပြင်းအထန်စစ် ကြောင်းထိုးလာ​နေသည်။

ဆက်စပ်သတင်းများ

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။