Connect with us

Hi, what are you looking for?

သတင်း

ဒေါငံခါးရွာတိုက်ပွဲစစ်​ကောင်စီတပ် ၂ ဦး​သေ၊ DMO-PDF တစ်ဦးကျဆုံး

“မိုင်းသံကြားလို့ သွာထောက်လှမ်းတဲ့ကင်းထောက်အဖွဲ့နဲ့ တိုက်ပွဲဖြစ်ခဲ့တာ”ဟုDMO PDFတာဝန်ရှိသူက လူထုနွေဦးသို့ ပြော သည်။

(ကျဆုံးခဲ့​သော ဦး​အေရစ်ဈာပနပြုလုပ်​နေစဥ်။ ဓါတ်ပုံ-DMO-PDF)
(ကျဆုံးခဲ့​သော ဦး​အေရစ်ဈာပနပြုလုပ်​နေစဥ်။ ဓါတ်ပုံ-DMO-PDF)

ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးကျေးရွာတိုက်ပွဲ၌စစ်ကောင်စီတပ်ဘက်မှနှစ်ဦးသေဆုံးကာရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဒီးမော့ဆို(DMO PDF)က ယနေ့(သြဂုတ် ၂၄ ရက်)တွင်ထုတ်ပြန်သည်။

ယမန်နေ့ (ဩဂုတ် ၂၃ ရက်)မွန်းလွှဲ ၂ နာရီခန့်ကဒေါငံခါးသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့မှာ(DMO PDF) ထောင်ထားသည့်(၁၈)မိုင်း ၃ လုံးနင်းမိ၍ အနည်းဆုံး ၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟုသိရသည်။

ထို့နောက် စစ်ကောင်စီတပ်ဖွဲ့ကိုကင်းထောက်သွားရောက်သည့် DMO PDF၊ အလယ်ပိုင်းတိုင်း ၁၁၀၂ ပူးပေါင်းတပ်ဖွဲ့နှင့် စစ်​ကောင်စီတပ် တို့ မွန်းလွဲ ၂ နာရီခွဲ ခန့်၌တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement
Public Service Announcement

“မိုင်းသံကြားလို့ သွာထောက်လှမ်းတဲ့ကင်းထောက်အဖွဲ့နဲ့ တိုက်ပွဲဖြစ်ခဲ့တာ”ဟုDMO PDFတာဝန်ရှိသူက လူထုနွေဦးသို့ ပြော သည်။

Public Service Announcement

Public Service Announcement

မိနစ် ၃၀ ခန့်ကြာ တိုက်ပွဲ၌ စစ်ကောင်စီ တပ် သား ၂ ဦး သေဆုံးခဲ့ကာ DMO PDF တပ်ရင်း K မှ အသက် ၄၅ နှစ်အရွယ်ရဲဘော်ဦးအေရစ်ကို မှာ လက်နက်ကြီးထိမှန်၍ ကျဆုံးခဲ့သည်။

ကျဆုံးခဲ့သော ရဲဘော် ဦးအေရစ်ကို၏ စျာပနကိုယနေ့ပြုလုပ်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ယခုလ တတိယအပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဖရူဆိုမြို့နှင့် လွိုင် ကော်မြို့နယ်တို့မှတစ်ဆင့် ဒီးမော့ဆိုမြို့နယ်သို့တပ်အင်အားဖြည့်တင်းကာအပြင်းအထန်စစ် ကြောင်းထိုးလာ​နေသည်။

ဆက်စပ်သတင်းများ

သတင်း

အင်းတော်-ဝန်းသိုလမ်းပိုင်းမှာ​ အောက်တိုဘာ ၂၉ ရက်​နေ့ကဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်တပ်ကသေဆုံးထိခိုက်သူများပြီးပြန်ဆုတ်​ပြေးသွားရကာ PDF ​တွေကလက်နက်ခဲယမ်း အများအပြားသိမ်းဆည်းနိုင်ခဲ့ပါတယ်။

သတင်း

စစ်ကြောင်းမှူးဒဏ်ရာရပြီး စစ်တပ်စစ်ကြောင်းပျက် ဆုတ်ခွာထွက်ပြေးသွား

သတင်း

ဗန်းမော်မြို့အနီးမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပူးပေါင်းတပ်တွေက စစ်ရေးအရှိန်မြှင့်ထားစဉ် မိုးမိတ်မြို့အနီးမှာလည်း တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စစ်တပ်ရဲ့ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၂၁)ရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မိုးစိန်းကျွန်းကို သိမ်းပိုက်နိုင်ဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနရဲ့ အောက်တိုဘာ ၂၈ရက် သတင်းဖော်ပြပါတယ်။