Connect with us

Hi, what are you looking for?

သတင်း

ဘောလခဲမြို့ရှိ စစ်ကောင်စီတပ်ရင်းများ သောက်သုံးရေအဓိကအားထားရသည့် ရေစုပ်စက်ကို PDF ဖျက်ဆီး

စစ်ကောင်စီဘက်က လက်နက်ကြီး၊လက်နက်ငယ်တို့ဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာလာနိုင်ခဲ့ကြောင်း BPDF က ပြောသည်။

စစ်ကောင်စီကို တိုက်ခိုက်ပြီးနောက် ဆုတ်ခွာလာခဲ့သော BPDF တပ်ဖွဲ့ဝင်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - BPDF
စစ်ကောင်စီကို တိုက်ခိုက်ပြီးနောက် ဆုတ်ခွာလာခဲ့သော BPDF တပ်ဖွဲ့ဝင်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - BPDF

ကရင်နီ(ကယား)ပြည်နယ်၊ ဘောလခဲမြို့ရှိ စစ်ကောင်စီတပ်၏ စစ်ဗျူဟာတပ်ရင်း​၏ ရေစုပ်စက်မော်တာကို လက်နက်ကြီးဖြင့် ပစ်ခတ်ဖျက်ဆီးခဲ့ကြောင်း ဘောလခဲပြည်သူ့ကာကွယ်ရေးတပ် (BPDF)က ယနေ့(သြဂုတ် ၂၅ ရက်) ထုတ်ပြန်သည်။

ယခုလ ၂၂ ရက် နံနက် ၉ နာရီခန့်ကဖျက်ဆီးခဲ့သည့် စစ်ဗျူဟာတပ်ရင်း၏ ရေစုပ်စက်မော်တာသည် ဘောလခဲ မြို့ရှိ စစ်ကောင်စီတပ်ရင်းများအတွက် သောက်သုံးရေ အဓိကအားထားနေရသည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် ရေစုပ်စက်မော်တာအနီးရှိ လုံခြုံရေးယူပေးလျက်ရှိသော စစ်ကောင်စီတပ်သားတစ်ဦးကိုလည်း စနိုက်ပါ(Sniper)ဖြင့် ပစ်ခတ်ရှင်းလင်းရာသေဆုံးခဲ့ကြောင်း ဖော်ပြသည်။

စစ်ကောင်စီဘက်က လက်နက်ကြီး၊လက်နက်ငယ်တို့ဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာလာနိုင်ခဲ့ကြောင်း BPDF က ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုဖြစ်စဥ်တွင် စစ်ကောင်စီဘက်က ရေစုပ်စက်မော်တာကြီး တစ်လုံး ပျက်စီးဆုံးရှုံးခြင်း၊စစ်ကောင်စီတပ်သားဦးသေဆုံးခြင်းနှင့်အခြား ထိခိုက်ဒဏ်ရာရရှိမှုများစွာလည်းဖြစ်စေခဲ့သည်ဟု ဆိုသည်။

ဘောလခဲပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် သက်ဆိုင်သော နေရာများနှင့် စစ်ကောင်စီတပ်များအခြေစိုက်လျက်ရှိသော နေရာဝန်းကျင်များအား ရှောင်ကျဉ်သွားလာပေးရန် BPDFက တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။