Connect with us

Hi, what are you looking for?

News

ဖာပွန်ဒေသတွင် သုံးပတ်အတွင်းပစ်ခတ်မှု ၈၀ကျော်ဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ၅၀ကျော်သေဟု KNU ထုတ်ပြန်

KNU မူတြော်ခရိုင်အတွင်း ပြည်သူလူထုများ ထွက်ပြေးတိမ်းရှောင်သောနေရာများကို အကြမ်းဖက်စစ်အုပ်စုအဖွဲ့မှ လေယာဥ်ဖြင့် လာရောက်ရှာဖွေထောက်လှမ်းသည်သာမက ပြည်သူလူထုများ ထွက်ပြေးတိမ်းရှောင်သောနေရာများနှင့် လုပ်ငန်းခွင်များအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၅) နယ်မြေ ဖာပွန်(မူတြော်)ခရိုင်အတွင်း၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ရာ ဩဂုတ် ၁ရက်မှ ၂၀ရက်အတွင်း ပစ်ခတ်မှု အကြိမ် ၈၀ကျော်ရှိပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅၀ကျော်သေဆုံးခဲ့ကြောင်း KNUဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန၏ ထုတ်ပြန်သည်။

ဖာပွန်ခရိုင်းအတွင်း ဩဂုတ် ၁ရက်နှင့် ၁၅ရက်အထိ ပစ်ခတ်မှုများကို ထုတ်ပြန်ခဲ့ရာ ပစ်ခတ်မှု ၅၆ကြိမ် ဖြစ်ပွားပြီး အကြမ်းဖက်စစ်အုပ်စုအဖွဲ့မှ ၃၄ဦးသေဆုံးကာ တပ်ရင်းမှူးအပါအဝင် ၁၅ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။ ထို့နောက် ဩဂုတ် ၁၇ရက်မှ ၂၀ရက်အထိ စစ်ရေးအခြေအနေကို ထပ်မံ ထုတ်ပြန်ရာ အဆိုပါ ၄ရက်အတွင်း ပစ်ခတ်မှု အကြိမ် ၃၀ ဖြစ်ကာ အကြမ်းဖက်စစ်အုပ်စုဘက်မှ ၂၀ဦး သေဆုံးပြီး ၃ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။ ထို့ကြောင့် ယခုလရက်ပေါင်း ၂၀ အတွင်း ပစ်ခတ်မှု (၈၆) ကြိမ်နှင့် စစ်ကောင်စီတပ်မှ သေဆုံးသူ ၅၄ဦးရှိသည်။

KNU မူတြော်ခရိုင်အတွင်း ပြည်သူလူထုများ ထွက်ပြေးတိမ်းရှောင်သောနေရာများကို အကြမ်းဖက်စစ်အုပ်စုအဖွဲ့မှ လေယာဥ်ဖြင့် လာရောက်ရှာဖွေထောက်လှမ်းသည်သာမက ပြည်သူလူထုများ ထွက်ပြေးတိမ်းရှောင်သောနေရာများနှင့် လုပ်ငန်းခွင်များအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

အကြမ်းဖက်စစ်အုပ်စုတို့သည် KNU ထိန်းချုပ်နယ်မြေအတွင်းသို့ တပ်အင်အားတိုးချဲ့ချထားပြီး စစ်မျက်နှာ ဖွင့်လှစ်ခဲ့သဖြင့်KNU၏ လက်နက်ကိုင်တပ်ဖွဲ့များဖြစ်သော KNLA နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တို့မှ ပြန်လည်ခုခံတိုက်ခိုက်ချေမှုန်းခဲ့ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။ ပစ်ခတ်မှုများအတွင်း KNU တပ်ဖွဲ့ဝင်အချို့လည်း ထိခိုဒဏ်ရာရမှုရှိခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

KNU တပ်မဟာ(၅)ဒေသသာမက တပ်မဟာ(၁) နယ်မြေ KNUဒူးသထူ(သထုံ)ခရိုင်နှင့် တပ်မဟာ(၂) နယ်မြေ KNUတောင်ငူခရိုင်၊ တပ်မဟာ(၃)နယ်မြေ KNU ညောင်လေးပင်ခရိုင် တို့တွင်ည်း အကြမ်းဖက်စစ်အုပ်စုဘက်မှ စစ်ရေးလှုပ်ရှားမှုပြုလုပ်သောကြောင့် ပစ်ခတ်မှုများ မကြာခဏဖြစ်ပွားလျက်ရှိသည်ဟု KNU ဗဟိုသတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ကမမောင်းမြို့ကနေ ဖာပွန်ဒေသဆီစစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်ဆင်ရေးကာလလေးလကျော်လာတဲ့အထိဖာပွန်ဆီမရောက်နိုင်ဘဲအထိအခိုက်အကျအဆုံးများနေတယ်လို့ KNU တပ်မဟာ (၅) ၊ မူတြော်( ဖာပွန်) ခရိုင်က ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။