Connect with us

Hi, what are you looking for?

News

ဖာပွန်ဒေသတွင် သုံးပတ်အတွင်းပစ်ခတ်မှု ၈၀ကျော်ဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ၅၀ကျော်သေဟု KNU ထုတ်ပြန်

KNU မူတြော်ခရိုင်အတွင်း ပြည်သူလူထုများ ထွက်ပြေးတိမ်းရှောင်သောနေရာများကို အကြမ်းဖက်စစ်အုပ်စုအဖွဲ့မှ လေယာဥ်ဖြင့် လာရောက်ရှာဖွေထောက်လှမ်းသည်သာမက ပြည်သူလူထုများ ထွက်ပြေးတိမ်းရှောင်သောနေရာများနှင့် လုပ်ငန်းခွင်များအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၅) နယ်မြေ ဖာပွန်(မူတြော်)ခရိုင်အတွင်း၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ရာ ဩဂုတ် ၁ရက်မှ ၂၀ရက်အတွင်း ပစ်ခတ်မှု အကြိမ် ၈၀ကျော်ရှိပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅၀ကျော်သေဆုံးခဲ့ကြောင်း KNUဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန၏ ထုတ်ပြန်သည်။

ဖာပွန်ခရိုင်းအတွင်း ဩဂုတ် ၁ရက်နှင့် ၁၅ရက်အထိ ပစ်ခတ်မှုများကို ထုတ်ပြန်ခဲ့ရာ ပစ်ခတ်မှု ၅၆ကြိမ် ဖြစ်ပွားပြီး အကြမ်းဖက်စစ်အုပ်စုအဖွဲ့မှ ၃၄ဦးသေဆုံးကာ တပ်ရင်းမှူးအပါအဝင် ၁၅ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။ ထို့နောက် ဩဂုတ် ၁၇ရက်မှ ၂၀ရက်အထိ စစ်ရေးအခြေအနေကို ထပ်မံ ထုတ်ပြန်ရာ အဆိုပါ ၄ရက်အတွင်း ပစ်ခတ်မှု အကြိမ် ၃၀ ဖြစ်ကာ အကြမ်းဖက်စစ်အုပ်စုဘက်မှ ၂၀ဦး သေဆုံးပြီး ၃ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။ ထို့ကြောင့် ယခုလရက်ပေါင်း ၂၀ အတွင်း ပစ်ခတ်မှု (၈၆) ကြိမ်နှင့် စစ်ကောင်စီတပ်မှ သေဆုံးသူ ၅၄ဦးရှိသည်။

KNU မူတြော်ခရိုင်အတွင်း ပြည်သူလူထုများ ထွက်ပြေးတိမ်းရှောင်သောနေရာများကို အကြမ်းဖက်စစ်အုပ်စုအဖွဲ့မှ လေယာဥ်ဖြင့် လာရောက်ရှာဖွေထောက်လှမ်းသည်သာမက ပြည်သူလူထုများ ထွက်ပြေးတိမ်းရှောင်သောနေရာများနှင့် လုပ်ငန်းခွင်များအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

အကြမ်းဖက်စစ်အုပ်စုတို့သည် KNU ထိန်းချုပ်နယ်မြေအတွင်းသို့ တပ်အင်အားတိုးချဲ့ချထားပြီး စစ်မျက်နှာ ဖွင့်လှစ်ခဲ့သဖြင့်KNU၏ လက်နက်ကိုင်တပ်ဖွဲ့များဖြစ်သော KNLA နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တို့မှ ပြန်လည်ခုခံတိုက်ခိုက်ချေမှုန်းခဲ့ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။ ပစ်ခတ်မှုများအတွင်း KNU တပ်ဖွဲ့ဝင်အချို့လည်း ထိခိုဒဏ်ရာရမှုရှိခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

KNU တပ်မဟာ(၅)ဒေသသာမက တပ်မဟာ(၁) နယ်မြေ KNUဒူးသထူ(သထုံ)ခရိုင်နှင့် တပ်မဟာ(၂) နယ်မြေ KNUတောင်ငူခရိုင်၊ တပ်မဟာ(၃)နယ်မြေ KNU ညောင်လေးပင်ခရိုင် တို့တွင်ည်း အကြမ်းဖက်စစ်အုပ်စုဘက်မှ စစ်ရေးလှုပ်ရှားမှုပြုလုပ်သောကြောင့် ပစ်ခတ်မှုများ မကြာခဏဖြစ်ပွားလျက်ရှိသည်ဟု KNU ဗဟိုသတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ထားဝယ်မြို့နယ် ၊မောင်မယ်ရှောင်ရွာအနီးစစ်ကောင်စီစခန်းသိမ်းပိုက်မှု စစ်သုံ့ပန်း ၁၅ဦးဖမ်းမိပြီးလက်နက်မျိုးစုံ၁၈လက် သိမ်းပိုက်ရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်သည်။

သတင်း

ကရင်ပြည်နယ်မြို့တော် ၊ ဘားအံမြို့ ၊ သံလွင်မြစ်အနောက်ကမ်းမှာ ဧပြီလ တတိယပတ်အတွင်း စစ်ကောင်စီတပ်က အင်အားအများအပြားစေလွှတ်ပြီး နေရာယူတပ်စွဲတာတွေရှိလာတယ်လို့ ကရင်စစ်ဘက် နဲ့အရပ်ဘက် သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းကျေးရွာ သုံးရွာကို စစ်ကောင်စီက ယမန်နေ့ ညနေပိုင်းတွင် လေကြောင်းမှ ဗုံးအလုံး ၄၀နီးပါး ကြဲချသောကြောင့် အရပ်သားလေးဦးသေဆုံးခဲ့သလို ယနေ့(ဧပြီ၂၇ရက်) နံနက်ပိုင်းတွင်လည်း လေကြောင်းမှထပ်မံ ဗုံးကြဲနေသည်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နှင့် ဖားကန့်မြို့နယ် တို့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား ယနေ့ ဧပြီ ၂၇ရက်တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။