Connect with us

Hi, what are you looking for?

သတင်း

နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ကွမ်းခြံကုန်း တော်ကူးရဲစခန်းအနီးစစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်

သြဂုတ် ၂၅ ရက်ကလည်း ရန်ကုန်တောင်ပိုင်းခရိုင် တွံတေးမြို့ပေါ်မီးသတ်ရုံး၌ တပ်စွဲထားသော အင်အား (၂၀)ခန့်ရှိ စစ်ကောင်စီတပ်အား SOF တပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သားသုံးဦးသေဆုံးခဲ့သည်။

(တောင်ပိုင်းစစ်ဒေသခွဲအထူးစစ်ဆင်ရေးတပ်ဖွဲ့(S.O.F)ဝင်များကို​တွေ့ရစဥ် ။ ။ဓါတ်ပုံ-SOF)
(တောင်ပိုင်းစစ်ဒေသခွဲအထူးစစ်ဆင်ရေးတပ်ဖွဲ့(S.O.F)ဝင်များကို​တွေ့ရစဥ် ။ ။ဓါတ်ပုံ-SOF)

နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ကွမ်းခြံကုန်းမြို့နယ် တော်ကူးရဲစခန်းအနီး စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ယာဥ်နှင့်လူ ထိခိုက်မှုရှိခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသခွဲအထူးစစ်ဆင်ရေးတပ်ဖွဲ့(S.O.F)က ယ နေ့(သြဂုတ် ၂၇)တွင် ထုတ်ပြန်သည်။

ယနေ့နံနက် ၈ နာရီခွဲခန့်က ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် တော်ကူးရဲစခန်းအနီး၊ လက်ခုပ်ကုန်းကျေးရွာအုန်းပင်စိုက်ပွဲသို့လာသော စစ်ကောင်စီလက်အောက်ခံ မြို့နယ်ကောင်စီဝင်များနှင့် အုပ်ချုပ်ရေးမှူးများ၊ စစ်သားနှင့် ရဲများလိုက်ပါလာသည့်ယာဥ်တန်းကို ရှေ့ထွက်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြ သည်။

Public Service Announcement
Public Service Announcement

“ယာဥ်တန်းအား ရှေ့ထွက်မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက် ခိုက်ခဲ့ရာ၊ ရန်သူလက်အောက်ခံဘက်တော်သားများ ထိခိုက်ဒဏ်ရာရရှိမှူများပြားပြီး ယာဥ်များပါ ထိခိုက်ပျက်စီးခဲ့ကြောင်းသိရသည်”ဟု အထူးစစ်ဆင်ရေးတပ် ဖွဲ့(S.O.F)က အသိ​ပေးသည်။

၎င်းတိုက်ခိုက်မှုသည် တောင်ပိုင်းစစ်ဒေသ၏ နန်းထိုက်အောင် မြို့ပြစစ်ဆင်ရေးစီမံချက် အကောင်အထည်ဖော်မှုဖြစ်ပြီး စစ်ဆင်ရေးအား ရန်ကုန်စစ်ဆင်ရေးဧရိယာ ( ၆ )အခြေပြု S.O.F Squad – 7 (EAGLE SQUAD) မှ တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

သြဂုတ် ၂၅ ရက်ကလည်း ရန်ကုန်တောင်ပိုင်းခရိုင် တွံတေးမြို့ပေါ်မီးသတ်ရုံး၌ တပ်စွဲထားသော အင်အား (၂၀)ခန့်ရှိ စစ်ကောင်စီတပ်အား SOF တပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သားသုံးဦးသေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်က စစ်ဆင်ရေးအတွင်းမှာ အာဏာသိမ်းစစ်တပ်ထံက လက်နက်ခဲယမ်းတွေ သိမ်းရထားတယ်လို့ ဂန့်ဂေါခရိုင်စစ်ရေးတာ၀န်ရှိသူက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။