နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ကွမ်းခြံကုန်းမြို့နယ် တော်ကူးရဲစခန်းအနီး စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ယာဥ်နှင့်လူ ထိခိုက်မှုရှိခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသခွဲအထူးစစ်ဆင်ရေးတပ်ဖွဲ့(S.O.F)က ယ နေ့(သြဂုတ် ၂၇)တွင် ထုတ်ပြန်သည်။
ယနေ့နံနက် ၈ နာရီခွဲခန့်က ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် တော်ကူးရဲစခန်းအနီး၊ လက်ခုပ်ကုန်းကျေးရွာအုန်းပင်စိုက်ပွဲသို့လာသော စစ်ကောင်စီလက်အောက်ခံ မြို့နယ်ကောင်စီဝင်များနှင့် အုပ်ချုပ်ရေးမှူးများ၊ စစ်သားနှင့် ရဲများလိုက်ပါလာသည့်ယာဥ်တန်းကို ရှေ့ထွက်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြ သည်။
“ယာဥ်တန်းအား ရှေ့ထွက်မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက် ခိုက်ခဲ့ရာ၊ ရန်သူလက်အောက်ခံဘက်တော်သားများ ထိခိုက်ဒဏ်ရာရရှိမှူများပြားပြီး ယာဥ်များပါ ထိခိုက်ပျက်စီးခဲ့ကြောင်းသိရသည်”ဟု အထူးစစ်ဆင်ရေးတပ် ဖွဲ့(S.O.F)က အသိပေးသည်။
၎င်းတိုက်ခိုက်မှုသည် တောင်ပိုင်းစစ်ဒေသ၏ နန်းထိုက်အောင် မြို့ပြစစ်ဆင်ရေးစီမံချက် အကောင်အထည်ဖော်မှုဖြစ်ပြီး စစ်ဆင်ရေးအား ရန်ကုန်စစ်ဆင်ရေးဧရိယာ ( ၆ )အခြေပြု S.O.F Squad – 7 (EAGLE SQUAD) မှ တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းဖော်ပြထားသည်။
သြဂုတ် ၂၅ ရက်ကလည်း ရန်ကုန်တောင်ပိုင်းခရိုင် တွံတေးမြို့ပေါ်မီးသတ်ရုံး၌ တပ်စွဲထားသော အင်အား (၂၀)ခန့်ရှိ စစ်ကောင်စီတပ်အား SOF တပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သားသုံးဦးသေဆုံးခဲ့သည်။