Connect with us

Hi, what are you looking for?

သတင်း

ကနီတွင် စစ်ကောင်စီတပ်က အမျိုးသားငါးဦးကို သတ်ဖြတ်သွား

စစ်ကောင်စီတပ် စစ်ကြောင်းထိုးရာ ကျေးရွာများ၌ မိုးရွာသွန်းလျက်ရှိပြီး ကျေးရွာအုပ်စု(၆)စုမှ ဒေသခံပြည်သူ နှစ်သောင်းကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ် သတ်ဖြတ်သွားသော ရုပ်အလောင်းများနှင့် မီးရှိ့ဖျက်ဆီးသွားသောယာဥ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-PAN(Kani)
စစ်ကောင်စီတပ် သတ်ဖြတ်သွားသော ရုပ်အလောင်းများနှင့် မီးရှိ့ဖျက်ဆီးသွားသောယာဥ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-PAN(Kani)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမကျေးရွာကို စစ်ကောင်စီတပ် ဝင်ရောက် လာပြီးနောက် အမျိုးသား ငါးဦးအား သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (သြဂုတ် ၂၆ ရက်)က စစ်ကောင်စီတပ်သည် ကနီမြို့နယ်၊ မုံရွာ-ယာကြီး-ကလေးဝ ကားလမ်းဘေးရှိ ချောင်းမရွာကိုဝင်ရောက်ကာ ဒေသခံအမျိုးသား ငါးဦးကို သတ်ဖြတ်သွားခဲ့ပြီး အခြားသတ်ဖြတ်ခံရသူများလည်း ရှိနိုင်သေးကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ် သတ်ဖြတ်သွားသော ရုပ်အလောင်းများနှင့် မီးရှိ့ဖျက်ဆီးသွားသောယာဥ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-PAN(Kani)
စစ်ကောင်စီတပ် သတ်ဖြတ်သွားသော ရုပ်အလောင်းများနှင့် မီးရှိ့ဖျက်ဆီးသွားသောယာဥ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-PAN(Kani)

အဆိုပါ အမျိုးသားငါးဦး၏ ရုပ်အလောင်းများကို ချောင်းမ-ကနီ လမ်းခွဲ အနောက်ဘက်တွင် တွေ့ရှိခဲ့ပြီး မည်သူမည်ဝါကိုမူ အတည်မပြုနိုင်သေးဟု နယ်ခံတစ်ဦးက ဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် မုံရွာ-ယာကြီး-ကလေးဝလမ်းတွင် ခရီးသွား ကား (၄)စီး ၊ဆိုင်ကယ် (၂)စီး ကို မီးရှိုဖျက်ဆီးထားခဲ့​ကြောင်း ဒေသခံတို့က ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ် သတ်ဖြတ်သွားသော ရုပ်အလောင်းများနှင့် မီးရှိ့ဖျက်ဆီးသွားသောယာဥ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-PAN(Kani)
စစ်ကောင်စီတပ် သတ်ဖြတ်သွားသော ရုပ်အလောင်းများနှင့် မီးရှိ့ဖျက်ဆီးသွားသောယာဥ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-PAN(Kani)

ယနေ့ နံနက်တွင် ချောင်းမရွာမှ စစ်ကောင်စီတပ်သည် ချောင်းမ-ကနီ လမ်းဘေးရှိ သင့်ဝင်၊ မင်းမ၊ သမင်ခြံရွာများအနီး နှစ်စုခွဲကာ ထိုးစစ်ဆင်နေပြီး ပစ်ခတ်နေသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးရာ ကျေးရွာများ၌ မိုးရွာသွန်းလျက်ရှိပြီး ကျေးရွာအုပ်စု(၆)စုမှ ဒေသခံပြည်သူ နှစ်သောင်းကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းတိုင်းရင်းသား ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦးကို အာဏာသိမ်း မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း Burma Research Institute (BRI)က ပြောဆိုခဲ့ပြီး စစ်တပ်ရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့ မြန်မာ ခရစ်ယာန် အသိုက်အဝန်းကို ကူညီ ကာကွယ်ပေးဖို့ အမေရိကန် အစိုးရကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

Facebook