Connect with us

Hi, what are you looking for?

သတင်း

မှတ်ပုံတင်ကြည့်ပြီး အလုပ်ထုတ်၊ အလုပ်မခန့်တဲ့ အလုပ်ရှင်တွေကိုအရေးယူမယ်လို့ NUG သတိပေး

စစ်ကိုင်း၊မကွေးနဲ့မန္တလေးတိုင်းအပါအဝင် ပြည်နယ်အချို့က အလုပ်သမားတွေကို ကိုင်ဆောင်ထားတဲ့ မှတ်ပုံတင် ကိုအခြေခံပြီး စစ်ကောင်စီနဲ့ အပေါင်းအပါ လုပ်ငန်းရှင်တွေဟာ လူ့အခွင့်အရေးချိုးဖောက်တာတွေလုပ်နေတယ်လို့ NUG ကဆိုထားပါတယ်။

မှတ်ပုံတင်ကြည့်ပြီး အလုပ်ထုတ် ၊အလုပ်မခန့်တဲ့ အလုပ်ရှင်တွေကိုအရေးယူမယ်လို့ NUG သတိပေး
မှတ်ပုံတင်ကြည့်ပြီး အလုပ်ထုတ် ၊အလုပ်မခန့်တဲ့ အလုပ်ရှင်တွေကိုအရေးယူမယ်လို့ NUG သတိပေး

မှတ်ပုံတင်ကိုကြည့်ပြီး အလုပ်ထုတ်တာ၊ အလုပ်မခန့်တာတွေ လုပ်နေတဲ့ အလုပ်ရှင်တွေကို မှတ်တမ်းယူပြီး ထိရောက်တဲ့အရေးယူမှုတွေလုပ်သွားမယ်လို့ NUG အလုပ်သမားဝန်ကြီးဌာနက ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

စစ်ကိုင်း၊မကွေးနဲ့မန္တလေးတိုင်းအပါအဝင် ပြည်နယ်အချို့က အလုပ်သမားတွေကို ကိုင်ဆောင်ထားတဲ့ မှတ်ပုံတင် ကိုအခြေခံပြီး စစ်ကောင်စီနဲ့ အပေါင်းအပါ လုပ်ငန်းရှင်တွေဟာ လူ့အခွင့်အရေးချိုးဖောက်တာတွေလုပ်နေတယ်လို့ NUG ကဆိုထားပါတယ်။

အဲဒီလိုလုပ်ဆောင်ချက်တွေထဲမှာ အလုပ်ထုတ်တာ ၊အလုပ်မခန့်တာ ၊ စစ်ကောင်စီ ခန့်အုပ်ချုပ်ရေးမှူး တွေ နဲ့ပူးပေါင်းပြီး အဆောင်တွေမှာ ဆက်လက်နေထိုင်ခွင့်မရဖို့ ဖိအားပေးတာ စတဲ့ နည်းလမ်းမျိုးစုံနဲ့ဖိနှိပ်မှုတွေ လုပ်နေတယ်လို့ NUG ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်အာဏာရှင်တော်လှန်ရေးမှာ ရဲရဲဝင့်ဝင့် တိုက်ပွဲဝင်နေကြတဲ့ အလုပ်သမားတွေ အပေါ် ခွဲခြားဆက်ဆံပြီး စစ်အာဏာရှင်စနစ်တည်မြဲစေဖို့ ထောက်တိုင်သဖွယ် ကူညီဆောင်ရွက်ပေးနေတဲ့လုပ်ရပ်တွေကို NUG အလုပ်သမားဝန်ကြီးဌာနက ပြင်းပြင်းထန်ထန်ရှုတ်ချထားပါတယ်။

Public Service Announcement

Public Service Announcement

ခွဲခြားဆက်ဆံခံရတဲ့အလုပ်သမားတွေအနေနဲ့ NUG အလုပ်သမားဝန်ကြီးဌာနကို တိုင်ကြားဖို့နဲ့ အလုပ်သမားအခွင့်အရေးချိုးဖောက်နေတဲ့အလုပ်ရှင်တွေကို မှတ်တမ်းယူပြီးထိထိရောက်ရောက်အရေးယူမယ်လို့ NUG အလုပ်သမားဝန်ကြီးဌာနက အသိပေးထားတာတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။