မကွေးတိုင်း၊ မြိုင်နယ်အနောက်မြောက်ပိုင်းရှိ ဝယ်တောင်(မ)ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ယနေ့နံနက်ပိုင်း၌ မီးရှို့ဖျက်ဆီးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများနိုင်ကြောင်း ဒေသခံများက ပြောသည်။
ယနေ့ (သြဂုတ်၂၈ရက်) နံနက် ၇ နာရီခန့်မှစတင် ကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး နံနက် ၁၀ နာရီခွဲခန့်အထိ လောင်ကျွမ်းနေဆဲဖြစ်ကြောင်း We Love Myaing အဖွဲ့က အသိပေးသည်။
“အထိအခိုက်အပျက်အစီး စာရင်းကတော့များလိမ့်မယ်လို့ ခန့်မှန်းရတယ်။”ဟု We Love Myaing အဖွဲ့က ပြောသည်။

မီးရှို့ဖျက်ဆီးသည့် စစ်ကောင်စီတပ်သည် ရွာအရှေ့ပိုင်းသို့ စစ်ကြောင်းထိုးခဲ့ပြီးနောက် မွန်းတည့် ၁၂ နာရီဝန်းကျင်တွင် ဝယ်တောင်(တ)ရွာကို ပြန်လည်ရောက်ရှိနေကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

မြိုင်နယ်အနောက်ပိုင်းသို့ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်သည် သြဂုတ် ၂၂ ရက်မှ ၂၇ ရက်အတွင်း မြိုင်မြို့နယ်၊ ဆူးဝင်းကျေးရွာ၊ သဒွတ်ကျေးရွာ၊ပေါက်ခေါင်းကျေးရွာနှင့် ဝယ်တောင်(တ)ရွာများကို မီးရှို့ဖျက်ဆီးခဲ့သေးသည်။

၎င်းတို့ရန်ကြောင့် မြိုင်နယ်အနောက်ပိုင်းမှ ကျေးရွာ ရှစ်ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရသည်။
ယမန်နေ့ (ဩဂုတ် ၂၇) နံနက် ၁၀နာရီခွဲခန့်က မြိုင်မြို့နယ်၊ ဝယ်တောင်(တ)ရွာမှ မီးရှို့ထွက်ခွာလာသော စစ်ကောင်စီတပ်သည် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။


















































