Connect with us

Hi, what are you looking for?

သတင်း

မြိုင်နယ် ဝယ်တောင်(မြောက်)ရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးနေ

ယနေ့ (သြဂုတ်၂၈ရက်) နံနက် ၇ နာရီခန့်မှစတင် ကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး နံနက် ၁၀ နာရီခွဲခန့်အထိ လောင်ကျွမ်းနေဆဲဖြစ်ကြောင်း We Love Myaing အဖွဲ့က အသိပေးသည်။

ဝယ်တောင်(မြောက်)ရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေသည်ကို တွေ့ရစဥ်၊ဓာတ်ပုံ-We Love Myaing
ဝယ်တောင်(မြောက်)ရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေသည်ကို တွေ့ရစဥ်၊ဓာတ်ပုံ-We Love Myaing

မကွေးတိုင်း၊ မြိုင်နယ်အနောက်မြောက်ပိုင်းရှိ ဝယ်တောင်(မ)ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ယနေ့နံနက်ပိုင်း၌ မီးရှို့ဖျက်ဆီးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများနိုင်ကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (သြဂုတ်၂၈ရက်) နံနက် ၇ နာရီခန့်မှစတင် ကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး နံနက် ၁၀ နာရီခွဲခန့်အထိ လောင်ကျွမ်းနေဆဲဖြစ်ကြောင်း We Love Myaing အဖွဲ့က အသိပေးသည်။

“အထိအခိုက်အပျက်အစီး စာရင်းကတော့များလိမ့်မယ်လို့ ခန့်မှန်းရတယ်။”ဟု We Love Myaing အဖွဲ့က ပြောသည်။

ဝယ်တောင်(မြောက်)ရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေသည်ကို တွေ့ရစဥ်၊ဓာတ်ပုံ-We Love Myaing
ဝယ်တောင်(မြောက်)ရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေသည်ကို တွေ့ရစဥ်၊ဓာတ်ပုံ-We Love Myaing

မီးရှို့ဖျက်ဆီးသည့် စစ်ကောင်စီတပ်သည် ရွာအရှေ့ပိုင်းသို့ စစ်ကြောင်းထိုးခဲ့ပြီးနောက် မွန်းတည့် ၁၂ နာရီဝန်းကျင်တွင် ဝယ်တောင်(တ)ရွာကို ပြန်လည်ရောက်ရှိနေကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

မြိုင်နယ်အနောက်ပိုင်းသို့ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်သည် သြဂုတ် ၂၂ ရက်မှ ၂၇ ရက်အတွင်း မြိုင်မြို့နယ်၊ ဆူးဝင်းကျေးရွာ၊ သဒွတ်ကျေးရွာ၊ပေါက်ခေါင်းကျေးရွာနှင့် ဝယ်တောင်(တ)ရွာများကို မီးရှို့ဖျက်ဆီးခဲ့သေးသည်။

ဝယ်တောင်(မြောက်)ရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေသည်ကို တွေ့ရစဥ်၊ဓာတ်ပုံ-We Love Myaing
ဝယ်တောင်(မြောက်)ရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေသည်ကို တွေ့ရစဥ်၊ဓာတ်ပုံ-We Love Myaing

၎င်းတို့ရန်ကြောင့် မြိုင်နယ်အနောက်ပိုင်းမှ ကျေးရွာ ရှစ်ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရသည်။

ယမန်နေ့ (ဩဂုတ် ၂၇) နံနက် ၁၀နာရီခွဲခန့်က မြိုင်မြို့နယ်၊ ဝယ်တောင်(တ)ရွာမှ မီးရှို့ထွက်ခွာလာသော စစ်ကောင်စီတပ်သည်​ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook