▪︎ “ကျွန်ုပ်တို့၏ နှလုံးသားထက်၌ ရဲဘော်တို့၏ အမည်နာမ ကမ္ဗည်းအက္ခရာတင်၍ ပြည်သူ့လွတ်မြောက်ရေးအတွက် စစ်အာဏာရှင်စနစ်ကို အဆုံးထိတော်လှန်ပါမည်”-ကော်ဘရာစစ်ကြောင်း
စစ်အာဏာရှင်ကို တော်လှန်ရင်း ကျဆုံးခဲ့သည့် ကော်ဘရာ စစ်သည်များအတွက် ရည်ဇူးပြီး ဆုတောင်းမှုနှင့် အလှူဒါနများ ပြုလုပ်ခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ယနေ့ ထုတ်ပြန်သည်။
ဩဂုတ်လ (၂၂)နှင့် (၂၃) ရက်နေ့ တိုက်ပွဲများအတွင်း စစ်အာဏာရှင်ကို တော်လှန်ရင်း နိုင်ငံတော်နှင့် ပြည်သူအတွက် အသက်ပေးလှူခဲ့သော ကော်ဘရာစစ်သည်တော်များအတွက် ရည်စူး၍ ၎င်းတို့၏ ရက်လည်သော နေ့များတွင် ကိုးကွယ် ယုံကြည်ရာ ဘာသာတရား၊ ဓလေ့များအလိုက် ဆုတောင်းမှုများ၊ အလှူဒါနများကို ကျန်ရစ်သော ရဲဘော်ရဲဘက်များက ပြုလုပ်ပေးခဲ့ကြောင်း အသိပေးသည်။


ကော်ဘရာ စစ်ကြောင်းမှူး ဗိုလ်ဒါဘောနှင့် ရဲဘော်ရဲဘက်များ၏ အလှူဒါန ၊ ကုသိုလ်များအား ကျဆုံး ကော်ဘရာစစ်သည်များ နှင့် ကျဆုံး တော်လှန်ရေး ရဲဘော်အပေါင်း အမျှ ရကြပါစေဟုလည်း ထုတ်ပြန်ခဲ့သည်။ကောင်းမွန်သော ဘုံဘဝများ၌ ခံစားစံစားရပါစေဟုလည်း ဆုတောင်းပေးထားသည်။
“ကျွန်ုပ်တို့၏ နှလုံးသားထက်၌ ရဲဘော်တို့၏ အမည်နာမ ကမ္ဗည်းအက္ခရာတင်၍ ပြည်သူ့လွတ်မြောက်ရေးအတွက် စစ်အာဏာရှင်စနစ်ကို အဆုံးထိတော်လှန်ပါမည်” ဟုလည်း ကော်ဘရာ စစ်ကြောင်းကကတိပြု ထားသည်။

Public Service Announcement




ကော်ဘရာစစ်ကြောင်းသည် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆) နယ်မြေအတွင်း၌ စစ်ကောင်စီတပ်ကို အထိနာအောင် တိုက်ခိုက်နေသည့်KNUဦးဆောင်သည့် စစ်ကြောင်းဖြစ်သည်။


















































