Connect with us

Hi, what are you looking for?

သတင်း

KNLA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ ကော်ဘရာ စစ်ကြောင်း၏ ရှေ့တန်းနယ်မြေသို့ သွားရောက်၊ ပစ်ချထားသည့် ရဟတ်ယာဉ်ကို ကြည့်ရှု

​ကော်ဘရာစစ်​ကြောင်း အပါအဝင် ​​တော်လှန်​ရေးတပ်များက ​အောက်တိုဘာ ၁၇ ရက်တွင် စွယ်​တော်ကုန်း ဗျူဟာကုန်းကို သိမ်းပိုက်ပြီး​နောက်ပူး​ပေါင်းတပ်သည် ​အောင်​ဇေယျ စစ်​ကြောင်းကိုထိုးစစ်ဆင်တိုက်ခိုက်​နေသည်။

(KNLA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ ကော်ဘရာ စစ်ကြောင်း၏ ရှေ့တန်းနယ်မြေသို့ သွားရောက်စဥ်။ဓါတ်ပုံ-Saw Kaw)
(KNLA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ ကော်ဘရာ စစ်ကြောင်း၏ ရှေ့တန်းနယ်မြေသို့ သွားရောက်စဥ်။ဓါတ်ပုံ-Saw Kaw)

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲသည် ဗိုလ်ဒါဘောဦးဆောင်သည့်ကော်ဘရာစစ်ကြောင်း၏ ရှေ့တန်း နယ်မြေများသို့ သွားရောက်ခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်း စစ်ကြောင်း(၁) စစ်ကြောင်းမှူး ဗိုလ်စောကော်က မှတ်တမ်းဓာတ်ပုံများနှင့်အတူ အသိပေးထားသည်။

(KNLA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ ကော်ဘရာ စစ်ကြောင်း၏ ရှေ့တန်းနယ်မြေသို့ သွားရောက်စဥ်။ဓါတ်ပုံ-Saw Kaw)
(KNLA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ ကော်ဘရာ စစ်ကြောင်း၏ ရှေ့တန်းနယ်မြေသို့ သွားရောက်စဥ်။ဓါတ်ပုံ-Saw Kaw)

ကော်ဘရာ စစ်ကြောင်း(၁) စစ်ကြောင်းမှူးသည် KNLA ဒုစစ်ဦးစီးချုပ် နှင့် ကော်ဘရာ စစ်ဆင်ရေးမှူးဗိုလ်ဒါဘောတို့ ရှေ့တန်းတစ်နေရာ၌တွေ့ဆုံသည့် ဓာတ်ပုံကို ပြီးခဲ့သည့် ရက်ပိုင်းကဖော်ပြထားသကဲ့သို့ နိုဝင်ဘာ ၃ရက်တွင်လည်း ဒုစစ်ဦးစီးချုပ်က ရှေ့တန်းနယ်မြေ များသို့ ရောက်ရှိခဲ့သည့် မှတ်တမ်းဓာတ်ပုံများကို ဖော်ပြခဲ့သည်။

“ဒုချုပ်က အောင်ဇေယျ ဘယ်မှာလဲ မေးတော့ ဗိုလ်ဘောက ဟူး…..အဝေးကြီးမှာ အဖူးတဲ့” ဟု ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲနှင့် ဗိုလ်ဒါဘောတို့ တွေ့ဆုံသည့် ဓာတ်ပုံဖော်ပြရာတွင်ဗိုလ်စောကော်က ရေးသားခဲ့သည်။

Public Service Announcement

Public Service Announcement

(KNLA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ ကော်ဘရာ စစ်ကြောင်း၏ ရှေ့တန်းနယ်မြေသို့ သွားရောက်စဥ်။ဓါတ်ပုံ-Saw Kaw)
(KNLA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ ကော်ဘရာ စစ်ကြောင်း၏ ရှေ့တန်းနယ်မြေသို့ သွားရောက်စဥ်။ဓါတ်ပုံ-Saw Kaw)

ကော်ဘရာ စစ်ကြောင်းသည် စစ်ကောင်စီတပ် အထိနာစေသည့်တိုက်ပွဲများစွာကိုတိုက်ခိုက်အောင်မြင်ထားပြီး နိုင်ငံတော်အဆင့် စစ်ဆင်ရေး အောင်ဇေယျ အမည်ရှိ စစ်ကောင်စီ စစ်ကြောင်းဖရိုဖရဲဖြစ်အောင် တိုက်ခိုက်ထားသည်။

နိုဝင်ဘာ ၃ ရက်တွင်ဖော်ပြသည့် ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ ရှေ့တန်းစစ်မြေပြင်သို့ ကွင်းဆင်းနေသည့် ဓာတ်ပုံများတွင် ကော်ဘရာ စစ်ကြောင်းအပါအဝင် တော်လှန်ရေး ပူးပေါင်းတပ်ကပစ်ချ၍ ပျက်ကျခဲ့သည့် ရဟတ်ယာဉ်အား ဒုစစ်ဦးစီးချုပ်က ကြည့်ရှုနေသည့် ပုံလည်း ပါရှိသည်။

“တွေ့ကြ ဆုံကြ ပြောကြ ဆိုကြရင်း ရှေ့ကို ဆက်လျှောက်” ဟု ဗိုလ်စောကော်က ဓာတ်ပုံမှတ်တမ်းများ ဖော်ပြရာ၌ ရေးသားထားသည်။

ဒုစစ်ဦးစီးချုပ်က ပျက်ကျရဟတ်ယာဉ်အား ကြည့်ရှု့နေသည့် ဓာတ်ပုံနှင့်ပတ်သက်ပြီး စစ်ကြောင်း(၁) စစ်ကြောင်းမှူး ဗိုလ်စောကော်အား မေးမြန်းရာ “၃၅၅ တုန်းက ပစ်ချထားတဲ့ဟာ” ဟု ပြောပြသည်။

(KNLA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ ကော်ဘရာ စစ်ကြောင်း၏ ရှေ့တန်းနယ်မြေသို့ သွားရောက်စဥ်။ဓါတ်ပုံ-Saw Kaw)
(KNLA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ ကော်ဘရာ စစ်ကြောင်း၏ ရှေ့တန်းနယ်မြေသို့ သွားရောက်စဥ်။ဓါတ်ပုံ-Saw Kaw)

ကော်ဘရာ စစ်ကြောင်းအပါအဝင် တော်လှန်ရေးပူးပေါင်းတပ်သည် ယခု နှစ်ဇန်နဝါရီ လကုန်ပိုင်းတွင် ကရင်ပြည်နယ် မြ၀တီမြို့နယ် သင်္ဃန်းညီနောင် အခြေစိုက် ခမရ(၃၅၅) တပ်ရင်းသို့ လာသည့်စစ်ကောင်စီ ရဟတ်ယာဉ် ၂စီးကို ပစ်ခတ်ခဲ့ရာ ယင်းအနက် Eurocopter ရဟတ်ယာဉ် ထိမှန် ပျက်ကျခဲ့၍တပ်မ(၄၄)တပ်မမှူးအသစ်ဗိုလ်မှူးချုပ် အေးမင်းနောင်အပါအဝင် ၅ဦးထက်မနည်း သေဆုံးခဲ့သည်။ ကော်ဘရာ စစ်ကြောင်း နှင့် တော်လှန်ရေးပူးပေါင်းတပ်သည် မတ်လ ၇ရက်တွင် သင်္ဃန်းညီနောင်ရှိ စစ်ကောင်စီတပ်များကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ခမရ(၃၅၅)၊ ခမရ(၃၅၆)နှင့် ခမရ(၃၅၇) အပါအဝင် သင်္ဃန်းညီနောင် ဗျူဟာ တစ်ခုလုံးကို ရရှိခဲ့ပြီး လက်ရှိအချိန်ထိအဆိုပါနယ်မြေကိုစိုးမိုးထိန်းချုပ်ထားသည်။

(KNLA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ ကော်ဘရာ စစ်ကြောင်း၏ ရှေ့တန်းနယ်မြေသို့ သွားရောက်စဥ်။ဓါတ်ပုံ-Saw Kaw)
(KNLA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ ကော်ဘရာ စစ်ကြောင်း၏ ရှေ့တန်းနယ်မြေသို့ သွားရောက်စဥ်။ဓါတ်ပုံ-Saw Kaw)

ကော်ဘရာစစ်ကြောင်း(၁) စစ်ကြောင်းမှူး ဖော်ပြခဲ့သည့် ဒုစစ်ဦးစီးချုပ်၏ ရှေ့တန်း စစ်မြေပြင်ရောက် ဓာတ်ပုံမှတ်တမ်းများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ သိမ်းရထားသည့် လက်နက်ခဲယမ်းများကို ကြည့်ရှုစစ်ဆေးနေသည့် ဓာတ်ပုံ အချို့လည်း ပါဝင်သည်။

​ကော်ဘရာစစ်​ကြောင်း အပါအဝင် ​​တော်လှန်​ရေးတပ်များက ​အောက်တိုဘာ ၁၇ ရက်တွင် စွယ်​တော်ကုန်း ဗျူဟာကုန်းကို သိမ်းပိုက်ပြီး​နောက်ပူး​ပေါင်းတပ်သည် ​အောင်​ဇေယျ စစ်​ကြောင်းကိုထိုးစစ်ဆင်တိုက်ခိုက်​နေသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂရိနိုင်ငံမှာ တောမီးတွေကို ငြှိမ်းသတ်ဖို့ ကြိုးစားနေတဲ့ လုပ်ငန်းစဉ်မှာ ပါဝင်နေတဲ့ မီးသတ် ရဟတ်ယာဉ် ၂ စီး လေထဲမှာ တိုက်မိရာက ၂ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက ဖလူးဒေသတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က အထိနာလျက်ရှိပြီး အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားနေသလို လက်နက်ခဲယမ်းတွေ သိမ်းရတာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အချို့သော ဖျော်ဖြေရေးလုပ်ငန်းတွေ ဆက်နွယ်မှုရှိတယ်ဆိုတဲ့ မဟုတ်မမှန် ဖော်ပြချက်တွေကို ပြင်းထန်စွာရှုတ်ချကြောင်း KNUက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။