Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမြို့ရှောင်လမ်းရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး သုံးဦးသေဟုဆို

ထို့​ကြောင့် စစ်ကောင်စီတပ်များအနီးတွင် နေထိုင်ခြင်းမပြုရန် ထပ်မံသတိပေးတောင်းဆိုအပ်ကြောင်း BLACK WOLF – PDFက ရေးသားထားသည်။

ဓာတ်ပုံ - Black Wolf
ဓာတ်ပုံ - Black Wolf

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှောင်လမ်းပေါ်တွင် ခရီးသွားပြည်သူများအား ခြိမ်းခြောက်ငွေတောင်းခံနေသော စစ်ကောင်စီတပ်ဖွဲ့အား ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးခဲ့ကြောင်း BLACK WOLF – PDF အဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့နံနက် ၁၁နာရီ ၃၀မိနစ်ခန့်က ရွှေဘိုမြို့ရှောင်လမ်းရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်အား ရွှေဘိုခရိုင် တပ်ရင်း (၅) တပ်ခွဲ -၁ ၊ BLACK WOLF – PDFတို့မှ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးသည်ဟု အတည်ပြုနိုင်ပြီး ပြည်သူ့ရဲဘော်များ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း BLACK WOLF – PDF က အသိပေးသည်။

ရွှေဘို – မန္တလေး မြို့ရှောင်လမ်းပေါ်ရှိ စစ်ကောင်စီတပ်များက ဂိတ်ချ၍ စစ်ဆေးကာ ဖမ်းဆီး ငွေညစ်တောင်းခံလျက်ရှိသည်ဟု သတင်းရရှိခဲ့ကြောင်း၊ ယင်းဖြစ်ရပ်မှန်ကန်ကြောင်းရှိ၊မရှိ စုံစမ်းစစ်ဆေးရာ အမှန်တကယ်ပင် ခြိမ်းခြောက် ၊ စစ်ဆေးငွေညှစ် တောင်းခံနေကြောင်း အတည်ပြုနိုင်ခဲ့၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု BLACK WOLF – PDF၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့သို့တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်များအနီးတွင်ရှိသော အပြစ်မဲ့ ပြည်သူ နှစ်ဦးလည်း ထိခိုက်ခဲ့သည်ဟု ကြားသိရကြောင်း၊ အပြစ်မဲ့ ပြည်သူနှစ်ဦး ထိခိုက်မှုအတွက် အထူးပင်ဝမ်းနည်း​မိကာ အဆိုပါပြည်သူနှစ်ဦးအား တောင်းပန်အပ်ကြောင်း BLACK WOLF – PDFက ဖော်ပြသည်။

“လက်နက်တော့ မရလိုက်ဘူး။ Error တက်သွားလို့။ အတန်တန်သတိပေးထားတဲ့ကြားကပြည်သူတချို့ ထိခိုက်သွားလို့ဘယ်လိုတောင်ပြောရမလဲမသိတော့ပါဘူး။ ပြည်သူတွေများများ clickကြပါလို့ ပြောချင်ပါတယ်။”ဟု BLACK WOLF – PDF တာဝန်ရှိသူက ပြောသည်။

ဒဏ်ရာရသွား​သော ပြည်သူနှစ်ဦးမှာ မပြင်းထန်​ကြောင်းဘည်း ၎င်းက ဆက်​ပြောသည်။

ထို့​ကြောင့် စစ်ကောင်စီတပ်များအနီးတွင် နေထိုင်ခြင်းမပြုရန် ထပ်မံသတိပေးတောင်းဆိုအပ်ကြောင်း BLACK WOLF – PDFက ရေးသားထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ စဥ့်တုံံကျေးရွာအနီးမှာ ရွှေဘိုမြို့နယ်ကို အဓိက ရေပေး​ဝေနေတဲ့ မူးကြီး(တူးမြောင်း) ကျိုးသွားလို့ စပါးခင်းတွေအတွက် ရေအခက်အခဲ ရှိနိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။