Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘိုမြို့နယ်အတွင်းလမ်းပိုင်းသုံးခုကိုည ၈ နာရီမှမနက် ၅ နာရီအတွင်း သွားလာခြင်းမပြုရန်နတ်တောင်နဂါး(ပကဖ)အသိပေး

သတိပေးထုတ်ပြန်ချက်ကို မိဘပြည်သူများမှတသွေမတိမ်း လိုက်နာဆောင်ရွက်ပေးကြပါရန်လည်း နတ်တောင်နဂါတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

(နတ်​​တောင်နဂါး ပကဖ ​ဆပ်ဖွဲ့ဝင်များ)
(နတ်​​တောင်နဂါး ပကဖ ​ဆပ်ဖွဲ့ဝင်များ)

ရွှေဘိုမြို့နယ်အတွင်းရှိ လမ်းပိုင်းသုံးခုကို ည ၈ နာရီမှ မနက် ၅ နာရီအတွင်း ပြည်သူများ သွားလာခြင်းမပြုကြရန် နတ်တောင်နဂါး(ပကဖ)ပြောက်ကျားတပ်ဖွဲ့မှယနေ့(သြဂုတ် ၅)ရက် ညပိုင်းတွင် အသိပေးထုတ်ပြန်သည်။

အဆိုပါလမ်းပိုင်းများမှာ ရွှေဘို့မြို့နယ် တောင်ဘက်ခြမ်းရှိ ရွှေဘို – မန္တလေးလမ်း၊ ဟံလင်း – ဆိုင်နိုင်ကွေ့လမ်းနှင့်ဆိုင်နိုင်ကွေ့. – ကျောက်တိုင်လမ်းပိုင်းများဖြစ်ပြီး ပြည်သူများမှ လုံးဝ(လုံးဝ) အသုံးပြုသွားလာခြင်းမပြုလုပ်ကြရန် အသိပေးကြေညာသည်။

“စကစ စစ်ကြောင်းကကျောက်တိုင်ရွာကနေ့အရှေကိုထွက်ဖို့လုပ်နေတယ်သတင်းရလို့ခုလို့ထုပ်ပြန်တာပါ”ဟု နတ်တောင်နဂါး(ပကဖ)ပြောက်ကျားတပ်ဖွဲ့မှ တော်လှန် ရေးရဲဘော်တစ်ဦးက ပြောသည်။

ဤ သတိပေးထုတ်ပြန်ချက်ကို မိဘပြည်သူများမှတသွေမတိမ်း လိုက်နာဆောင်ရွက်ပေးကြပါရန်လည်း နတ်တောင်နဂါတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

အထက်ပါလမ်းပိုင်းများအား ကန့်သတ်အချိန်များတွင်ပြန်လည်အသုံးပြုနိုင်မည့် အချိန်အား ပြန်လည်အသိပေးသွားမည်ဖြစ်ပြီး ထိုအသိပေးချက် ပြန်လည်မထုတ်ပြန်မချင်း ကန့်သတ်ချက်အားလိုက်နာပေးကြရန် ထပ်မံအသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

Federal Wings၏ ကိုယ်ပိုင်ဒီဇိုင်းအသစ်ဖြင့် ဒရုန်းများ အောင်မြင်စွာ တိုက်ပွဲဝင်နေပြီဖြစ်ကြောင်းလည်း အသိပေး ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီက လက်နက်ကြီးများ ဒရုန်းများဖြင့် အဆမတန်ပစ်ခတ်ခြင်းကြောင့် ပြည်သူများ၏ အိုးအိမ်များလည်း ပျက်စီးနေရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှုများရှိပြီး အသေးစိပ်ကို အတည်မပြုနိုင်သေးကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

သတင်း

တပ်ရင်းအလိုက်ဘက်ပြောင်းလာရေးနှင့်ပတ်သက်ပြီး စစ်ကောင်စီတပ်ရင်းအချို့မှ တာဝန်ရှိသူများနှင့် ဘက်ပြောင်းရေးနှင့်စပ်လျဥ်း၍ ကနဦး ညှိနှိုင်းသဘောတူညီမှုများ ရရှိထားပြီးဟု အသိပေးသည်။