Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းတာကိုဆန့်ကျင်သူ အထက်တန်းပြဆရာကို တရားရုံးမထုတ်ဘဲ စစ်ကောင်စီ ထောင် ၈ နှစ်ချ

ဆရာရန်စိုးပိုင်ဟာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတို့ပါ နှိပ်စက်မှုများကြုံတွေ့ခဲ့ရပြီး လက်ရှိမှာတော့ ကျန်းမာရေးကောင်းမွန်တယ်လို့ သိရပါတယ်။

အာဏာသိမ်းတာကိုဆန့်ကျင်သူ အထက်တန်းပြဆရာကို တရားရုံးမထုတ်ဘဲ စစ်ကောင်စီ ထောင် ၈ နှစ်ချ
အာဏာသိမ်းတာကိုဆန့်ကျင်သူ အထက်တန်းပြဆရာကို တရားရုံးမထုတ်ဘဲ စစ်ကောင်စီ ထောင် ၈ နှစ်ချ

မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်ဟောင်းဖြစ်သူ အထက်တန်းပြဆရာရန်စိုးပိုင်ကို စစ်အုပ်စု ဟာ ဆူပူအောင်လှုံဆော်မှု၊ အကြမ်းဖက်ပုဒ်မတွေ နဲ့ ဒီနေ့မှာ ထောင်ဒဏ် ၈ နှစ်ချလိုက်ပါတယ်။

အမှုတွေအတွက် စွပ်စွဲခံရသူ ဆရာရန်စိုးပိုင်ကို ရုံးထုတ်စစ်ဆေးတာမရှိဘဲ မျက်ကွယ်မှာ ထောင်ချလိုက်တာလို့သိရပါတယ်။

မန္တလေး ၊အိုးဘိုထောင်တွင်းတရားရုံးက ဆူပူအောင်လှုံဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) အတွက် ထောင် ၃ နှစ် ၊ အကြမ်းဖက်ပုဒ်မ ၅၂ (က) အတွက် ထောင် ၅နှစ် စုစုပေါင်း ၈ နှစ်ချလိုက်တာလို့ မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂကထုတ်ပြန်ပါတယ်။

ဆရာရန်စိုးပိုင်ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၃၀ရက်က စစ်အုပ်စုရဲ့ဖမ်းဆီးနှိပ်စက်ခံရပြီး အိုဘိုထောင် ကို ပို့ဆောင်ခံလိုက်ရတာပါ။

Public Service Announcement

Public Service Announcement

ဆရာရန်စိုးပိုင်ဟာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတို့ပါ နှိပ်စက်မှုများကြုံတွေ့ခဲ့ရပြီး လက်ရှိမှာတော့ ကျန်းမာရေးကောင်းမွန်တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။