မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်ဟောင်းဖြစ်သူ အထက်တန်းပြဆရာရန်စိုးပိုင်ကို စစ်အုပ်စု ဟာ ဆူပူအောင်လှုံဆော်မှု၊ အကြမ်းဖက်ပုဒ်မတွေ နဲ့ ဒီနေ့မှာ ထောင်ဒဏ် ၈ နှစ်ချလိုက်ပါတယ်။
အမှုတွေအတွက် စွပ်စွဲခံရသူ ဆရာရန်စိုးပိုင်ကို ရုံးထုတ်စစ်ဆေးတာမရှိဘဲ မျက်ကွယ်မှာ ထောင်ချလိုက်တာလို့သိရပါတယ်။
မန္တလေး ၊အိုးဘိုထောင်တွင်းတရားရုံးက ဆူပူအောင်လှုံဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) အတွက် ထောင် ၃ နှစ် ၊ အကြမ်းဖက်ပုဒ်မ ၅၂ (က) အတွက် ထောင် ၅နှစ် စုစုပေါင်း ၈ နှစ်ချလိုက်တာလို့ မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂကထုတ်ပြန်ပါတယ်။
ဆရာရန်စိုးပိုင်ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၃၀ရက်က စစ်အုပ်စုရဲ့ဖမ်းဆီးနှိပ်စက်ခံရပြီး အိုဘိုထောင် ကို ပို့ဆောင်ခံလိုက်ရတာပါ။
ဆရာရန်စိုးပိုင်ဟာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတို့ပါ နှိပ်စက်မှုများကြုံတွေ့ခဲ့ရပြီး လက်ရှိမှာတော့ ကျန်းမာရေးကောင်းမွန်တယ်လို့ သိရပါတယ်။
