Connect with us

Hi, what are you looking for?

News

ရွာပေါင်းစုံသပိတ်စစ်ကြောင်း၏ စစ်အာဏာရှင်ဖြုတ်ချ​ရေးသပိတ်

ရွာ​ပေါင်းစုံသပိတ်စစ်​ကြောင်းသည် ‘Reject Military to stop inhumanity၊ Recognize NUG to save democracy’ စာသားပါဗီနိုင်းကိုင်ဆောင်ပြီး စစ်အာဏာရှင်အလိုမရှိကြောင်းကို ၁၆၅ရက်​မြောက်အဖြစ် ယ​နေ့ ချီတက်ခဲ့ခြင်းဖြစ်သည်။

ဓါတ်ပုံ - ပြည်သူ့ မီဒီယာကွန်ယက်-မုံရွာ

စစ်ကိုင်းတိုင်း ယင်းမာပင်အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြောက်ခြမ်းတို့ ရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်ဖြုတ်ချ​ရေးအဖြစ် ယ​နေ့တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။

ရွာ​ပေါင်းစုံသပိတ်စစ်​ကြောင်းသည် ‘Reject Military to stop inhumanity၊ Recognize NUG to save democracy’ စာသားပါဗီနိုင်းကိုင်ဆောင်ပြီး စစ်အာဏာရှင်အလိုမရှိကြောင်းကို ၁၆၅ရက်​မြောက်အဖြစ် ယ​နေ့ ချီတက်ခဲ့ခြင်းဖြစ်သည်။

“၁၆၅ ရက်မြောက် စစ်ကိုင်းတိုင်း ယင်းမာပင်အရှေ့ခြမ်း နှင့် ဆားလင်းကြီးမြောက်ခြမ်းတို့ ရွာပေါင်းစုံသပိတ်စစ်ကြောင်းဟာ ယခင်က ကျန်းမာရေး အခြေအနေများကြောင့် လူထုအင်အား လျော့နည်းသွားခဲ့သော်လည်း ယခုအခါ ကျန်းမာရေးအခြေ အနေမှာ ပြန်လည်ကောင်းမွန်လာကြပြီဖြစ်၍ လူထုအင်အားများစွာဖြင့် ပြန်လည်ချီတက်ခဲ့ကြပြီဖြစ်ပါတယ်။

ထိုစစ်ကြောင်းကို မုံရွာမြို့ ပင်မသပိတ်မှ ရဲဘော်များလည်း လာရောက်ပူးပေါင်းပါဝင်ခဲ့ကြပါတယ်”ဟု ပြည်သူ့ မီဒီယာကွန်ယက်-မုံရွာက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းမှာ ပညာရေး Volunteer ကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ မိတ္ထီလာနည်းပညာတက္ကသိုလ်ကျောင်းသားဟောင်း ကိုထက်ကျော် ကွယ်လွန်သွားကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။

Facebook