Connect with us

Hi, what are you looking for?

News

ရွာပေါင်းစုံသပိတ်စစ်ကြောင်း၏ စစ်အာဏာရှင်ဖြုတ်ချ​ရေးသပိတ်

ရွာ​ပေါင်းစုံသပိတ်စစ်​ကြောင်းသည် ‘Reject Military to stop inhumanity၊ Recognize NUG to save democracy’ စာသားပါဗီနိုင်းကိုင်ဆောင်ပြီး စစ်အာဏာရှင်အလိုမရှိကြောင်းကို ၁၆၅ရက်​မြောက်အဖြစ် ယ​နေ့ ချီတက်ခဲ့ခြင်းဖြစ်သည်။

ဓါတ်ပုံ - ပြည်သူ့ မီဒီယာကွန်ယက်-မုံရွာ

စစ်ကိုင်းတိုင်း ယင်းမာပင်အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြောက်ခြမ်းတို့ ရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်ဖြုတ်ချ​ရေးအဖြစ် ယ​နေ့တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။

ရွာ​ပေါင်းစုံသပိတ်စစ်​ကြောင်းသည် ‘Reject Military to stop inhumanity၊ Recognize NUG to save democracy’ စာသားပါဗီနိုင်းကိုင်ဆောင်ပြီး စစ်အာဏာရှင်အလိုမရှိကြောင်းကို ၁၆၅ရက်​မြောက်အဖြစ် ယ​နေ့ ချီတက်ခဲ့ခြင်းဖြစ်သည်။

“၁၆၅ ရက်မြောက် စစ်ကိုင်းတိုင်း ယင်းမာပင်အရှေ့ခြမ်း နှင့် ဆားလင်းကြီးမြောက်ခြမ်းတို့ ရွာပေါင်းစုံသပိတ်စစ်ကြောင်းဟာ ယခင်က ကျန်းမာရေး အခြေအနေများကြောင့် လူထုအင်အား လျော့နည်းသွားခဲ့သော်လည်း ယခုအခါ ကျန်းမာရေးအခြေ အနေမှာ ပြန်လည်ကောင်းမွန်လာကြပြီဖြစ်၍ လူထုအင်အားများစွာဖြင့် ပြန်လည်ချီတက်ခဲ့ကြပြီဖြစ်ပါတယ်။

ထိုစစ်ကြောင်းကို မုံရွာမြို့ ပင်မသပိတ်မှ ရဲဘော်များလည်း လာရောက်ပူးပေါင်းပါဝင်ခဲ့ကြပါတယ်”ဟု ပြည်သူ့ မီဒီယာကွန်ယက်-မုံရွာက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၁၂)မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်နဲ့လေကြောင်းအန္တရာယ်ကာကွယ်ရေး ဟောပြောပွဲ စတဲ့ လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၁၁)မှာ မတရားတဲ့စစ်မှုထမ်းဥပဒေနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြဖို့ ဆန္ဒပြတဲ့ လူထုသပိတ် လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၉)မှာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းရေး လူထုသပိတ် လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့ ​တွေ နဲ့ဒေသခံပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၅)မှာ မတရားတဲ့စစ်မှုထမ်းဥပဒေနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်​ကြောင်းဆန္ဒပြခဲ့ကြပါတယ်။