Connect with us

Hi, what are you looking for?

သတင်း

ဖရူဆိုမြို့နယ် သုံးရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုရှိ

တိုက်ပွဲ ဖြစ်စဥ်များအရ ထီး​ပေါ်ဆိုအုပ်စု၊ ငွေ​တောင် ရွာသစ်​ကျေးရွာတွင် ယခုလ ၃ရက်မှ ၅ရက်အတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲ(၅)ကြိမ် ဖြစ်ပွားခဲ့သည် ဟု ဆိုသည်။

(သုံးရက်တာ တိုက်ပွဲဖြစ်စဥ်မှ ဓာတ်ပုံမှတ်တမ်းများဖြစ်သည်။ဓာတ်ပုံ DMO Local PDF)
(သုံးရက်တာ တိုက်ပွဲဖြစ်စဥ်မှ ဓာတ်ပုံမှတ်တမ်းများဖြစ်သည်။ဓာတ်ပုံ DMO Local PDF)

ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုမြို့နယ်တွင် သုံးရက်ကြာ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများရှိနိုင်ပြီး စစ်ကား တစ်စီး ​မြောင်းထဲထိုးကျပျက်စီးခဲ့ကြောင်း ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို (DMO Local PDF)က ယနေ့ (စက်တင်ဘာ ၆ ရက်) ထုတ်ပြန်သည်။

တိုက်ပွဲ ဖြစ်စဥ်များအရ ထီး​ပေါ်ဆိုအုပ်စု၊ ငွေ​တောင် ရွာသစ်​ကျေးရွာတွင် ယခုလ ၃ရက်မှ ၅ရက်အတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲ(၅)ကြိမ် ဖြစ်ပွားခဲ့သည် ဟု ဆိုသည်။

စက်တင်ဘာ ၃ရက်​က ငွေ​တောင်ရွာသစ်​ကျေးရွာတွင် စစ်​ကောင်စီတပ်ဖွဲ့ယာဥ်တန်းကို ပူး​ပေါင်းတပ်ဖွဲ့မှ နံနက် ၄နာရီအချိန်တွင် သွား​ရောက်တိုက် ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ​စစ်​ကောင်စီတပ်ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ဖော်ပြသည်။

(သုံးရက်တာ တိုက်ပွဲဖြစ်စဥ်မှ ဓာတ်ပုံမှတ်တမ်းများဖြစ်သည်။ဓာတ်ပုံ DMO Local PDF)
(သုံးရက်တာ တိုက်ပွဲဖြစ်စဥ်မှ ဓာတ်ပုံမှတ်တမ်းများဖြစ်သည်။ဓာတ်ပုံ DMO Local PDF)

ထို့နောက် စက်တင်ဘာ ၄ရက်တွင် ​​ငွေ​တောင်ရွာသစ်​ကျေးရွာမှ ဒီးမော့ဆိုမြို့ဘက်သို့ဦးတည်လာ​သော စစ်​ကောင်စီယာဥ်တန်းကို ပူးပေါင်းတပ်ဖွဲ့မှ နံနက်ပိုင်းအချိန်တွင် ထပ်မံသွား​ရောက်တိုက်ခိုက်ခဲ့ကာ ည​နေ ၅ နာရီခန့်အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးထိမှန်မှုကြောင့် စစ်​ကောင်စီတပ် ကားတစ်စီး ​မြောင်းထဲထိုးကျပျက်စီးခဲ့သည်။

Public Service Announcement

Public Service Announcement

“(၆၀) မမ သုံးပြီး ပစ်တာ။အဲဒီအချိန် စခ တွေ ခွေးပြေးဝက်ပြေးထွက်ပြေးနေခဲ့ရတာ။လက်ရှိတော့ ဖရူဆို-ဒီးမော့ဆို လမ်းပိုင်းမှာ စခ ဘက်က ကင်းပုန်းတွေ အများကြီးချထားတယ်”ဟု DMO Local PDF မှ ရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ယမန်နေ့ကလည်း ​​ငွေ​တောင်ရွာသစ်​ကျေးရွာရှိ ပြည်သူ​နေအိမ်တွင် တပ်စွဲထား​သော အကြမ်းဖက်စစ်​ကောင်စီတပ်ဖွဲ့ကို ​နေ့လည် ၁၂နာရီခန့်တွင် RPG (၂)လုံးအနီးကပ် စတင်ပစ်ခတ်တိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်​​ကောင်စီတပ်ဖက်မှ ​ထိခိုက်​သေဆုံးမှုရှိခဲ့ကြောင်း အသိပေးသည်။

အဆိုပါတိုက်ပွဲများအတွင်း ပြည်သူ့ကာကွယ် ရေးတပ်-ဒီးမော့ဆို (DMO-Local PDF) ဗျူ ဟာ(၃)၊ မဟာမိတ် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) နဲ့ အလယ်ပိုင်းတိုင်း (၁၁၀၆) တပ်ရင်းတို့ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း DMO Local PDF တပ်ဖွဲ့ဖက်မှ ရဲ​ဘော်တစ်ဦး ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်။

(သုံးရက်တာ တိုက်ပွဲဖြစ်စဥ်မှ ဓာတ်ပုံမှတ်တမ်းများဖြစ်သည်။ဓာတ်ပုံ DMO Local PDF)
(သုံးရက်တာ တိုက်ပွဲဖြစ်စဥ်မှ ဓာတ်ပုံမှတ်တမ်းများဖြစ်သည်။ဓာတ်ပုံ DMO Local PDF)

လက်ရှိတွင် စစ်​ကောင်စီတပ်သည် ဖရူဆို-ဒီး​မော့ဆို လမ်းမကြီးတစ်​လျှောက်နှင့် ၎င်းတပ်ခွဲထား​သော ​ကျေးရွာအတွင်း နင်းမိုင်းအများအပြား​ထောင်ထားခဲ့ကြောင်း သိရသည်။

​ငွေ​တောင်အ​ခြေစိုက် ခလရ(၁၀၂)တပ်ရင်းမှ ​ကောင်စီတပ်ဖွဲ့သည် ​ည ၉နာရီခန့်တွင် လက်နက်ကြီး(၄) လုံးထက်မနည်း ​ဒီး​မော့ဆိုမြို့နယ် အ​နောက်ဖက်ခြမ်းတွင် ​နေ့စဥ်ပစ်ခတ်မှုရှိခဲ့​သော​ကြောင့် ဒေသခံပြည်သူလူထုအ​နေဖြင့် လုံခြုံ​ရေးကို အထူးဂရုစိုက်ရန် DMO Local PDF က တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။