Connect with us

Hi, what are you looking for?

သတင်း

အင်အား ၇၀ကျော်ပါစစ်ကြောင်းကို မြို့လှ KPDF မိုင်းဆွဲ တိုက်ခိုက်၊ စစ်ကောင်စီတပ်မှ ၃ ဦးသေဆုံးပြီးဒဏ်ရာရ

အဆိုပါတိုက်ခိုက်မှုကြောင့် မိုင်းကွင်းအတွင်း ဝင်လာသည့် ၃ဦးနေရာတင်သေဆုံးပြီး ၅ဦးထက်မနည်းဒဏ်ရာရခဲ့ကြောင်း မြို့လှ KPDFက သတင်းထုတ်ပြန်သည်။

စစ်​ကောင်စီတပ်ကိုတိုက်ခိုက်ပြီး​နောက်နယ်​မြေရှင်းလင်း​နေ​သော မြို့လှPDF တပ်ဖွဲ့ဝင်အချို့ ။ ။ဓါတ်ပုံ-မြို့လှPDF
စစ်​ကောင်စီတပ်ကိုတိုက်ခိုက်ပြီး​နောက်နယ်​မြေရှင်းလင်း​နေ​သော မြို့လှPDF တပ်ဖွဲ့ဝင်အချို့ ။ ။ဓါတ်ပုံ-မြို့လှPDF

ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်(KPDF) မြို့လှတပ်ဖွဲ့ဝင်များ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ၃ဦးသေဆုံးပြီးဒဏ်ရာရသူများရှိကြောင်း မြို့လှ KPDFက သတင်းထုတ်ပြန်သည်။

ယနေ့စက်တင်ဘာ ၆ရက် နံနက်ကရွှေကူမြို့နယ် သာယာကုန်းရွာအနီးတိုက်ပွဲဖြစ်ရာ အင်အား ၇၃ ဦး ပါစစ်ကောင်စီတပ်ကို မြို့လှ KPDF တပ်ခွဲ (၁) ဗိုလ်မိုးကြိုး ဦးဆောင်သော တပ်စိတ်မှူး လင်းဝါ ပါဝင်သောအဖွဲ့မှ မိုင်းများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်​ကောင်စီတပ်ကိုမိုင်းဆွဲတိုက်ခိုက်ပြီး​နောက်​သွေးကွက်အချို့ကို​တွေ့ရစဥ်။ ။ဓါတ်ပုံ-မြို့လှPDF
စစ်​ကောင်စီတပ်ကိုမိုင်းဆွဲတိုက်ခိုက်ပြီး​နောက်​သွေးကွက်အချို့ကို​တွေ့ရစဥ်။ ။ဓါတ်ပုံ-မြို့လှPDF

အဆိုပါတိုက်ခိုက်မှုကြောင့် မိုင်းကွင်းအတွင်း ဝင်လာသည့် ၃ဦးနေရာတင်သေဆုံးပြီး ၅ဦးထက်မနည်းဒဏ်ရာရခဲ့ကြောင်း မြို့လှ KPDFက သတင်းထုတ်ပြန်သည်။

စစ်​ကောင်စီတပ်ကိုမိုင်းဆွဲတိုက်ခိုက်ပြီး​နောက်​သွေးကွက်အချို့ကို​တွေ့ရစဥ်။ ။ဓါတ်ပုံ-မြို့လှPDF
စစ်​ကောင်စီတပ်ကိုမိုင်းဆွဲတိုက်ခိုက်ပြီး​နောက်​သွေးကွက်အချို့ကို​တွေ့ရစဥ်။ ။ဓါတ်ပုံ-မြို့လှPDF

စစ်ကောင်စီဘက်မှ အထိနာကာ သာယာကုန်းရွာဘက်သို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ် ဝင်ရောက်ခဲ့ရာ သက်ကြီးရွယ်အိုအမျိုးသားတစ်ဦးလက်နက်ကြီးကျည်စ ထိမှန် ဒဏ်ရာရခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထို့အပြင်စစ်ကောင်စီတပ်က ကျေးရွာရှိ ပြည်သူနေအိမ် ၁ လုံး မီးရှို့ခြင်း၊ နေအိမ် ၂ လုံး ရိုက်ဖျက်ခြင်း တို့လုပ်ဆောင်ခဲ့ကြောင်း၊တိုက်ခိုက်မှုအတွင်း မြို့လှ KPDFတပ်ဖွဲ့များအထိအခိုက်မရှိကြောင်း ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့‌နယ်ထဲက ဧရာ၀တီမြစ်ကြောင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ KPDF ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ စစ်သင်္ဘောကို နှစ်မြှုပ်ဖျက်ဆီးလိုက်ပြီလို့ နယ်မြေခံစစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။

သတင်း

သင်္ဘောစောင့်စစ်သားတွေ ထွက်ပြေး၊ ၁၀၇ မမ လက်နက်ကြီးကြောင့် သင်္ဘောရေဝင်နေ

Facebook