Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်ထီးခီးလမ်းပိုင်းတိုက်ပွဲမှာ စစ်တပ်ဒုရင်းမှုးအပါအဝင် ၁၂ ဦးသေဆုံးတယ်လို့ ဆို

နွေဦးပြောက်ကျားတပ်ဖွဲ့နဲ့ KTLA ပူးပေါင်းအဖွဲ့က ရဲဘော်တွေကတော့ တစ်စုံတစ်ရာ အထိအခိုက်မရှိပဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ထားဝယ်ထီးခီးလမ်းပိုင်းတိုက်ပွဲမှာ စစ်တပ်ဒုရင်းမှုးအပါအဝင် ၁၂ ဦးသေဆုံးတယ်လို့ ဆို
ထားဝယ်ထီးခီးလမ်းပိုင်းတိုက်ပွဲမှာ စစ်တပ်ဒုရင်းမှုးအပါအဝင် ၁၂ ဦးသေဆုံးတယ်လို့ ဆို

ထားဝယ်-ထီးခီးလမ်းပိုင်းမှာ မဟာမိတ်ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား မနေ့က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ဒုရင်းမှူးတစ်ဦးအပါအဝင် (၁၂)ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ နွေဦးပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ(၆)ရက်နေ့ နေ့လည်(၁၂)နာရီခန့်က ထားဝယ်-ထီးခီးလမ်းပိုင်း ဆာကဆောတပ်မဟာ တပ်ရင်း(၁)နယ်မြေ အမိုးခီးနော်သူးကလိုရွာအနီးမှာ ဗိုလ်ကော်လာဦးဆောင်တဲ့ ကော်သူးလေတပ်မတော်(KTLA)/ Nway Oo Guerrilla Force(နွေဦးပြောက်ကျားတပ်) မဟာမိတ်ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီရဲ့ ခလရ(၂၆၅) စစ်ကြောင်းတို့ကြား နှစ်နာရီခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဒုရင်းမှူးအဆင့်ရှိသူတစ်ဦး အပါအဝင် (၁၂)ဦး သေဆုံးသွားခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ၄၀ မမ ဗုံးပစ်လောင်ချာအပါအဝင် MA-3 သေနတ်လေးလက်၊ ၄၀ မမ ဗုံးသီး(၁၁)လုံး၊ ကျည်ဘောက်(၈)ခု၊ ပစ္စတိုတစ်လက်၊ ၆၀မမ ဗုံးသီးတစ်လုံး၊ ရှေ့ထွက်မိုင်းတစ်လုံး၊ ဆက်သွယ်ရေးစက်တစ်လုံးနဲ့ စစ်အသုံးအဆောင်ပစ္စည်းတချို့ကို သိမ်းဆည်းရခဲ့တယ်လို့ စစ်မြေပြင်အတည်ပြုချက်အရ သိရပါတယ်။

နွေဦးပြောက်ကျားတပ်ဖွဲ့နဲ့ KTLA ပူးပေါင်းအဖွဲ့က ရဲဘော်တွေကတော့ တစ်စုံတစ်ရာ အထိအခိုက်မရှိပဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။