Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်-ထီးခီးလမ်းပိုင်းအားဇူလိုင်၅ရက်မှ၁၁ရက်အတွင်းလုံးဝဖြတ်သန်းသွားလာခြင်းမပြုရန်KNDOနှင့်PDFသတိ​ပေး

ထားဝယ်-ထီးခီး လမ်းပိုင်းအာမနက်ဖြန်(ဇူလိုင် ၅ရက်)မှစ၍ရက်သတ္တပတ်ကြာ သွားလာခွင့်တားမြစ်ထားပြီးအသေးစိတ်အကြောင်းအရာကို ဖော်ပြမထား​ပေ။

KNDO- Special တပ်ရင်းနှင့်ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်​ရေးတပ်ဦး-DDPDFက ပြည်သူလူထုထံ အသိပေးချက် ထုတ်ပြန်
KNDO- Special တပ်ရင်းနှင့်ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်​ရေးတပ်ဦး-DDPDFက ပြည်သူလူထုထံ အသိပေးချက် ထုတ်ပြန်

ထားဝယ်-ထီးခီးလမ်းပိုင်းအားဇူလိုင်လ၅ရက်မှဇူလိုင်၁၁ရက် အတွင်း လုံးဝဖြတ်သန်းသွားလာခြင်းမပြုရန် KNDO Special တပ်ရင်းနှင့်ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်​ရေးတပ်ဦး-DDPDFက ပြည်သူလူထုထံ အသိပေးချက် ထုတ်ပြန်လိုက်သည်။

ထားဝယ်-ထီးခီး လမ်းပိုင်းအာမနက်ဖြန်(ဇူလိုင် ၅ရက်)မှစ၍ရက်သတ္တပတ်ကြာ သွားလာခွင့်တားမြစ်ထားပြီးအသေးစိတ်အကြောင်းအရာကို ဖော်ပြမထား​ပေ။

“သတ်မှတ်ရက်အတွင်း ဖြတ်သွားလာကြစဥ်အကြမ်းဖက်စစ်​ကောင်စီနှင့်ပက်သက်မှုတစ်စုံတစ်ရာ​သော်လည်း​ကောင်း၊ ​ကျွန်ုပ်တို့အဖွဲ့များမှ စစ်​ဆေးခြင်းနှင့် ထုတ်ပြန်ချက်များကို လိုက်နာမှု မရှိခြင်း​သော်လည်း​ကောင်း ​တွေ့ရှိပါက ထိခိုက်မှု တစ်စုံတစ်ရာအတွက် (လုံးဝ) တာဝန်ယူမည်မဟုတ်ပဲ
မသင်္ကာဖွယ်ရာအားလုံးကို ကျွန်ုပ်တို့ “ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်​ရေးတပ်ဦး-DDPDF” နှင့် မဟာမိတ်ပူး​ပေါင်းအဖွဲ့ဖြစ်​​သော “KNDO_Special တပ်ရင်း” တို့မှရှင်းလင်းပစ်မည်ဖြစ်ပါသည်”ဟု ယနေ့(ဇူလိုင် ၄ရက်)ညနေတွင် သတိပေးထားသည်။

ထို့အပြင် မိဘပြည်သူများအ​နေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များကို လိုက်နာခြင်းအားဖြင့် စစ်အာဏာရှင်​တော်လှန်​ရေးအတွက် ပူး​ပေါင်း ​​ဆောင်ရွက်​ပေးကြရန်လည်း မေတ္တာရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

ထားဝယ်-ထီးခီးလမ်းကို စစ်​ကောင်စီတပ်က ​ခြေလျင်စစ်​ကြောင်းထိုးလာ​ကြောင်း​ဒေသခံအချို့ကပြောသည်။

“ပကာရီဘက်​နဲ့​ကျောက်မဲ​တောင်ဘက်ကိုစခ​တွေ(စစ်​ကောင်စီတပ်)က​ခြေလျင်စစ်​ကြောင်းထိုး​နေတယ်။ PDF​တွေကို ​တောနင်းရှာ​နေတယ်​ပြောတယ်။​ PDF​တွေကအဆင့်သင်ဖြစ်​နေပြီ​ပြောတယ်၊ တိုက်ပွဲကပိုပြင်းထန်လာ​တော့မယ်” ဟု ​ဒေသခံကာကွယ်​ရေးတပ်နှင့်နီးစပ်သူတစ်ဦးက​People’s Spring သို့ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။