Connect with us

Hi, what are you looking for?

သတင်း

ထင်းခုတ်လာသည့် စစ်ကောင်စီတပ်သားကို တိုက်ခိုက်ရာ သုံးဦးသေဟု KNDF ပြော

အဆိုပါ ထိတွေ့မှုအပြီးတွင် ဘောလခဲမြို့အခြေ စိုက် စစ်ကောင်စီတပ်များဖက်မှ ၎င်းတို့အထိ နာ၍ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပူးပေါင်းတပ်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

ထင်းခုတ်လာသည့် စစ်ကောင်စီတပ်သားကို တိုက်ခိုက်ရာ သုံးဦးသေဟု KNDF ပြော
ထင်းခုတ်လာသည့် စစ်ကောင်စီတပ်သားကို တိုက်ခိုက်ရာ သုံးဦးသေဟု KNDF ပြော

ဝါးဆင်းခုတ်သည့် စစ်ကောင်စီတပ်သားများအား အလစ်အငိုက်တိုက်ခိုက်ရာ သုံးဦးသေဆုံးပြီး MA-3 အမျိုးအစား သေနတ် (၁)လက်နှင့် ကျည်အချို့အားသိမ်းဆည်းရမိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ထုတ်ပြန်သည်။

ယနေ့(စက်တင်ဘာလ ၇ ရက်) နံနက် ၇ နာရီ မိနစ် ၅၀ ခန့်တွင် ဘောလခဲမြို့ နှင့် ရွာသစ်မြို့အကြား လမ်းမကြီးပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ (၁၂)မိုင်ကုန်းစခန်းအနီးတွင် KNDF B – 21နှင့် ကရင်နီတပ်မတော်(KA)တို့ပူးပေါင်း၍ တိုက်ခိုက် ခဲ့ ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ (၁၂)မိုင်ကုန်းစခန်းအနီးရှိ (၁၁)မိုင်ကုန်းဖက်သို့ အရပ်ဝတ်များဖြင့် ဝါးခုတ်ရန် ထွက်လာသော စစ်ကောင်စီတပ်သား ခုနစ်ဦးကို အလစ်အငိုက် တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီဖက်မှ သုံးဦးသေဆုံးကာ နှစ်ဦးပြင်းထန်ထိခိုက်ဒဏ်ရာရရှိသည်ဟု ဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်သားများ ကိုင်ဆောင် လာသည့် MA-3 အမျိုးအစား သေနတ် (၁)လက်နှင့် ကျည်အချို့အား သိမ်းဆည်းရမိကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ထိတွေ့မှုအပြီးတွင် ဘောလခဲမြို့အခြေ စိုက် စစ်ကောင်စီတပ်များဖက်မှ ၎င်းတို့အထိ နာ၍ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပူးပေါင်းတပ်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ ပြည်နယ်တပ်တစ်ခုတည်းဖြစ်ပေါ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီကနေ့ စက်တင်ဘာ ၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်တဲ့ အရက်၊ ဘီယာနဲ့ ဆေးလိပ်ထုတ်ကုန်တွေ ရောင်း၀ယ်ပါက ထိရောက်စွာအရေးယူမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)အမှတ်- ၂ စစ်ဒေသ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook