Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီသတင်းပေးတစ်ဦး ထိန်းသိမ်းထားစဥ် ရောဂါဖြင့်သေဆုံးသွား၍ မိသားစုဝင်များနှင့်ပူးပေါင်း ညှိနှိုင်းသွားမည်ဟု CDF-ပလက်ဝ ထုတ်ပြန်

ပလက်ဝမြို့နယ် ဝါဒိန်အုပ်စု၊ ဝါဒိန်ကျေးရွာမှ စစ်ကောင်စီသတင်းပေး ဦးအာခိုင် အသက်(၆၅)နှစ်သည် CDF-ပလက်ဝက ထိန်းသိမ်းထားစဥ် သြဂုတ် ၁၉ရက်က သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီထံ သတင်းပေးတစ်ဦးကို ထိန်းသိမ်းထားစဥ် ရောဂါအခံကြောင့် သေဆုံးသွားသည့်ဖြစ်ရပ်နှင့်ပတ်သက်၍ မိသားစုဝင်များနှင့်ပူးပေါင်း ညှိနှိုင်းသွားမည်ဟု ချင်းပြည်သူ့ကာကွယ်ရေးတပ် CDF-ပလက်ဝက သတင်းထုတ်ပြန်သည်။

ပလက်ဝမြို့နယ် ဝါဒိန်အုပ်စု၊ ဝါဒိန်ကျေးရွာမှ စစ်ကောင်စီသတင်းပေး ဦးအာခိုင် အသက်(၆၅)နှစ်သည် CDF-ပလက်ဝက ထိန်းသိမ်းထားစဥ် သြဂုတ် ၁၉ရက်က သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

ဦးအာခိုင်သည် အမောဆို့ရောဂါအခံကြောင့် သေဆုံးသွားခြင်းဖြစ်ပြီး ယင်းဖြစ်ရပ်အတွက် မိသားစုဝင်များနှင့် ပူးပေါင်း ညှိနှိုင်းဆောင်ရွက်သွားမည်ဟု CDF-ပလက်ဝ ဗဟိုအလုပ်အမှု ဆောင်ကော်မတီက ယနေ့(စက်တင်ဘာလ ၈ရက်) ထုတ်ပြန်ထားသည်။

ဦးအာခိုင်သည် CDF-ပလက်ဝ၏ လှုပ်ရှားမှုများအား စစ်ကောင်စီထံ သတင်းပေးပို့နေ၍ ၂၀၂၁ ဇွန်လအတွင်း ပထမအကြိမ်၊ ၂၀၂၂ ဇန်နဝါရီအတွင်း ဒုတိယအကြိမ်သတိပေးခဲ့သော်လည်းစစ်ကောင်စီထံ သတင်းပေးမှုများ ဆက်လက်ပြုလုပ်နေခဲ့သည်ဟု ဆိုသည်။ ဇူလိုင် ၁၃ရက်တွင်CDF-ပလက်ဝက ထိန်းသိမ်းခဲ့​​ထားစဥ် ဇူလိုင် ၁၆ရက်ညတွင် ထွက်ပြေးသွားခဲ့ကြောင်း၊ ဇူလိုင် ၁၇ရက်တွင် ပြန်လည်ထိန်းသိမ်းခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုအပြည့်ပေးခဲ့သော်လည်း ဇူလိုင် ၁၉ရက်နံနက်တွင် သေဆုံးသွားခဲ့သည်ဟု CDF-ပလက်ဝက ရှင်းပြထားသည်။

Public Service Announcement

Public Service Announcement

ဦးအာခိုင်၏ မိသားစုဝင်များထံ ဆက်သွယ်ရန်ကြိုးစားခဲ့သော်လည်း ပလက်ဝမြို့နယ်တွင် စစ်ကောင်စီတပ်က ဖုန်းလိုင်းများ ဖြတ်တောက်ထား၍ ဆက်သွယ်မရခဲ့ပေ။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။