Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စခန်းစွန့်သွားသည့် ပလက်ဝနယ် သံထောင်တပ်စခန်းမှ စစ်ကောင်စီတပ်ကြပ်တစ်ဦး CDF ဒိုင်ထံ အလင်းဝင်

ထွက်ပြေးလာစဉ် ဒဏ်ရာရခဲ့သည့် အဆိုပါတပ်ကြပ်ကို ဆေးကုသမှု ပေးလျက်ရှိကြောင်း၊ ယင်းတပ်ကြပ်၌ လက်နက်ခဲယမ်းများ မပါလာခဲ့ကြောင်း ၎င်းက ဆိုသည်။

စခန်းစွန့်သွားသည့် ပလက်၀နယ် သံထောင်တပ်စခန်းမှ စစ်ကောင်စီတပ်ကြပ်တစ်ဦး CDF ဒိုင်ထံ အလင်းဝင်
စခန်းစွန့်သွားသည့် ပလက်၀နယ် သံထောင်တပ်စခန်းမှ စစ်ကောင်စီတပ်ကြပ်တစ်ဦး CDF ဒိုင်ထံ အလင်းဝင်

ချင်းပြည်နယ် ပလက်၀မြို့နယ် သံထောင်တပ်စခန်းမှ စစ်ကောင်စီတပ်ကြပ်တစ်ဦးသည် ၎င်းတို့ တပ် သံထောင်စခန်းမှ စွန့်ခွာစဉ် တပ်ဆုတ်ခွာသည့် လမ်းကြောင်းမှထွက်ပြေးကာ ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဒိုင်(Daai) ထံ အလင်းဝင်လာသည်ဟု CDF ဒိုင် ၏ ဘဏ္ဍာရေးဌာန တာဝန်ခံ ဗိုလ်မြူခိုးက ပြောသည်။

CDF-ဒိုင်နှင့် ရက္ခိုင့်တပ်တော်(AA) တို့က သံတောင်စခန်းကို ဖြတ်တောက်ပိတ်ဆို့ထားသည့် အခြေအနေတွင် ရိက္ခာပြတ်လပ်သည့် စစ်ကောင်စီတပ်သည် ဩဂုတ် ၂၆ရက်ညပိုင်း၌ စခန်းကို စွန့်ခွာ တပ်ဆုတ်သွားသည်ဟု ဆိုသည်

ယင်းသို့တပ်ဆုတ်ခွာစဉ် သံထောင်အခြေစိုက် တပ်မ(၅၅) လက်အောက်ခံ ခလရ(၃) တပ်ရင်းမှ တပ်ကြပ်တစ်ဦးသည် တပ်ဆုတ်ခွာသည့် လမ်းကြောင်းမှ ထွက်ပြေးကာ ဩဂုတ် ၂၉ရက်တွင် CDF ဒိုင်ထံ အလင်းဝင် လာခဲ့သည်ဟု ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

စခန်းစွန့်သွားသည့် ပလက်၀နယ် သံထောင်တပ်စခန်းမှ စစ်ကောင်စီတပ်ကြပ်တစ်ဦး CDF ဒိုင်ထံ အလင်းဝင်
စခန်းစွန့်သွားသည့် ပလက်၀နယ် သံထောင်တပ်စခန်းမှ စစ်ကောင်စီတပ်ကြပ်တစ်ဦး CDF ဒိုင်ထံ အလင်းဝင်

စစ်ခေါင်းဆောင်များမှ မိသားစုနှင့် အဆက်အသွယ် ဖြတ်ထားကာ အသေခံ တပ်သားအဖြစ် အသုံးပြုနေမှုကို မလိုလား၍ ထွက်ပြေးလာခြင်းဖြစ်ကြောင်း အဆိုပါ တပ်ကြပ်က ပြောကြားသည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“စစ်ဆေးမေးမြန်းချက်အရတော့ သူတို့က လွန်ခဲ့တဲ့ သောကြာညတုန်းက သူတို့က တပ်ဆုတ်သွားခဲ့ပါတယ်။ သူတို့က ည ၁၂နာရီမှ ထွက်သွားတာကိုး။ ကျွန်တော်တို့ဆီ ရောက်လာတာက တနင်္လာနေ့ သူကစရောက်လာပါတယ်။ အဲဒီလို ရောက်လာတဲ့အခါ သူ့ရဲ့ ဖြေကြားချက်အရ သူဟာ ကျွန်တော်တို့နဲ့ အမှန်တကယ် ပါဝင်ချင်ကြောင်း နှုတ်ထွက်ခဲ့ပါတယ်။ လက်ရှိ ကျွန်တော်တို့ဆီမှာ ရောက်နေပါတယ်”ဟု ဗိုလ်မြူခိုးက ပြောသည်။

ထွက်ပြေးလာစဉ် ဒဏ်ရာရခဲ့သည့် အဆိုပါတပ်ကြပ်ကို ဆေးကုသမှု ပေးလျက်ရှိကြောင်း၊ ယင်းတပ်ကြပ်၌ လက်နက်ခဲယမ်းများ မပါလာခဲ့ကြောင်း ၎င်းက ဆိုသည်။

ယခင်ကလည်း သံထောင်တပ်စခန်းမှ စစ်ကောင်စီတပ်သားနှစ်ဦး CDM ပြုလုပ်ကာ CDF ဒိုင်ထံ ခိုလှုံလာခဲ့သည့် ဖြစ်စဉ်ရှိခဲ့သည်ဟု ရှင်းပြသည်။

ဆက်လက်၍ စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိ၍ အလင်းဝင်ကာ ပြည်သူ့ ရင်ခွင် ခိုလှုံလိုသူ ပြည်သူ့ တပ်မတော်သားများအား နွေးထွေးစွာ လက်ခံသွားမည်ဟုလည်းCDF ဒိုင်က ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။