Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီသတင်းပေးတစ်ဦး ထိန်းသိမ်းထားစဥ် ရောဂါဖြင့်သေဆုံးသွား၍ မိသားစုဝင်များနှင့်ပူးပေါင်း ညှိနှိုင်းသွားမည်ဟု CDF-ပလက်ဝ ထုတ်ပြန်

ပလက်ဝမြို့နယ် ဝါဒိန်အုပ်စု၊ ဝါဒိန်ကျေးရွာမှ စစ်ကောင်စီသတင်းပေး ဦးအာခိုင် အသက်(၆၅)နှစ်သည် CDF-ပလက်ဝက ထိန်းသိမ်းထားစဥ် သြဂုတ် ၁၉ရက်က သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီထံ သတင်းပေးတစ်ဦးကို ထိန်းသိမ်းထားစဥ် ရောဂါအခံကြောင့် သေဆုံးသွားသည့်ဖြစ်ရပ်နှင့်ပတ်သက်၍ မိသားစုဝင်များနှင့်ပူးပေါင်း ညှိနှိုင်းသွားမည်ဟု ချင်းပြည်သူ့ကာကွယ်ရေးတပ် CDF-ပလက်ဝက သတင်းထုတ်ပြန်သည်။

ပလက်ဝမြို့နယ် ဝါဒိန်အုပ်စု၊ ဝါဒိန်ကျေးရွာမှ စစ်ကောင်စီသတင်းပေး ဦးအာခိုင် အသက်(၆၅)နှစ်သည် CDF-ပလက်ဝက ထိန်းသိမ်းထားစဥ် သြဂုတ် ၁၉ရက်က သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

ဦးအာခိုင်သည် အမောဆို့ရောဂါအခံကြောင့် သေဆုံးသွားခြင်းဖြစ်ပြီး ယင်းဖြစ်ရပ်အတွက် မိသားစုဝင်များနှင့် ပူးပေါင်း ညှိနှိုင်းဆောင်ရွက်သွားမည်ဟု CDF-ပလက်ဝ ဗဟိုအလုပ်အမှု ဆောင်ကော်မတီက ယနေ့(စက်တင်ဘာလ ၈ရက်) ထုတ်ပြန်ထားသည်။

ဦးအာခိုင်သည် CDF-ပလက်ဝ၏ လှုပ်ရှားမှုများအား စစ်ကောင်စီထံ သတင်းပေးပို့နေ၍ ၂၀၂၁ ဇွန်လအတွင်း ပထမအကြိမ်၊ ၂၀၂၂ ဇန်နဝါရီအတွင်း ဒုတိယအကြိမ်သတိပေးခဲ့သော်လည်းစစ်ကောင်စီထံ သတင်းပေးမှုများ ဆက်လက်ပြုလုပ်နေခဲ့သည်ဟု ဆိုသည်။ ဇူလိုင် ၁၃ရက်တွင်CDF-ပလက်ဝက ထိန်းသိမ်းခဲ့​​ထားစဥ် ဇူလိုင် ၁၆ရက်ညတွင် ထွက်ပြေးသွားခဲ့ကြောင်း၊ ဇူလိုင် ၁၇ရက်တွင် ပြန်လည်ထိန်းသိမ်းခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုအပြည့်ပေးခဲ့သော်လည်း ဇူလိုင် ၁၉ရက်နံနက်တွင် သေဆုံးသွားခဲ့သည်ဟု CDF-ပလက်ဝက ရှင်းပြထားသည်။

Public Service Announcement

Public Service Announcement

ဦးအာခိုင်၏ မိသားစုဝင်များထံ ဆက်သွယ်ရန်ကြိုးစားခဲ့သော်လည်း ပလက်ဝမြို့နယ်တွင် စစ်ကောင်စီတပ်က ဖုန်းလိုင်းများ ဖြတ်တောက်ထား၍ ဆက်သွယ်မရခဲ့ပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။