Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုသို့လာသော စစ်ကောင်စီ အိမ်စီးကားနှစ်စီးကို PDFများ ပစ်ခတ်တိုက်ခိုက်

စစ်ကောင်စီတပ်ဘက်ကလည်း ပြန်လည်ပစ်ခတ် ခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အပြန် အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ ထိုပစ်ခတ်မှုတွင် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများရှိနိုင်ပြီး ၎င်းတို့လိုက်ပါလာသော အိမ်စီးကားတစ်စီး ကျည်ထိမှန်ပျက်စီးခဲ့ကြောင်း Black Wolf PDF အဖွဲ့က ပြောသည်။

(စစ်ကောင်စီအိမ်စီးကားများအား မိုင်းဆွဲတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်)
(စစ်ကောင်စီအိမ်စီးကားများအား မိုင်းဆွဲတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်)

စစ်ကိုင်းတိုင်း၊ ကျောက်မြောင်းခြေမြန်တပ်ရင်းမှ ရွှေဘိုမြို့သို့ ထွက်ခွာလာသော စစ်ကောင်စီတပ် ၏ အိမ်စီးကားနှစ်စီးအား ဒေသတွင်း PDFများက ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Black Wolf PDF အဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (စက်တင်ဘာ၉ ရက်) နံနက် ၉ နာရီခန့်က ကျောက်မြောင်းမြို့ ခမရ (၁၂)မှ ရွှေဘို-ကျောက်မြောင်းလမ်းအတိုင်း ရွှေဘိုမြို့ဘက်သို့ထွက်လာသော စစ်ကောင်စီတပ်၏ ပရာဒိုခဲရောင်တစ်စီး၊ဘင်အနက်တစ်စီးအား ရွှေဘိုခရိုင်တပ်ရင်း (၅)တပ်ခွဲ -၁ နှင့် Black Wolf PDF တို့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းအဖွဲ့က ပြော သည်။

(စစ်ကောင်စီအိမ်စီးကားများအား မိုင်းဆွဲတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်)
(စစ်ကောင်စီအိမ်စီးကားများအား မိုင်းဆွဲတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်)

စစ်ကောင်စီတပ်ဘက်ကလည်း ပြန်လည်ပစ်ခတ် ခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အပြန် အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ ထိုပစ်ခတ်မှုတွင် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများရှိနိုင်ပြီး ၎င်းတို့လိုက်ပါလာသော အိမ်စီးကားတစ်စီး ကျည်ထိမှန်ပျက်စီးခဲ့ကြောင်း Black Wolf PDF အဖွဲ့က ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်အကျအဆုံးမရှိ ဆုတ်ခွါနိုင်ခဲ့သည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထို့အပြင် ရွှေဘိုနယ်အတွင်း ရွှေဘိုခရိုင်တပ်ရင်း(၅) တပ်ခွဲ(၁)နှင့် Black Wolf-PDF တို့သည် စစ်ကောင်စီတပ်များနှင့်မကြာခဏ တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

ယမန်နေ့ကပင် ကျောက်မြောင်းမှရွှေဘိုသို့ မောင်းနှင်လာသော စစ်ကားယာဉ်တန်းအား အုံးပေါက်ရွာအနောက်ဖက်တွင် Burma Rangers (ShweBo)နှင့် မဟာမိတ်တပ်များစုပေါင်း၍လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ကာ မိုင်း၁၃လုံးနှင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ထိုအဖွဲ့များက သတင်းထုတ်ပြန်ထားသည်။

(စစ်ကောင်စီအိမ်စီးကားများအား မိုင်းဆွဲတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်)

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ