Connect with us

Hi, what are you looking for?

သတင်း

ဖရူဆိုမြို့နယ်အနီးကပ်တိုက်ပွဲ စစ်ကောင်စီတပ် နှစ်ဦးသေဟု ကရင်နီတပ်ပြော

တိုက်ပွဲမှာ နေ့လည် ၂ နာရီ ၁၅ မိနစ်ခန့်အထိ ဖြစ်ပွားခဲ့ပြီး မီတာ ၃၀ သာကွာဝေးသည့် ထိတွေ့မှု မျိုးဖြစ်ကြောင်း အသိပေးသည်။

(ကရင်နီတပ်မတော်သားများအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်)
(ကရင်နီတပ်မတော်သားများအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်)

ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုမြို့နယ်သို့ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် အနီးကပ်တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးကြောင်း ကရင်နီတပ်မတော်(KA)က ထုတ်ပြန်သည်။

စက်တင်ဘာ ၁၁ ရက် နေ့လည် ၁၂ နာရီ ၂၃ မိ နစ်ခန့်ကစ၍ ဒေါညေးခူကျေးရွာသို့ ဝင်ရောက် လာသော အကြမ်းဖက်စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း – ၄နှင့် တပ် ရင်း -၁၅ တို့ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆို သည်။

တိုက်ပွဲမှာ နေ့လည် ၂ နာရီ ၁၅ မိနစ်ခန့်အထိ ဖြစ်ပွားခဲ့ပြီး မီတာ ၃၀ သာကွာဝေးသည့် ထိတွေ့မှု မျိုးဖြစ်ကြောင်း အသိပေးသည်။

ထိတွေ့မှုတွင် စစ်ကောင်စီတပ်သားနှစ်ဦးသေ ဆုံးသည်ကို အတည်ပြုနိုင်ပြီး ဒဏ်ရာရရှိသူ အများအပြားရှိကြောင်းလည်း KA က ပြော သည်။

Public Service Announcement

Public Service Announcement

ကရင်နီပူးပေါင်းတပ်မှ ရဲဘော်တစ်ဦးဒဏ်ရာအနည်းငယ် (မစိုးရိမ်ရ )ရရှိခဲ့ပြီး အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြသည်။

“လက်ရှိဒေသတွင်းမှာ စစ်ဘောင်က အရင်ထက် တော်တော့်ကို သိသိသာသာနဲ့ အရင်ကာလတွေထက် ကျယ်နေတယ်။မိုးဗြဲမှာလည်း ရက်ဆက်နေသလို လွိုင်ကော် ဘက်မှာလည်း အပြင်းအထန်ဖြစ်နေတယ်။စကစက ဘက်ပေါင်းစုံသွေးထိုးစမ်းပြီး တိုးလာနေတယ်”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ရှင်းပြသည်။

ရှမ်း-ကယား(ကရင်နီ)ဒေသအစပ် မိုးဗြဲမြို့ တိုက် ပွဲမှာ ယနေ့အထိ ပြင်းထန်နေဆဲဖြစ်ကာ အကြမ်းဖက်စစ်ကောင်စီတပ်က အများအပြားသေဆုံးနေပြီး ကရင်နီပူးပေါင်းတပ်မှ ရဲဘော် များလည်း ထိခိုက်ကျဆုံးမှုအချို့ရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။