Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

CDM စစ်သားအချို့၏ သားသမီးများ ကျောင်းတက် နိုင်ဖို့ KNU စီစဉ်ပေး

ပြည်သူ့စစ်သားများ ဇနီးများ အဖွဲ့ကလည်း ကလေးငယ်များအတွက် လွယ်အိတ်၊ ဖိနပ်အပါအဝင် ကျောင်းစရိတ်ထောက်ပံ့ကူညီခဲ့ကြသည် ဟုဆိုသည်။

ဓာတ်ပုံ - The Voice of Spring
ဓာတ်ပုံ - The Voice of Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)ထံ ခိုလှုံလာသည့် စစ်သားအချို့၏ သားသမီးများ ကျောင်းတက်နိုင် ရေးကို KNUက စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း The Voice of Springက ဖော်ပြသည်။

စစ်ကောင်စီတပ်မှ ရုန်းထွက်ပြီး ပြည်သူ့ဘက် ရပ်တည်လာသည့် CDM စစ်သားများကို မိသားစုနိုင်ဆုံစည်းနိုင်စေရန် KNUက စီစဉ်ဆောင်ရွက် ပေးသကဲ့သို့ ၎င်းတို့၏ သားသမီးများ ကျောင်းတက်နိုင်ရေး ဆက်လက် ကူညီပေးခဲ့ခြင်းဖြစ်သည်။

CDM စစ်သား တပ်ကြပ်သန်းနိုင်ဦးနှင့် တပ်သား ဟိန်းစိုး တို့၏ ကလေးငယ်များ KNU၏ စီစဉ်မှုဖြင့် ကျောင်းတက်နေကြရပြီဖြစ်ကြောင်း The Voice Of Spring က ယနေ့ (စက်တင်ဘာ ၁၃ရက်)တွင် ဓာတ်ပုံများနှင့်အတူ ဖော်ပြခဲ့သည်။

ပြည်သူ့စစ်သားများ ဇနီးများ အဖွဲ့ကလည်း ကလေးငယ်များအတွက် လွယ်အိတ်၊ ဖိနပ်အပါအဝင် ကျောင်းစရိတ်ထောက်ပံ့ကူညီခဲ့ကြသည် ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။