Connect with us

Hi, what are you looking for?

သတင်း

CDM စစ်သားအချို့၏ သားသမီးများ ကျောင်းတက် နိုင်ဖို့ KNU စီစဉ်ပေး

ပြည်သူ့စစ်သားများ ဇနီးများ အဖွဲ့ကလည်း ကလေးငယ်များအတွက် လွယ်အိတ်၊ ဖိနပ်အပါအဝင် ကျောင်းစရိတ်ထောက်ပံ့ကူညီခဲ့ကြသည် ဟုဆိုသည်။

ဓာတ်ပုံ - The Voice of Spring
ဓာတ်ပုံ - The Voice of Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)ထံ ခိုလှုံလာသည့် စစ်သားအချို့၏ သားသမီးများ ကျောင်းတက်နိုင် ရေးကို KNUက စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း The Voice of Springက ဖော်ပြသည်။

စစ်ကောင်စီတပ်မှ ရုန်းထွက်ပြီး ပြည်သူ့ဘက် ရပ်တည်လာသည့် CDM စစ်သားများကို မိသားစုနိုင်ဆုံစည်းနိုင်စေရန် KNUက စီစဉ်ဆောင်ရွက် ပေးသကဲ့သို့ ၎င်းတို့၏ သားသမီးများ ကျောင်းတက်နိုင်ရေး ဆက်လက် ကူညီပေးခဲ့ခြင်းဖြစ်သည်။

CDM စစ်သား တပ်ကြပ်သန်းနိုင်ဦးနှင့် တပ်သား ဟိန်းစိုး တို့၏ ကလေးငယ်များ KNU၏ စီစဉ်မှုဖြင့် ကျောင်းတက်နေကြရပြီဖြစ်ကြောင်း The Voice Of Spring က ယနေ့ (စက်တင်ဘာ ၁၃ရက်)တွင် ဓာတ်ပုံများနှင့်အတူ ဖော်ပြခဲ့သည်။

ပြည်သူ့စစ်သားများ ဇနီးများ အဖွဲ့ကလည်း ကလေးငယ်များအတွက် လွယ်အိတ်၊ ဖိနပ်အပါအဝင် ကျောင်းစရိတ်ထောက်ပံ့ကူညီခဲ့ကြသည် ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်