Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံ-တောင်သာလမ်းရှိ နန်းမြင့်တောင်စစ်​ကောင်စီစစ်ဆေးရေးဂိတ်ကို PDFများတိုက်ခိုက်

နန်းမြင့်တောင်စစ်ဆေးရေးဂိတ်သည် ခရီးသွားပြည်သူများ၏ ကားနှင့်ဆိုင်ကယ်များအား စစ်ဆေးလေ့ရှိပြီး ငွေညှစ်ခြင်း၊ မသင်္ကါသူများအား ဖမ်းဆီးခြင်းများ ပြုလုပ်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။

(နန်းမြင့်တောင်အား တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)
(နန်းမြင့်တောင်အား တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)

မန္တလေးတိုင်း၊ မြင်းခြံ-တောင်သာလမ်းပေါ်ရှိ စစ်ကောင်စီတပ်၏ နန်းမြင့်တောင်စစ်ဆေးရေးဂိတ်ကို ​ဒေသတွင်းပြည်သူ့ကာကွယ်​ရေးတပ်များကပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုများရှိကြောင်းဒေသတွင်းသတင်းရင်းမြစ်များကပြောသည်။

စက်တင်ဘာလ ၉ ရက်နေ့ ညနေ ၅ နာရီခန့်က တောင်သာမြို့နယ်၊ နန်းမြင့်တောင်စစ်ဆေးရေးဂိတ်တွင်ရှိသော စစ်ကောင်စီတပ်များကို လက်နက်ကြီးဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က လေးဦးဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုရှိ၊မရှိကို စုံစမ်းနေဆဲဖြစ်ကြောင်း နွားထိုးကြီး PDF အဖွဲ့က သတင်းထုတ်ပြန်သည်။

နန်းမြင့်တောင်စစ်ဆေးရေးဂိတ်သည် ခရီးသွားပြည်သူများ၏ ကားနှင့်ဆိုင်ကယ်များအား စစ်ဆေးလေ့ရှိပြီး ငွေညှစ်ခြင်း၊ မသင်္ကါသူများအား ဖမ်းဆီးခြင်းများ ပြုလုပ်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။

ဖြစ်စဥ်နှင့်ပတ်သက်ပြီး နွားထိုးကြီး PDF အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်၏ ထိခိုက်မှုအခြေအနေနှင့်ပတ်သက်၍ People’s Springက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

နွားထိုးကြီး PDFအဖွဲ့သည် ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်နေ့ ညနေပိုင်းကလည်း နွားထိုးကြီးမြို့နယ်၊ ဝက်လူးကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်အား ပစ်ခတ်တိုက်ခိုက်ခဲ့​သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

ဆောင်းပါး

စက်တင်ဘာ ၂၃ ရက်နေ့က မြင်းခြံမြို့ထဲက အဓိကလမ်းမကြီးပေါ်မှာ ဆိုင်ကယ်တွေ၊ ကားတွေနဲ့အတူ လူတွေ လှိုင်းလုံးထ စည်ကားနေတယ်။ ယာဥ်တွေရဲ့ရှေ့ဆုံးပေါ်မှာတော့ ဖျော်ဖြေရေးယာဥ်တွေ။ တီးဝိုင်းတွေ၊ အဆိုတော်တွေနဲ့ လှည့်လည်နေတယ်။ ကိုဗစ်ကတည်းက ရပ်နားလိုက်တဲ့ မြင်းခြံမြို့ရဲ့အထင်ကရ သုံးဆူဘုရားပွဲကို ဒီနှစ်မှာ ပြန်လည် ကျင်းပနေတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook