Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းခြံ-တောင်သာလမ်းရှိ နန်းမြင့်တောင်စစ်​ကောင်စီစစ်ဆေးရေးဂိတ်ကို PDFများတိုက်ခိုက်

နန်းမြင့်တောင်စစ်ဆေးရေးဂိတ်သည် ခရီးသွားပြည်သူများ၏ ကားနှင့်ဆိုင်ကယ်များအား စစ်ဆေးလေ့ရှိပြီး ငွေညှစ်ခြင်း၊ မသင်္ကါသူများအား ဖမ်းဆီးခြင်းများ ပြုလုပ်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။

(နန်းမြင့်တောင်အား တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)
(နန်းမြင့်တောင်အား တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)

မန္တလေးတိုင်း၊ မြင်းခြံ-တောင်သာလမ်းပေါ်ရှိ စစ်ကောင်စီတပ်၏ နန်းမြင့်တောင်စစ်ဆေးရေးဂိတ်ကို ​ဒေသတွင်းပြည်သူ့ကာကွယ်​ရေးတပ်များကပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုများရှိကြောင်းဒေသတွင်းသတင်းရင်းမြစ်များကပြောသည်။

စက်တင်ဘာလ ၉ ရက်နေ့ ညနေ ၅ နာရီခန့်က တောင်သာမြို့နယ်၊ နန်းမြင့်တောင်စစ်ဆေးရေးဂိတ်တွင်ရှိသော စစ်ကောင်စီတပ်များကို လက်နက်ကြီးဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က လေးဦးဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုရှိ၊မရှိကို စုံစမ်းနေဆဲဖြစ်ကြောင်း နွားထိုးကြီး PDF အဖွဲ့က သတင်းထုတ်ပြန်သည်။

နန်းမြင့်တောင်စစ်ဆေးရေးဂိတ်သည် ခရီးသွားပြည်သူများ၏ ကားနှင့်ဆိုင်ကယ်များအား စစ်ဆေးလေ့ရှိပြီး ငွေညှစ်ခြင်း၊ မသင်္ကါသူများအား ဖမ်းဆီးခြင်းများ ပြုလုပ်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။

ဖြစ်စဥ်နှင့်ပတ်သက်ပြီး နွားထိုးကြီး PDF အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်၏ ထိခိုက်မှုအခြေအနေနှင့်ပတ်သက်၍ People’s Springက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

နွားထိုးကြီး PDFအဖွဲ့သည် ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်နေ့ ညနေပိုင်းကလည်း နွားထိုးကြီးမြို့နယ်၊ ဝက်လူးကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်အား ပစ်ခတ်တိုက်ခိုက်ခဲ့​သေးသည်။

ဆက်စပ်သတင်းများ

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

သတင်း

နှစ်ဘက်တိုက်ပွဲများကြောင့် ဆွာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ(၅)ရွာမှ ပြည်သူအများအပြား နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

သတင်း

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။