Connect with us

Hi, what are you looking for?

သတင်း

ရွာသားတွေကို ရွာထဲကနေထွက်ခွာကြဖို့နဲ့ မသွားရင်မီးရှို့မယ်လို့ စစ်တပ်ကခြိမ်းခြောက်ကြောင်း KNU ပြော

တောင်စုကျေးရွာမှာတော့ ကေအဲန်ယူ-မူးမြို့နယ်ရှိ တာဝန်ရှိခေါင်းဆောင်က စီမံထိန်းသိမ်းပြီး မိမိတို့ရဲ့ကျေးရွာထဲမှာသာ နေထိုင်စေတယ်လို့ ကေအဲန်ယူကဆိုပါတယ်။

ရွာသားတွေကို ရွာထဲကနေထွက်ခွာကြဖို့နဲ့ မသွားရင်မီးရှို့မယ်လို့ စစ်တပ်ကခြိမ်းခြောက်ကြောင်း KNU ပြော
ရွာသားတွေကို ရွာထဲကနေထွက်ခွာကြဖို့နဲ့ မသွားရင်မီးရှို့မယ်လို့ စစ်တပ်ကခြိမ်းခြောက်ကြောင်း KNU ပြော

ကျေးရွာနှစ်ရွာက ဒေသခံပြည်သူပြည်သူလူထုတွေကို ရွာထဲကနေထွက်ခွာဖို့နဲ့ မထွက်ရင် ရွာကိုမီးရှို့ဖျက်ဆီးမယ်လို့ စစ်ကောင်စီတပ်က ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ကေအဲန်ယူက သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ(၁၁)ရက်နေ့က ကေအဲန်ယူ – မူးမြို့နယ်စီမံအုပ်ချုပ်နယ်မြေအတွင်းရှိ တမာခေါနဲ့ တောင်စုကျေးရွာက ရပ်မိရပ်ဖတွေကို စစ်ကောင်စီတပ်က ဗိုလ်ကြီးအဆင့်ရှိသူ ဇေယျာလင်းက ခေါ်တွေ့ပြီး ကျေးရွာပြည်သူလူထုတွေကို ရွာထဲကနေထွက်ခွာဖို့ မထွက်ခွာပါက ရွာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးမယ်လို့ စစ်ကောင်စီတပ်က ခြိမ်းခြောက်ပြောဆိုခဲ့တာဖြစ်ပါတယ်။

ရွာသားတွေကို ရွာထဲကနေထွက်ခွာကြဖို့နဲ့ မသွားရင်မီးရှို့မယ်လို့ စစ်တပ်ကခြိမ်းခြောက်ကြောင်း KNU ပြော
ရွာသားတွေကို ရွာထဲကနေထွက်ခွာကြဖို့နဲ့ မသွားရင်မီးရှို့မယ်လို့ စစ်တပ်ကခြိမ်းခြောက်ကြောင်း KNU ပြော

စစ်ကောင်စီတပ်ရဲ့ခြိမ်းခြောက်မှုကြောင့် တမာခေါကျေးရွာက ဒေသခံပြည်သူလူထုတွေဟာ ကြောက်ရွံ့ထိတ်လန့်ပြီး စက်တင်ဘာ(၁၂)ရက်နေ့က ကျေးရွာကနေ ရွာလုံးကျွတ်ထွက်ခွာကာ စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ နိုဘိုးခီးကျေးရွာနဲ့ အနီးအနားက ကျေးရွာတွေကို ရွှေ့ပြောင်းနေထိုင်ရတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

တမာခေါကျေးရွာမှာ အိမ်ခြေစုစုပေါင်း(၆၁)လုံးနဲ့ လူဦးရေ(၃၃၄)ဦး နေထိုင်ခဲ့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

တောင်စုကျေးရွာမှာတော့ ကေအဲန်ယူ-မူးမြို့နယ်ရှိ တာဝန်ရှိခေါင်းဆောင်က စီမံထိန်းသိမ်းပြီး မိမိတို့ရဲ့ကျေးရွာထဲမှာသာ နေထိုင်စေတယ်လို့ ကေအဲန်ယူကဆိုပါတယ်။

ရွာသားတွေကို ရွာထဲကနေထွက်ခွာကြဖို့နဲ့ မသွားရင်မီးရှို့မယ်လို့ စစ်တပ်ကခြိမ်းခြောက်ကြောင်း KNU ပြော
ရွာသားတွေကို ရွာထဲကနေထွက်ခွာကြဖို့နဲ့ မသွားရင်မီးရှို့မယ်လို့ စစ်တပ်ကခြိမ်းခြောက်ကြောင်း KNU ပြော

ကေအဲန်ယူ-ခလယ်လွီထူခရိုင် မူးမြို့နယ်မှာ အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်းကနေ စတင်ကာ ၂၀၂၂ ခုနှစ် ဇူလိုင်လအထိ စစ်ဘေးရှောင်နေရတဲ့ ကျေးရွာအုပ်စု(၁၇)စုက ကျေးရွာပေါင်း(၆၄)ရွာ၊ အိမ်ခြေပေါင်း(၂၁၁၆)လုံးနဲ့ လူဦးရေစုစုပေါင်း(၁၂၄၅၃)ဦးအထိ ရှိခဲ့တာဖြစ်ပြီး ဩဂုတ်လကနေ စက်တင်ဘာလ(၁၃) ရက်အတွင်း စစ်ဘေးရှောင်ဦးရ(၆၂၁၆)ဦး ထပ်တိုးများလာတယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။