Connect with us

Hi, what are you looking for?

သတင်း

မပြည့်စုံသည့်ကြားက ရပ်ရွာကို ကာကွယ်နေသည့် လူငယ်များ

အချို့ရွာများတွင်မူ မောင်းပြန်သေနတ် အနည်းငယ်ရှိကြသည်။ ထိုအဖွဲ့များအတွက် ကုန်ကျစရိတ်များကို ကျေးရွာက စုပေါင်းကျခံကြသည်။

ဓါတ်ပုံ - People's Spring
ဓါတ်ပုံ - People's Spring

လူထုတော်လှန်ရေး အားကောင်းလာခြင်းကြောင့် စစ်ကောင်စီသည် စစ်ကိုင်းတိုင်း၊ မ​ကွေးတိုင်းနှင့် ​ခုခံမှုအား​ကောင်း​သော​ဒေသရှိ ကျေးလက်ဒေသအများစုထိန်းချုပ်နိုင်စွမ်းမရှိတော့ပေ။

ထိုဒေသများအတွင်း လုံခြုံရေးအတွက် ကျေးရွာအလိုက် ကျေးရွာကာကွယ်ရေးအဖွဲ့များ ၊ရပ်​ရွာပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့(ရပ်​ကျေး ပကဖ) များဖွဲ့စည်းတည်ထောက်လာကြသည်။ ထိုအဖွဲ့များသည် ကျေးရွာများအတွင်း တရားဥပဒေစိုးမိုးရေးအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်လာကြသည်။

လူငယ်များဖြင့် ဖွဲ့စည်းထားသော ရပ်​ကျေးပကဖများသည် ကျေးရွာအတွင်း တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေလုံခြုံရေးအတွက်အဓိကကူညီ ဆောင်ရွက်ရသည်။ ကျေးရွာအတွင်း ရာဇဝတ်မှုများ၊ ခိုးဆိုးလုယက်မှုများ၊ မူးယစ်ရမ်းကားမှုများကို ကိုင်တိုင်ဖြေရှင်းကြရသည်။

လူငယ်အများစုဖြင့် ဖွဲ့စည်းထားသော်လည်း ကျေးရွာအတွင်း ရပ်မိရပ်ဖများ၏ ဦးဆောင်မှုများဖြင့် ဆောင်ရွက်ကြသည်။ တချို့နေရာများသည် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (မြို့နယ်ပအဖ) များက တိုက်ရိုက်ကွပ်ကဲမှုများရှိသည်။ သို့သော်လည်း အများစုမှ ကိုယ်ထူကိုယ်ထ ဖွဲ့စည်းဆောင်ရွက်ကြခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“လက်နက်ကိုင်ထားပီး ပါဝါအာဏာပြချင်စိတ်မရှိပါဘူး ပြည်သူကိုကာကွယ်ပေးနိုင်ရမယ်ဆိုတဲ့စိတ်ပဲရှိတာပါ။ ပြီးတော့ MODကထုတ်ပြန်ထားတဲ့ လိုက်နာရမယ့်စည်းမျဥ်းစည်းကမ်းတွေလည်း ထုတ်ပြန်ထားပါတယ်”ဟု​ဟု ​မ​ကွေးတိုင်းမှ ​ကျေးရွာကာကွယ်​ရေးတပ်ဖွဲ့ဝင်တစ်ဦးက​ပြောသည်။

အဆိုပါလူငယ်အများစုသည် စစ်ပညာကို စနစ်တကျသင်ကြားခွင့်မရ​သေးသူအများစုပါဝင်သည်။လူငယ်များတွင် အများစုမှာ လက်လုပ်သေနတ်များ၊ တစ်လုံးထိုးသေနတ်များဖြင့်ပင်ကျေးရွာကာကွယ်ရေးအတွက် ဆောင်ရွက်ရသည်။

အချို့ရွာများတွင်မူ မောင်းပြန်သေနတ် အနည်းငယ်ရှိကြသည်။ ထိုအဖွဲ့များအတွက် ကုန်ကျစရိတ်များကို ကျေးရွာက စုပေါင်းကျခံကြသည်။

“ရွာနားမှာ တိုက်ပွဲဖြစ်ရင် PDFအဖွဲ့တွေကို ခေါ်လို့မရခင်၊ ကိုယ်ရွာကို ကာကွယ်ဖို့ ပါ”ဟု ပခုက္ကူခရိုင်က ကျေးရွာကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တစ်ဦးကပြောသည်။

မကွေးတိုင်းရှိ တော်လှန်ရေအားကောင်းပြီး စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများကြီးစိုးသည့် ရွာများအပ ကျေးရွာကာကွယ်ရေးအဖွဲ့များ ရှိကြသည်။

ကျေးရွာကာကွယ်ရေးအဖွဲ့များသည် စစ်ကောင်စီတပ်၏ ထိုးစစ်များကို ခုခံကာကွယ်ရန် ၊တိုက်ပွဲဝင်ရန် အထိ့​တော့လက်နက်အင်အား မမျှကြပါ။အကြမ်းဖက် စစ်ကောင်စီတပ်သည်စစ်ကြောင်းထိုးလျှင် တွေ့ရှိသည့် ကျေးရွာကာကွယ်ရေးတပ်ဖွဲ့ဝင်များကို အသေပစ်သတ်လေ့ရှိသည်။ ဖမ်းဆီးရမိသည့် လူငယ်များကိုလည်း ရက်ရက်စက်စက်ညှင်းပန်းနှိမ့်စက်ပြီး သတ်ဖြတ်လေ့ရှိသည်။

စစ်ကောင်စီတပ်နှင့် ၎င်းတို့ လက်ပါးစေ ပျူစောထီးများနှင့်ထိပ်တိုက်​တွေ့ပြီးအဖမ်းခံရပါက ရက်ရက်စက်စက် နှိမ့်နှင်းနေသော်လည်း လူငယ်များကတော့ ရဲဝံ့စွာဖြင့်ပင် စစ်အာဏာသိမ်းမှုကို တော်လှန်ရင်း မိမိရပ်ရွာကို ကာကွယ်နေဆဲဖြစ်သည်။

“မတရားတာကို မျက်စိထဲမြင်တဲ့အခါမှာ လက်ပိုက်မကြည့်နိုင်တဲ့စိတ်ကြောင့်မို့လို့ ဒီအဖွဲ့ထဲရောက်လာတာပါ”ဟု အသက် ၂၁ နှစ်အရွယ်ရှိ​ဟု ​ပေါက်မြို့နယ်မှ ​ကျေးရွာကာကွယ်​ရေးတပ်ဖွဲ့ဝင်တစ်ဦးက​ပြောသည်။

“တော်လှန်ရေးပြီးသွားရင်တော့ ကာကွယ်ရေးအပိုင်းမှာပဲ ဆက်လက်တာဝန်ထမ်းဆောင်ချင်ပါတယ်။ ငယ်ငယ်ကတည်းကလည်း ဝါသနာပါခဲ့ပါတယ်ဗျ”ဟုအထက်ပါ ​ကျေးရွာကာကွယ်​ရေးအဖွဲ့ဝင်ကသူ၏ ဆန္ဒကို​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

အတွေးအမြင်

ကလေးတွေကို ကြီးလာရင် ဘာဖြစ်ချင်လဲ၊ လူငယ်တွေကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ။ ဘာလုပ်ဖို့ရည်ရွယ်ထားလဲ ဆိုတာမျိုး မေးတတ်ကြပါတယ်။ ဆရာဝန်ဖြစ်ချင်သလား။ အင်ဂျင်နီယာဖြစ်ချင်သလား။ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်သလား။ နိုင်ငံခြားမှာ ပညာသင်ချင် သလား။ တစ်ခါတလေမှာတော့ လူငယ်တစ်ယောက်ကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ လို့ မေးလိုက်တာဟာ လွယ်ပါတယ်။