Connect with us

Hi, what are you looking for?

သတင်း

လက်ပံတောင်းဒေသ၌ လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ် အရာရှိအပါအဝင် ၅ဦး လက်နက်များနှင့်အတူ CDM ပြုလုပ်

တစ်ဖက်တွင် ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ဖွဲ့ဝင်များအနေဖြင့် စစ်ကောင်စီတပ်ကို မတိုက်ခိုက်ရပါက အဓိပ္ပါယ်မရှိဟု ယူဆလျက်ရှိနေရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဆန့်ကျင်ဘက် အနေအထားဖြစ်သည်ဟု ဆိုသည်။

(အာဏာသိမ်းစစ်​ကောင်စီ​အောက်တွင် တာဝန်မထမ်းဘဲ ပြည်သူနှင့်ပူး​ပေါင်း၍ CDM ပြုလုပ်ကြရန် တိုက်တွန်း​သော ဆိုင်းဘုတ်ကိုင်​ဆောင်၍ ၂၀၂၁ ​ခုနှစ်တွင်ရန်ကုန်မြို့၌ ပြည်သူများက စစ်တပ်တင်ကား​ရှေ့တွင်ဆန္ဒထုတ်​ဖော်ခဲ့စဥ်။ဓါတ်ပုံ-AP)
(အာဏာသိမ်းစစ်​ကောင်စီ​အောက်တွင် တာဝန်မထမ်းဘဲ ပြည်သူနှင့်ပူး​ပေါင်း၍ CDM ပြုလုပ်ကြရန် တိုက်တွန်း​သော ဆိုင်းဘုတ်ကိုင်​ဆောင်၍ ၂၀၂၁ ​ခုနှစ်တွင်ရန်ကုန်မြို့၌ ပြည်သူများက စစ်တပ်တင်ကား​ရှေ့တွင်ဆန္ဒထုတ်​ဖော်ခဲ့စဥ်။ဓါတ်ပုံ-AP)

လက်ပံတောင်းတောင်၌ လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် ၅ဦး လက်နက်များနှင့်အတူ CDM ပြုလုပ်လာကြောင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ဖွဲ့ တာဝန် ရှိသူတစ်ဦးက ပြောသည်။

စက်တင်ဘာ ၁၂ရက်က ဗိုလ်တစ်ဦးနှင့် ရဲဘော် ၄ဦးတို့ ဒေသခံ ကာကွယ်ရေးတပ်တာဝန်ရှိသူများနှင့် ချိတ်ဆက်ပြီး CDM ပြုလုပ်လာသည့်အပေါ် စစ်ကောင်စီတပ်က လိုက်လံရှာဖွေမှု ပြုလုပ်ခဲ့ကြောင်း၊ လက်ရှိတွင် CDM စစ်သည်များ ဘေးကင်းရာသို့ ရောက်ရှိပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

” လက်ပန်းတောင်းမှာ လုံခြုံရေးချထားတဲ့အဖွဲ့ထဲက နှစ်ပွင့်ဗိုလ်အပါအဝင် တပ်သား ၄ယောက် အားလုံးပေါင်း ၅ယောက် လက်နက်ခဲယမ်းနဲ့အတူ CDM လုပ်သွားတယ်။ အဲဒီသတင်းရတယ်။ သူတို့ က ကျနော့်ဆီ သတင်းရောက်တဲ့အနေအထားကတော့ CDM တွေအတွက် လုံခြုံတဲ့နေရာ ရောက်ပြီလို့ သတင်းရတယ်။ နောက်ဆက်တွဲသတင်းတော့မရောက်သေးဘူး။ သူတို့ ဆက်ပြီး သူတို့ တော်လှန်ရေးထဲ ဝင်မှာလား ဒါမှမဟုတ် သူတို့ဘက်က ဘာထောက်ပံ့မှု ဘာပြန်လုပ်လည်းဆိုတဲ့ အချက်မရသေးဘူး။ သူတို့ဆီက လက်နက်ခဲယမ်းတော်တော်လေး ပါခဲ့တယ်ပြောတယ်”ဟု ဒေသတွင်း PDF တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်တလောတွင် KNU ဘက်၌ စစ်ကောင်စီတပ် က စစ်မတိုက်လိုကြောင်း တပ်ရင်းအလိုက် ဆန္ဒပြမှု ဖြစ်ခဲ့ပြီး ရခိုင်ဘက်တွင်လည်း စစ်ကောင်စီတပ်စခန်းများ တစ်ခုပြီးတစ်ခု AAက တိုက်ခိုက် သိမ်းပိုက်လျက်ရှိကြောင်း၊ ဒေသအသီးသီး၌ စစ်မျက်နှာဖွင့်ထားရသည့် စစ်ကောင်စီတပ်အနေဖြင့် ပြည်သူနှင့် တိုက်ခိုက်နေရခြင်းဖြစ်၍ စိတ်ဓာတ်ပိုင်းဆိုင်ရာများစွာ ကျဆင်းနေပြီဖြစ်ကြောင်း ယင်းမာပင်နယ်ခံ PDF တာဝန်ရှိသူက ပြော သည်။

Public Service Announcement

Public Service Announcement

တစ်ဖက်တွင် ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ဖွဲ့ဝင်များအနေဖြင့် စစ်ကောင်စီတပ်ကို မတိုက်ခိုက်ရပါက အဓိပ္ပါယ်မရှိဟု ယူဆလျက်ရှိနေရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဆန့်ကျင်ဘက် အနေအထားဖြစ်သည်ဟု ဆိုသည်။

” စစ်ကောင်စီနဲ့ ထိပ်တိုက်တွေ့ သို့မဟုတ် သွားရောက်ဖောက်ခွဲတယ်ဆိုတဲ့ မစ်ရှင်တစ်ခုခုကို မလုပ်ရဘဲနဲ့ အချိန်ကာလ နည်နည်းကြာသွားရင်ကို PDF တွေက ငြီးငွေ့လာတဲ့သဘောရှိတယ်။သူတို့ (စစ်ကောင်စီ) ဘက်ကကြတော့ တိုက်ရမယ် ဆိုတာကို မဟုတ်ဘူး ရှေ့တန်း ဆိုတဲ့ အနေ

အထား နယ်လှည့်တာမျိုး စစ်ကြောင်းထိုးတာမျိုး လုပ်ရမယ်ဆိုရင်ကို သူတို့မှာက စိတ်ကစဉ့်ကလျားဖြစ်နေပြီ” ဟု ယင်းမာပင် ဒေသရှိ PDF တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်မှ CDM ပြုလုပ်လာမှု များပြားလာနေပြီး နောက်ပိုင်းတွင် အစုအဖွဲ့လိုက်၊ တပ်ရင်းလိုက် ပြည်သူလူထုဘက် ပူးပေါင်းလာသည့် အနေအထားများ ဖြစ်လာနိုင်သည်ဟု ၎င်းက သုံးသပ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)နဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) နိုင်ငံ့ဝန်ထမ်းတွေ ဆွေးနွေးပွဲကို ဇူလိုင် ၁၂ရက်က ကျင်းပခဲ့ကြောင်း SCEFနဲ့ CDM အ ဖွဲ့အစည်းတွေက အသိပေးထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။