Connect with us

Hi, what are you looking for?

သတင်း

‘ဒေါင်းအလံလွှင့်စစ်ဆင်ရေး’အဖြစ် သင်္ဃန်းကျွန်းမြို့နယ် တရားရုံးအား ဖောက်ခွဲတိုက်ခိုက်

ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့် ပတ်သက်သည့် နေရာများအား ရှောင်ရှားသွားလာကြစေရန်လည်း မြို့ပြပြောက်ကြားတပ်ဖွဲ့များက မေတ္တာရပ်ခံခဲ့သည်။

ယမန်နေ့ညက ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် သင်္ဃန်းကျွန်းမြို့နယ် တရားရုံးအား တွေ့ရစဥ်၊ဓာတ်ပုံ - CJ
ယမန်နေ့ညက ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် သင်္ဃန်းကျွန်းမြို့နယ် တရားရုံးအား တွေ့ရစဥ်၊ဓာတ်ပုံ - CJ

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ဦးဘဟန်လမ်းပေါ်ရှိ မြို့နယ်တရားရုံးအား “ဒေါင်းအလံလွှင့်” စစ်ဆင်ရေးအဖြစ် ယမန်နေ့ (စက်တင်ဘာ ၁၆) ညပိုင်းက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Gurdians UG က ထုတ်ပြန် သည်။

ယမန်နေ့ ည ၇နာရီ မိနစ်၅၀ တွင် သင်္ဃန်းကျွန်းမြို့နယ် တရားရုံးအား Guardians UG ၏ တပ်ခွဲ ဖြစ်သည့် TGK Gurdians က ဖောက်ခွဲတိုက်ခိုက်ရာ လုံခြုံရေးဂိတ်အနီးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီဝင်အချို့ ထိခိုက်မှုရှိနိုင်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

” ညက ၈ နာရီလောက်မှာ ပေါက်ကွဲသံ တချက်ကြားလိုက်ရတယ်။ နောက်တော့ ရဲကား၊ စစ်ကားတွေ တရားရုံးဘက်သွားနေတာ တွေ့မှ တရားရုံးနားမှာ ပေါက်မှန်းသိတာပါ။ လမ်းတွေ ပိတ်လိုက်တော့ လူထိခိုက်မှု ရှိ မရှိကို မသိရပါဘူး။ ဆေးရုံကားတစ်စီး အဲ့ဘက်ကို သွားတာတော့ တွေ့လိုက်ပါတယ် “ဟု သင်္ဃန်းကျွန်းမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

အဆိုပါဖောက်ခွဲတိုက်ခိုက်မှုအပြီး၌ ရဲဘော်များ အန္တရာယ်မရှိ အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းကိုလည်း Gurdians UG က အသိပေးခဲ့သည်။

Public Service Announcement

Public Service Announcement

ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့် ပတ်သက်သည့် နေရာများအား ရှောင်ရှားသွားလာကြစေရန်လည်း မြို့ပြပြောက်ကြားတပ်ဖွဲ့များက မေတ္တာရပ်ခံခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် (၁၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ တရားမဝင်‌ရွေးကောက်ပွဲအတွက် အစည်းအဝေးပြုလုပ်နေသော အုပ်ချုပ်ရေးအဖွဲ့ကို လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပြင်းအားမြင့် မိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း မြို့ပြကြွက်အဖွဲ့ တာဝန်ရှိသူက ပြောသည်။

သတင်း

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် (၁၄၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား မတ်လ ၈ရက် ည ၁၀ နာရီခန့်တွင် လက်ပစ်ဗုံးသုံးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Yangon Army(YA)အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

သတင်း

ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ချည်မျှင်နှင့်အထည်စက်ရုံ နှင့် လှိုင်သာယာမြို့မရဲစခန်းတို့ကို ဖောက်ခွဲတိုက်ခိုက်မှုလုပ်ခဲ့ကြောင်း Yangon Army(YA) မှ တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

သတင်း

ယုန်လေး​၏ ရုပ်ရှင်ပွဲမသွားရန် GHF တာဝန်ရှိသူတိုက်တွန်း