Connect with us

Hi, what are you looking for?

နိုင်ငံတကာ

၄၈ ထပ်တိုက်ကို လက်ဗလာနဲ့ တွယ်တက်ပြခဲ့ပြန်တဲ့ ပြင်သစ် လူစွန့်စား

၄၈ ထပ်မြင့်တဲ့ TotalEnergies မျှော်စင်ဆိုတာလည်း ရောဘတ် ခဏခဏ တွယ်တက်လို့ သိပ်မစိမ်းလှတော့တဲ့ နေရာမျိုး ဖြစ်နေပါပြီ။ ဒီတစ်ကြိမ်မှာတော့ သူဟာ မျှော်စင်ထိပ်ထိရောက်ဖို့ မိနစ် ၆၀ သာ အချိန်ယူခဲ့ရပါတယ်။

၄၈ ထပ်တိုက်ကို လက်ဗလာနဲ့ တွယ်တက်ပြခဲ့ပြန်တဲ့ ပြင်သစ် လူစွန့်စား
၄၈ ထပ်တိုက်ကို လက်ဗလာနဲ့ တွယ်တက်ပြခဲ့ပြန်တဲ့ ပြင်သစ် လူစွန့်စား

သက်ရှိထင်ရှား Spider-Manလို့ တင်စားခံရတဲ့ ပြင်သစ် လူစွန့်စားဟာ ပါရီမြို့တော်က မိုးမျှော်တိုက်ကြီး တစ်လုံးပေါ် လုံခြုံရေး အကာအကွယ်တွေ မပါဘဲ တွယ်တက်ပြခဲ့ပါတယ်။

အလိန်းရောဘတ်ဟာ ကမ္ဘာအနှံ့က အဆောက်အအုံမြင့်ကြီးတွေကို ကြိုးမပါ၊ လုံခြုံရေး အစီအမံတွေ မပါဘဲ လက်ချည်းသက်သက် အကြိမ်ကြိမ် တွယ်တက်ပြခဲ့တာကြောင့် လူသိများသူ တစ်ယောက် ဖြစ်ပါတယ်။

စက်တင်ဘာ ၁၇ ရက်က ဒီဖန့်ဆေး ရပ်ကွက်မှာရှိတဲ့ TotalEnergies မျှော်စင် အဆောက်အအုံကြီးကို လက်ဗလာနဲ့ တွယ်တက်သွားချိန်မှာ ရောဘတ်ရဲ့ အသက်က ၆၀ ကျော်နေပြီ ဖြစ်ပါတယ်။ မျှော်စင်ထိပ်ထိ ရောက်ရှိခဲ့တဲ့နောက် ရောဘတ်က သူက အသက် ၆၀ အရွယ်ဆိုတာ ဘာဆုတ်ယုတ်မှုမှ မရှိသေးဘူး ဆိုတာကို လူတွေမြင်အောင် ပြချင်ကြောင်း၊ ဒီအရွယ်မှာ အားကစားတွေ၊ ကိုယ်လက်လှုပ်ရှားမှုတွေ တက်တက်ကြွကြွ ဆက်လုပ်နိုင်သလို ကိုယ်ဆန္ဒရှိတဲ့ အရာတိုင်းကိုလည်း စိတ်လွတ်ကိုယ်လွတ် စွမ်းဆောင်နိုင်နေတုန်းပဲဖြစ်ကြောင်း ပြောသွားပါတယ်။

မျှော်စင်ထိပ်ကို ရောက်သွားချိန်မှာတော့ ရောဘတ်တစ်ယောက် ရိုးရာမပျက် အဖမ်းခံခဲ့ရပါသေးတယ်။ အရင်ကလည်း သူဟာ အထပ်မြင့် အဆောက်အအုံကြီးတွေရဲ့ ထိပ်ဆုံးကို ရောက်သွားတိုင်း ဒေသခံ ရဲတပ်ဖွဲ့က စောင့်ကြိုပြီး ဖမ်းဆီး ထိန်းသိမ်းတာမျိုး ကြုံနေရကျ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

၄၈ ထပ်မြင့်တဲ့ TotalEnergies မျှော်စင်ဆိုတာလည်း ရောဘတ် ခဏခဏ တွယ်တက်လို့ သိပ်မစိမ်းလှတော့တဲ့ နေရာမျိုး ဖြစ်နေပါပြီ။ ဒီတစ်ကြိမ်မှာတော့ သူဟာ မျှော်စင်ထိပ်ထိရောက်ဖို့ မိနစ် ၆၀ သာ အချိန်ယူခဲ့ရပါတယ်။

ပြင်သစ်မှာက အသက် ၆၀ ဆိုတာဟာ အငြိမ်းစား ယူရမယ့် အရွယ်လို့ သတ်မှတ်ထားကြကြောင်း၊ ဒီအခြေအနေမျိုးကို သူက ဖောက်ထွက်ပြလိုက်တာဟာ ကောင်းမွန်တဲ့ စိတ်ကူးတစ်ခုလို့ ယုံကြည်ကြောင်းလည်း ရောဘတ်က ရှင်းပြပါတယ်။

သူ့ရဲ့ သည်းထိတ်ရင်ဖို စွန့်စားမှုဟာ ကမ္ဘာ့ရာသီဥတု ဖောက်ပြန် ပြောင်းလဲလာမှုကို လူသားတွေ ပိုပြီး အလေးထား အာရုံစိုက်စေဖို့လည်း ရည်ရွယ်ကြောင်း ရောဘတ်က ဆိုပါတယ်။ သူဟာ ဒူဘိုင်းက ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံဖြစ်တဲ့ ဘာ့ဂျ်ခါလီဖာ အပါအဝင် ကမ္ဘာအနှံ့က အထင်ကရ အဆောက်အအုံမြင့်ကြီးတွေကိုလည်း တွယ်တက်ပြခဲ့ဖူးပြီး ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြင်သစ်နိုင်ငံမှာ ရထားတစ်စီး သံလမ်းချော်မှု ဖြစ်ပွားပြီး လူ ၄၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ ဆွီဒင်နဲ့ ပြင်သစ်တို့ဟာ စစ်သင်္ဘော ဝယ်ယူရေး စာချုပ်တစ်ခုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

သတင်း

ပြင်သစ်နိုင်ငံမှာ လူအုပ်ထဲ ကားနဲ့ဝင်တိုက်ခဲ့တဲ့ ဖြစ်ရပ်ကြောင့် ၁ ဦးသေဆုံးခဲ့ပြီး ၁၀ ဦး ဒဏ်ရာရသွားပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။