Connect with us

Hi, what are you looking for?

သတင်း

မိုးမိတ်မြို့နယ်တရားရုံး ဗုံးခွဲတိုက်ခိုက်ခံရ

ပြီးခဲ့သည့် ဇူလိုင်လကလည်း မိုးမိတ်ခရိုင်ထွေအုပ်ရုံး၊ မြို့အဝင်ရှိ စစ်ကောင်စီကင်းစခန်းနှင့် ရဲစခန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး Non CDM ဝန်ထမ်းသုံးဦး ဒဏ်ရာရခဲ့သည်။

မိုးမိတ်မြို့နယ်တရားရုံး ဗုံးခွဲတိုက်ခိုက်ခံရ
မိုးမိတ်မြို့နယ်တရားရုံး ဗုံးခွဲတိုက်ခိုက်ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်တရားရုံး ယနေ့နေ့လယ်က ဗုံးခွဲတိုက်ခိုက်ခံရပြီး လူထိခိုက်မှုရှိ၊မရှိ မသိရသေးသော်လည်း ရုံးအဆောက်အဦးနှင့် ကား၊ဆိုင်ကယ်အချို့ ပျက်ဆီးသွားသည်။

မိုးမိတ်တရားရုံးဝန်းအတွင်း ယနေ့(စက်တင်ဘာ ၁၉ရက်) နေ့လယ် ၂နာရီခန့်တွင် ပြင်းထန်သည့် ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ဗုံးခွဲတိုက်ခိုက်ခံရ​​ခြင်းဟု ယင်းနေရာအနီးတွင် နေထိုင်သူတစ်ဦးကပြောသည်။

“ရုံးအရှေ့ပိုင်း ပျက်စီးတယ်။ ကားတွေရော၊ ဆိုင်ကယ်တွေရော ထိတယ်။ ပေါက်ကွဲတဲ့တစ်ချိန်တည်းမှာ သေနတ်သံ လေးချက်လည်း ကြားတယ်။ လူထိ၊မထိ မသိရသေးဘူး”ဟု ဒေသခံတစ်ဦးကပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လကလည်း မိုးမိတ်ခရိုင်ထွေအုပ်ရုံး၊ မြို့အဝင်ရှိ စစ်ကောင်စီကင်းစခန်းနှင့် ရဲစခန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး Non CDM ဝန်ထမ်းသုံးဦး ဒဏ်ရာရခဲ့သည်။

Public Service Announcement

Public Service Announcement

မိုးမိတ်မြို့တွင် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နှင့် PDF ပူးပေါင်းအဖွဲ့ကလည်း စစ်ကောင်စီတော်လှန်ရေးဆောင်ရွက်နေသလို ယခုရက်ပိုင်းတွင် စစ်ကောင်စီနှင့် SSPP တို့လည်း တိုက်ပွဲ ဖြစ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မိုးမိတ်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့စစ်တပ်က ၎င်းတို့မထောက်ခံတဲ့ ဒေသခံတွေကို တော်လှန်ရေးအင်အားစုတွေနဲ့ ဆက်စပ်တယ်လို့ စွပ်စွဲ ဖမ်းဆီးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA)ထံက တရုတ် အကူအညီနဲ့ တောင်းယူထားတဲ့ မိုးမိတ်မြို့ကို လာမယ့် ဖေဖော်ဝါရီလဆန်းမှာ ဌာနဆိုင်ရာဝန်ထမ်းတွေ ပို့ဖို့ စစ်ကောင်စီက ပြင်ဆင်နေပါတယ်။

သတင်း

မိုးမိတ်မြို့နယ်ထဲမှာ ဒီ‌နေ့ ဒီဇင်ဘာ ၂၄ရက်မနက်ကစပြီး PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီ တိုက်ပွဲဖြစ်နေပါတယ်။

သတင်း

ရန်ကုန်မြို့၊ တာမွေမြို့နယ်ရဲစခန်းကို ဗုံးသုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိနိုင်ကြောင်း မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူက ပြောသည်။