Connect with us

Hi, what are you looking for?

သတင်း

မိုးမိတ်မြို့ခံအချို့ကို စစ်တပ် ခြိမ်းခြောက်ဖမ်းဆီးနေ

မိုးမိတ်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့စစ်တပ်က ၎င်းတို့မထောက်ခံတဲ့ ဒေသခံတွေကို တော်လှန်ရေးအင်အားစုတွေနဲ့ ဆက်စပ်တယ်လို့ စွပ်စွဲ ဖမ်းဆီးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မိုးမိတ်မြို့မှာ တွေ့ရတဲ့ စစ်ကောင်စီတပ်သားတွေ။ ဓာတ်ပုံ - စစ်ကောင်စီ

မတ်-၂၆။၂၀၂၆။အိမ်သွင်/People’s Spring

မိုးမိတ်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့စစ်တပ်က ၎င်းတို့မထောက်ခံတဲ့ ဒေသခံတွေကို တော်လှန်ရေးအင်အားစုတွေနဲ့ ဆက်စပ်တယ်လို့ စွပ်စွဲ ဖမ်းဆီးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အခု မတ်လအတွင်း မြို့ခံ ၇ဦးကို ဖမ်းဆီးထားပြီး နောက်ထပ်ခြိမ်းခြောက်မှုတွေလည်းလုပ်နေတယ်လို့ မိုးမိတ်မြို့ခံတွေက ပြောပါတယ်။

” မြို့ပေါ်ကိုတော့ စစ်တပ်က အပြည့်အဝထိန်းချုပ်နိုင်တဲ့သဘောဖြစ်နေပြီ။ ပြီးခဲ့တဲ့လကအထိကတော့ သူတို့လည်း လွတ်လွတ်လပ်လပ်မနေရဲဘူး။ အခုနောက်ပိုင်းကတော့ တော်လှန်ရေးဘက်ကလည်းမြို့နားကနေဆုတ်သွားပြီ။ အဲဒီလိုအခြေအနေမှာပဲ ဒေသခံတွေကိုပစ်မှတ်ထားပြီးတော့ဖမ်းဆီးနေတယ်”လို့ မိုးမိတ်မြို့ခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ယခုရက်ပိုင်းအတွင်း စစ်တပ်ဖမ်းဆီးတဲ့အထဲမှာ အမျိုးသမီးနှစ်ဦး ပါဝင်ပြီး ဒေသခံတွေဟာ ခြိမ်းခြောက် အကြပ််ကိုင်ပြီး ဖမ်းဆီးခံရမှာကိုကြောက်လန့်နေကြတယ်လို့ ပြောပါတယ်။

မိုးမိတ်မြို့ဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ
တအာင်းတပ်မတော်(TNLA)ပူးပေါင်းတပ်က သိမ်းယူခဲ့တဲ့မြို့ဖြစ်ပါတယ်။

မိုးမိတ်မြို့နဲ့အတူ မိုးကုတ်မြို့ကို တရုတ်အစိုးရရဲ့အကူအညီနဲ့ စစ်တပ်ထံကို ၂၀၂၅ အောက်တိုဘာမှာ TNLAက ပြန်ပေးခဲ့တာပါ။

အဲဒီနောက်ပိုင်း နှစ်မြို့နယ်လုံးမှာ စစ်ကောင်စီတပ်တွေကို PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ကြပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD) စစ်ရုံးချုပ်က မိုးကုတ် – မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကို နိုဝင်ဘာလ (၉) ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပြီး စစ်ကောင်စီစစ်ကြောင်းတွေကို နိုဝင်ဘာ ၃၀ရက်ကစပြီး တိုက်ခိုက်ခဲ့တာပါ။

ဒါပေမယ့် မတ်လဆန်းထဲမှာ တိုက်ပွဲတွေပိုမိုပြင်းထန်လာပြီးတဲ့နောက်ပိုင်း PDFပူးပေါင်းတပ်တွေက နှစ်မြို့စလုံးကနေ ဆုတ်ခွာခဲ့ရပါတယ်။

စစ်တပ်က အင်အားအများအပြား ဖြည့်ထားသလို လက်နက်ခဲယမ်းလိုအပ်ချက်တွေလည်းရှိတာကြောင့် ဆုတ်ခွာခဲ့ရတာလို့ တော်လှန်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးမှာ တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ခဲ့တဲ့မြို့နယ်တွေအနက် နောင်ချို၊ သီပေါ၊ ကျောက်မဲ၊ လားရှိုးမြို့နယ်တွေကိုလည်း စစ်တပ်က ပြန်လည်ထိန်းချုပ်ထားပါတယ်။ အဲဒီမြို့က ဒေသခံတွေကိုလည်း တော်လှန်ရေးအင်အားစုတွေနဲ့ဆက်စပ်တယ်ဆိုပြီး စစ်တပ်ကလိုက်လံဖမ်းစီးတာ၊နေအိမ်တွေကိုချိတ်ပိတ်ထားတွေလုပ်ဆောင်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထံက တရုတ် အကူအညီနဲ့ တောင်းယူထားတဲ့ မိုးမိတ်မြို့ကို လာမယ့် ဖေဖော်ဝါရီလဆန်းမှာ ဌာနဆိုင်ရာဝန်ထမ်းတွေ ပို့ဖို့ စစ်ကောင်စီက ပြင်ဆင်နေပါတယ်။

သတင်း

မိုးမိတ်မြို့နယ်ထဲမှာ ဒီ‌နေ့ ဒီဇင်ဘာ ၂၄ရက်မနက်ကစပြီး PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီ တိုက်ပွဲဖြစ်နေပါတယ်။

သတင်း

ပြည်သူတွေကို ခေတ်ပျက်ကာလ နိုင်ငံရေး အရှုပ်အထွေးတွေကြားပါဝင်ပြီး ကိုယ့်ကိုကိုယ် ထိခိုက်အောင်မလုပ်ဖို့တိုက်တွန်းခဲ့တဲ့ မန္တလေးသား အဆိုတော် J Fireကို တော်လှန်ရေးအင်အားစုတွေက Boycott ပြုလုပ်ဖို့ တိုက်တွန်းနေပါတယ်။

သတင်း

စစ်ကောင်စီရဲ့ ဖိနှပ်မှုတွေကြောင့် တိမ်းရှောင်လာသူအများအပြားရှိတဲ့ ထိုင်းနိုင်ငံကို ပြည်တွင်းက အနုပညာရှင်တွေရဲ့ လှုပ်ရှားမှုတွေ နယ်ချဲ့လာတာကြောင့် တော်လှန်ရေးအင်အားစုတွေက သပိတ်မှောက်ကြဖို့ တိုက်တွန်းနေကြပါတယ်။