Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းမြို့နယ်ရှိ စာသင်ကျောင်းတစ်ကျောင်း တိုက်ခိုက်ခံရမှုတွင် ကလေးငယ် (၁၁)ဦးခန့်သေဆုံးဟု ယူနီဆက်မြန်မာ ထုတ်ပြန်

စာသင်ကျောင်းများသည် ဘေးကင်းလုံခြုံသော နေရာများဖြစ်ရမည်ဖြစ်ပြီး ကလေးသူငယ်များကို မည်သည့်အခါမှမတိုက်ခိုက်ရကြောင်း အသိပေးထားသည်။

ဒီပဲယင်းမြို့နယ်ရှိ စာသင်ကျောင်းတစ်ကျောင်း တိုက် ခိုက်ခံရမှုတွင် ကလေးငယ် (၁၁)ဦးခန့်သေဆုံးဟု ယူနီဆက်မြန်မာ ထုတ်ပြန်
ဒီပဲယင်းမြို့နယ်ရှိ စာသင်ကျောင်းတစ်ကျောင်း တိုက် ခိုက်ခံရမှုတွင် ကလေးငယ် (၁၁)ဦးခန့်သေဆုံးဟု ယူနီဆက်မြန်မာ ထုတ်ပြန်

▪︎ကလေး (၁၅)ဦးခန့်ပျောက်ဆုံးနေပြီး အန္တရာယ်ကင်းစွာ အမြန်ဆုံးလွှတ်ပေးရန် ယူနီဆက် တောင်းဆို

▪︎ယူနီဆက်မြန်မာထုတ်ပြန်ချက်တွင် စစ်​ကောင်စီတပ်ကကျူးလွန်ခြင်းဟု တိုက်ရိုက်သုံးစွဲ​ဖော်ပြခြင်းမရှိ

ဒီပဲယင်းမြို့နယ်ရှိ စာသင်ကျောင်းတစ်ကျောင်းကို စစ်လေယာဥ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အနည်း ဆုံး ကလေးငယ် (၁၁)ဦးသေဆုံးခဲ့ကြောင်း ယူနီဆက်မြန်မာက ယနေ့(စက်တင်ဘာ ၁၉) ထုတ်ပြန်သည်။

စက်တင်ဘာလ ၁၆ ရက်နေ့တွင် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ရှိ စာသင်ကျောင်းတစ်ကျောင်းအပါအဝင် အရပ် သားပြည်သူများနေထိုင်ရာနေရာများကို စစ်လေယာဥ်များဖြင့် လေ‌ကြောင်းတိုက်ခိုက်မှုနှင့် မဆင်မခြင်ပစ်ခတ်မှုများကြောင့် အနည်းဆုံး ကလေးငယ် ၁၁ ဦးခန့်သေဆုံးခဲ့ပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ယူနီဆက်မှ မိမိတို့သားသမီးများအားဆုံးရှုံးခဲ့ကြရသော မိဘများနှင့် မိသားစုဝင်များနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်။ အသေးစိတ်အချက်အလက်များကိုလည်း ဆက်လက်အတည်ပြုနေပါသည်”ဟု ဆိုသည်။

ဒီပဲယင်းမြို့နယ်ရှိ စာသင်ကျောင်းတစ်ကျောင်း တိုက် ခိုက်ခံရမှုတွင် ကလေးငယ် (၁၁)ဦးခန့်သေဆုံးဟု ယူနီဆက်မြန်မာ ထုတ်ပြန်
ဒီပဲယင်းမြို့နယ်ရှိ စာသင်ကျောင်းတစ်ကျောင်း တိုက် ခိုက်ခံရမှုတွင် ကလေးငယ် (၁၁)ဦးခန့်သေဆုံးဟု ယူနီဆက်မြန်မာ ထုတ်ပြန်

အဆိုပါ တိုက်ခိုက်ခံရသော စာသင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ အနည်းဆုံး (၁၅)ဦးခန့်မှာလည်း ပျောက်ဆုံးနေပြီး ယူနီဆက်အနေဖြင့် ကလေးများအား ဘေးအန္တရာယ်ကင်းစွာဖြင့် ချက်ချင်း ပြန်လွှတ်ပေးရန် တောင်းဆိုထားသည်။

Public Service Announcement

Public Service Announcement

စာသင်ကျောင်းများသည် ဘေးကင်းလုံခြုံသော နေရာများဖြစ်ရမည်ဖြစ်ပြီး ကလေးသူငယ်များကို မည်သည့်အခါမှမတိုက်ခိုက်ရကြောင်း အသိပေးထားသည်။

သို့​သော်ထုတ်ပြန်ထုတ်ပြန်ချက်တွင် က​လေးငယ်များကိုပစ်ခတ်သတ်ဖြတ်မှုကို စစ်​ကောင်စီတပ်ကကျူးလွန်သည်ဟုတိုက်ရိုက်သုံးစွဲခြင်းမရှိဘဲ၊ အဂ်လိပ်ဘာသာတွင် “air Strike and indiscriminate fire “ဟုသုံးနှုန်းပြီး ၊မြန်မာဘာသာထုတ်ပြန်ချက်တွင် စစ်​လေယာဥ်များဖြင့်တိုက်ခိုက်မှု ၊မဆင်မခြင်ပစ်ခတ်မှုများ​ကြောင့်ဟု Unicef မြန်မာထုတ်ပြန်ချက်တွင် ​​ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်၀မြို့နယ်အတွင်းက ကျောင်းသူ၊ကျောင်းသားတွေဟာ AA ပညာရေးဌာနက အသစ်ပြဌာန်းထားတဲ့ ရခိုင်ဘာသာသင်ရိုးသစ်ကိုပဲ သင်ရမှာမဟုတ်ဘဲ အရင်သင်ရိုးဟောင်း မြန်မာစာကိုသင်ချင်ရင်လည်း သင်နိုင်တယ်လို့ ပညာရေးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က တပ်ကြပ် ၁ဦး သေဆုံးကာ MA-1 သေနတ် သိမ်းဆည်းရမိခဲ့ကြောင်း အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ငယ်ရွယ်တဲ့ ကျောင်းသူကျောင်းသားတွေ ဉာဏ်ရည်တု နည်းပညာ (AI) အသုံးပြုခွင့်ကို ပိတ်ပင်လိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက စာသင်ကျောင်း တစ်ခုမှာ ဆယ်ကျော်သက် ကျောင်းသားတစ်ဦးကပစ္စတို တစ်လက်နဲ့ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။