Connect with us

Hi, what are you looking for?

News

တိုးတက်ကောင်းမွန်တဲ့အခြေအနေနဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးအရေးပေါ်လုပ်ဆောင်ဖို့ ကုလတောင်းဆို

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ကို ရိုဟင်ဂျာဒုက္ခသည်တွေ အစုလိုက်အပြုံလိုက်ထွက်ပြေးတဲ့ ၄နှစ်မြောက် အဖြစ် ဩဂုတ်၂၅ရက်မှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ထုတ်ပြန်တောင်းဆိုခဲ့တာပါ။

ရိုဟင်ဂျာဒုက္ခသည်တွေ တိုးတက်ကောင်းမွန်တဲ့အခြေအနေနဲ့ နေရပ်ပြန်ရေးအရေးပေါ်လုပ်ဆောင်လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ကို ရိုဟင်ဂျာဒုက္ခသည်တွေ အစုလိုက်အပြုံလိုက်ထွက်ပြေးတဲ့ ၄နှစ်မြောက် အဖြစ် ဩဂုတ်၂၅ရက်မှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ထုတ်ပြန်တောင်းဆိုခဲ့တာပါ။

ရိုဟင်ဂျာဒုက္ခသည် တစ်သန်းနီးပါးဟာ ခက်ခဲကြမ်း တမ်းတဲ့အခြေအနေတွေနဲ့ အသက်ရှင်နေထိုင်နေရပြီး သူတို့ နေရပ်ကို လုံခြုံစွာ၊ ဂုဏ်သိက္ခာရှိစွာနဲ့ ဆန္ဒအလျောက် ပြန်လာနိုင်တဲ့အခြေအနေမျိုးကို ဖန်တီးကူညီပေးကြဖို့ အတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်က တိုက်တွန်းပါတယ်။

မြန်မာနိုင်ငံမှာ စနစ်တကျခွဲခြားဆက်ဆံခြင်း၊ နိုင်ငံသားဖြစ်ခွင့်ရုတ်သိမ်းခြင်းနဲ့ အုပ်စုလိုက်အကြမ်းဖက်ခြင်းစတဲ့ အခြေခံအကြောင်းရင်းတွေကို အရေးတကြီးဖြေရှင်းဖို့လိုအပ်တယ်လို့လည်း ကုလအတွင်းရေးမှူးချုပ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ကုလသမဂ္ဂအနေနဲ့ ရိုဟင်ဂျာအရေးကို ဆက်လက်ကူညီသွားမှာဖြစ်ပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့လည်း ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ သူတို့ကိုရက်ရောစွာလက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆက်လက်ထောက်ပံ့ကူညီဖို့ ကုလအတွင်းရေးမှူးချုပ်က တိုက်တွန်းပြောဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာဖက်ကနေ ဝင်ရောက်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁.၂ သန်းကျော်ကြောင့် သူ့နိုင်ငံက ဖိစီးမှုတွေ အကြီးအကျယ် ကြုံတွေ့နေကြောင်း ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

သတင်း

သုံးပတ်အတွင်းစစ်တပ်ကြောင့် ရခိုင်မှာ​ပြည်သူ ၉ဦး​ သေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

သတင်း

ရိုဟင်ဂျာများအပါအဝင် မြန်မာနိုင်ငံရှိ အကြမ်းဖက်မှုတွေကနေ ထွက်ပြေးလွတ်မြောက်လာသူများကို နေရပ်သို့ပြန် မပို့ခင်မှာ ရာဇဝတ်မှုများနဲ့ အကြမ်းဖက်မှုများ ရပ်တန့်ရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား(IIMM)က ဒီနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့ ပေါက်တောမြို့နယ် ဆံတော်ရှင်ကျွန်းအနီးမှာ ငါးဖမ်းနေကြတဲ့ ဒေသခံရိုဟင်ဂျာငါးဖမ်းစက်လှေ ၂စီးကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်သင်္ဘောတွေက ပစ်ခတ်၊ မီးရှို့ခဲ့ပြီး စက်လှေပေါ်ပါလာသူတွေကို ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Trending

Facebook