Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်သားများ အမှန်တရားဖက် ရပ်တည်ပူးပေါင်းကြရန် KNU ညောင်လေးပင်ခရိုင် ဖိတ်ခေါ်

အမြင်မှန်ရရှိသော တပ်မတော်သားများနှင့်အတူ လက်တွဲ၍ မိမိတို့၏ရပ်တည်ချက်နှင့်အညီ အကြမ်းဖက် စစ်ကောင်စီအား တွန်းလှန်ရန်တိုက်တွန်းအပ်ကြောင်း KNU ညောင်လေးပင်ခရိုင်က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သားများ အမှန်တရားဖက် ရပ်တည်ပူးပေါင်းကြရန် KNU ညောင်လေးပင်ခရိုင် ဖိတ်ခေါ်
စစ်ကောင်စီတပ်သားများ အမှန်တရားဖက် ရပ်တည်ပူးပေါင်းကြရန် KNU ညောင်လေးပင်ခရိုင် ဖိတ်ခေါ်

အာဏာမက်ပြီး ရက်စက်ယုတ်မာသောစစ်အုပ်စု၏ ပြည်သူအပေါ်လူမဆန်သည့်လုပ်ရပ်အားဆန့်ကျင်ကြစို့ဟု ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်၏ စီမံအုပ်ချုပ်မှု နယ်မြေအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ၏ လက်အောက်ခံ တပ်မတော်သားအရာရှိ အရာခံ၊ အကြပ်တပ်သားများ ဓမ္မနှင့် အဓမ္မခွဲခြားစိတ်ဖြာပြီး အကြမ်းဖက်စစ်ကောင်စီ၏ မတရားသော အမိန့်စေခိုင်းမှုများကို ကျောခိုင်းပြီး အမှန်တရားဖက်ရပ်တည် ပူးပေါင်းပါဝင်လာကြရန် KNU ညောင်လေးပင်ခရိုင်က ထုတ်ပြန်ကြေညာသည်။

KNU ညောင်လေးပင်ခရိုင် အမြဲတမ်းကော်မတီ အရေးပေါ်အစည်းအဝေးကို စက်တင်ဘာ ၁၂ရက်မှ ၁၉ရက်အထိ ကျင်းပခဲ့ပြီးအစည်းအဝေး၌ စစ်ကောင်စီတပ်သားများ အမှန်တရားဘက် ရပ်တည်လာရေးကိစ္စကို ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သားများ အမှန်တရားဖက် ရပ်တည်ပူးပေါင်းကြရန် KNU ညောင်လေးပင်ခရိုင် ဖိတ်ခေါ်
စစ်ကောင်စီတပ်သားများ အမှန်တရားဖက် ရပ်တည်ပူးပေါင်းကြရန် KNU ညောင်လေးပင်ခရိုင် ဖိတ်ခေါ်

အမြင်မှန်ရရှိသော တပ်မတော်သားများနှင့်အတူ လက်တွဲ၍ မိမိတို့၏ရပ်တည်ချက်နှင့်အညီ အကြမ်းဖက် စစ်ကောင်စီအား တွန်းလှန်ရန်တိုက်တွန်းအပ်ကြောင်း KNU ညောင်လေးပင်ခရိုင်က ထုတ်ပြန်သည်။

“စဉ်းစားဆင်ခြင်မှု ကင်းမဲ့သောသေးနုပ်သိမ်ဖျင်းသော အတွေးအခေါ်နှင့် အာဏာမက်သော ရက်စက်ယုတ်မာသော စစ်အုပ်စု၏ ပြည်သူလူထုအပေါ် လူမဆန်သောလုပ်ရပ်များအား အပြင်းအထန် ဆန့်ကျင်၍ ခေတ်ဆိုးစနစ်ဆိုးမှ လွတ်မြောက်ရန် ၊ အာဏာရှင်အား အမြစ်ပြတ် တွန်းလှန်ရန် ရင်ဆိုင်နေရသည့် အခက်အခဲများကို ကျော်လွှား၍ မိမိကျရာ ကဏ္ဍမှ အတူတကွ လက်တွဲလုပ်ဆောင်ကြပါစို့”ဟု ထုတ်ပြန်ချက်၌ ရေးသားထားသည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်ကောင်စီ၏ ပြည်သူလူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများကို ညောင်လေးပင်ခရိုင်က မှတ်တမ်းတင်ထားရာဒေသတွင်း၌ ထွက်ပြေးတိမ်းရှောင်နေရသည့် ကျေးရွာပေါင်း ၁၂၅ ရွာ ၊ လူဦးရေ တစ်သိန်းနီးပါးရှိသည်ဟု ဆိုသည်။

ကျေးရွာများအတွင်း လေယာဉ်ဖြင့် ငါးကြိမ်တိုက်ခိုက်ခဲ့ပြီး လက်နက်ကြီး အလုံးရေ ၂ထောင်ကျော် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် သေဆုံးသူ ၁၆ဦးအနက် နှစ်ဦးမှာ အမျိုးသမီးများဖြစ်သည်ဟု ဆိုသည်။ ထိခိုက်ဒဏ်ရာရသူ ၂၁ဦး ၊ မတရား ဖမ်းဆီးနှိပ်စက်ခံရသူ ၉၄ဦး ရှိပြီး စစ်ကောင်စီတပ်များက ပြည်သူလူထု၏ ငွေကြေးဥစ္စာပစ္စည်းများ ခိုးယူလုယက်မှုများ ရှိကြောင်း ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီ၏ လူမဆန်သည့် လုပ်ရပ်ကြောင့် ပြည်သူလူထုများ၏ စားဝတ်နေရေး ၊ ပညာရေး ၊ကျန်းမာရေး လူထု၏ အသက်အန္တရာယ်ခြိမ်းခြောက်မှု၊ လူမှုဘ၀မလုံခြုံမှုစသည့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကြုံနေရပြီး စစ်ကောင်စီ၏ ယင်းသို့ လုပ်ဆောင်ချက်မှုများအား လွန်စွာမှ ရွံမုန်းပြီး အပြင်းအထန်ကန့်ကွက်ရှုံ့ချကြောင်း KNU ညောင်လေးပင်ခရိုင်က ထုတ်ပြန် သည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။