Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူနယ်တွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးလုပ်ငန်းများဆောင်ရွက်ပေးနေသည့် အမျိုးသမီးကို ဒေသကာကွယ်ရေးအဖွဲ့ သွားရောက်သတိပေး

စက်တင်ဘာ ၂၁ ရက်က ပခုက္ကူမြိုနယ်၊ပန်းတိုင်းခြုံ ကျေးရွာအုပ်စု၊ ပန်းတိုင်းခြုံရွာရှိ အုပ်ချုပ်ရေးမှူးကိုယ်စား ဆောင်ရွက်ပေးနေသော ဒေါ်မြင့်ခင်အား ဝင်ရောက်ထိန်းသိမ်းခဲ့သည်။

အုပ်ချုပ်ရေးမှူးကိုယ်စား စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားလည်ပတ်စေရန် ဆောက်ရွက်ပေးနေသည့် အမျိုးသမီးအား တွေ့ရစဥ်။ဓာတ်ပုံ-Young Force-UG
အုပ်ချုပ်ရေးမှူးကိုယ်စား စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားလည်ပတ်စေရန် ဆောက်ရွက်ပေးနေသည့် အမျိုးသမီးအား တွေ့ရစဥ်။ဓာတ်ပုံ-Young Force-UG

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ပန်းတိုင်းခြုံကျေးရွာရှိ အုပ်ချုပ်ရေးမှူးကိုယ်စား စစ်ကောင်စီယန္တရားများလည်ပတ်ရန် ဆောင်ရွက်ပေးနေသော အမျိုးသမီးတစ်ဦးအား သွားရောက်သတိပေးခဲ့ကြောင်း ဒေသတွင်း Young Force-UG အဖွဲ့က သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၂၁ ရက်က ပခုက္ကူမြိုနယ်၊ပန်းတိုင်းခြုံ ကျေးရွာအုပ်စု၊ ပန်းတိုင်းခြုံရွာရှိ အုပ်ချုပ်ရေးမှူးကိုယ်စား ဆောင်ရွက်ပေးနေသော ဒေါ်မြင့်ခင်အား ဝင်ရောက်ထိန်းသိမ်းခဲ့သည်။

၎င်းသည် အရှေ့ဘုန်းကန်၊မြောက်လူးကန်နှင့် ပန်တိုင်းခြုံ ကျေးရွာသုံးရွာအတွက် အုပ်ချုပ်ရေးမှူးကိုယ်စား စစ်ကောင်စီ၏ယန္တရား လည်ပတ်စေရန်၊ထောက်ခံစာများ၊ ဧည့်စာရင်းများပြုလုပ်ပေးခြင်း၊ ကိုယ်စား ငွေတောင်းခံခြင်းများပြုလုပ်ပေးနေသူဖြစ်ကြောင်း၊ ၎င်းအား ထိုလုပ်ငန်းများ ဆက်လက်မပြုလုပ်ရန် ပထမဆုံးနှင့်နောက်ဆုံးအကြိမ်အဖြစ် သတိပေးတားမြစ်ခဲ့ကြောင်း Young Force-UG အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါအမျိုးသမီးထံမှ ရုံးလုပ်ငန်းများနှင့်ဆိုင်သော စာရွက်စာတမ်းများအား သိမ်းဆည်းကာ ဆက်လက်စုံစမ်းရန် အတွက် ဖုန်း(၁)လုံးကိုလည်း သိမ်းဆည်းခဲ့ကြောင်း၊ အချက်အလက်များ စိစစ်ပြီးချိန် ပြန်လည်ပေးအပ်ရန် သင့်လျော်လျှင် ပြန်ပေးမည်ဖြစ်ကြောင်း Young Force-UG က ပြောသည်။

Public Service Announcement

Public Service Announcement

“အုပ်ချုပ်ရေးမှူး တွေကိုမှာချင်တယ်၊အသက်တွေကို နှ​မျောရင် စစ်ကောင်စီရဲ့ ထောက်တိုင်တွေအဖြစ် ဆက်လက် မရပ်တည်ကြပါနဲ့။ကာကွယ်ရေးတပ်ဖွဲ့များဟာ နေရာမရွေး လှုပ်ရှားနိုင်ပါတယ်။”ဟု Young Force-UG အဖွဲ့က သတိပေးထားသည်။

အထောက်အထား ခိုင်လုံသော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ စည်းမျည်းစည်းကမ်းများနှင့်အညီ အသက်အရွယ်အား ထောက်ထားငဲ့ညှာခြင်း၊ကျန်ရစ်မည့် မိသားစုအခြေအနေများအား ငဲ့ညှာခြင်းများကြောင့်အသိပေးစကားများ ပြောကြားကာရဲဘော်များပြန်လည်ထွက်ခွာလာခဲ့ပြီး ငွေကြေးတစ်စုံတရာမျှ သိမ်းယူခဲ့ခြင်းမရှိခဲ့ကြောင်း အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

​မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ရှမ်းပွဲရပ်ကွက်မှာ စစ်ကောင်စီ လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ ပြုလုပ်ရာ ပြည်သူတွေမလာလို့ ပွဲပျက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

အတွေးအမြင်

မွေးနေ့ကိတ်တစ်လုံးဟာ သူ့ထိုင်ခုံကို လှုပ်ခတ်သွားစေမယ်ဆိုတာကို နယ်ပိုင်ကြီး ဦးဇော်မိုးတစ်ယောက် မတွေးမိခဲ့ရိုးအမှန်ပါ။ နယ်ပိုင်ကြီးဆိုတာက အာဏာသိမ်းစစ်တပ်ရဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ဦးစီးမှူး(အုပ်ချုပ်ရေးမှူး)ကို ခေါ်တာပါ။ ဦး​ဇော်မိုးက ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ အုပ်ချုပ်ရေးမှူးတစ်ယောက်ပါ။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ