Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူမြို့နယ်ရှိ တပ်ပိုင်အထည်ချုပ်စက်ရုံတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်၊ ရဲသုံးဦးသေ

“ထိုတိုက်ပွဲတွင် ရခ (၃ )ကောင်ကျဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိဟုသိရှိရပါသည်”ဟု ထုတ်ပြန်ချက်က ဆိုသည်။

(RDF(PKU)တပ်ဖွဲ့ဝင်များ စစ်ရေးလေးကျင့်နေစဥ်)
(RDF(PKU)တပ်ဖွဲ့ဝင်များ စစ်ရေးလေးကျင့်နေစဥ်)

▪️လက်နက်သွားကောက်သည့် PDF ရဲဘော်နှစ်ဦး ကျဆုံးခဲ့ရ

မကွေးတိုင်း ပခုက္ကူမြို့နယ်ရှိ တပ်ပိုင်အထည်ချုပ်စက်ရုံတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် အား ပစ်ခတ်တိုက်ခိုက်ရာ ရဲသုံးဦးသေဆုံးကြောင်း Royal Defence Force R.D.F(PKU)အဖွဲ့က ယနေ့ (စက်တင်ဘာ ၁၁)ထုတ်ပြန်သည်။

တပ်ပိုင် အမှတ်(၁၁)ချည်မျှင်နှင့် အထည်ချုပ်စက်ရုံတွင် တပ်စွဲထားသော စစ်ကောင်စီတပ်အား စက်တင်ဘာ ၈ ရက်က ချောက်ကန်နှင့် ကိုးပင်ရွာကြားတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

“ထိုတိုက်ပွဲတွင် ရခ (၃ )ကောင်ကျဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိဟုသိရှိရပါသည်”ဟု ထုတ်ပြန်ချက်က ဆိုသည်။

Public Service Announcement
Public Service Announcement

အထက်ပါတိုက်ပွဲတွင် ရဲဘော်များလက်နက်ရရှိရေးအတွက် ရန်သူ့လက်နက်များသွားကောက်စဥ် စစ်ကောင်စီတပ်၏ပစ်ခတ်မှုကြောင့် တိုက်ခိုက်ရေးခေါင်းဆောင် ဗိုလ်ဘငြိမ်းနှင့် ရဲဘော် မောင် Snake တို့နှစ်ဦးကျဆုံးပြီး ရဲဘော်တစ်ဦး မစိုးရိမ်ရဒဏ်ရာရခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

“လက်နက်က အဖွဲ့အတွက်အလွန်ကို အရေးကြီးပါတယ်ဗျ။ ပိုက်ဆံရှိတောင် ဝယ်လို့မလွယ်တာဆိုတော့ တပ်ဖွဲ့ဝင်တိုင်း အရမ်းမက်မောတာပါ”ဟု RDF(PKU)မှ ရဲ ဘော်တစ်ဦးက မှတ်ချက် ပေးသည်။

အထက်ပါတိုက်ပွဲတွင် RDF(PKU)တပ်ဖွဲ့မှ ရဲဘော်နှစ်ဦးကျဆုံးခဲ့သည့်အပြင် M3 လက်နက် တစ်လက်ပါ ဆုံးရှုံးခဲ့ရသော်လည်း စစ်ကောင်စီတပ်အား ဆက်လက်တိုက်ခိုက် လက်တုန့်ပြန်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပခုက္ကူမြို့နယ်အတွင်းလူမှုကူညီရေးလုပ်ငန်းတွေဆောင်ရွက်မယ့် အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ အမျိုးသားညီညွတ်​ရေးအစိုးရ​အောက်ရှိ ၊မြို့နယ် ပြည်သူ့အုပ်ချုပ်​ရေး (ပအဖ)နဲ့ ကြိုတင်ချိတ်ဆက်ညှိနှိုင်းပြီးမှ ဆောင်ရွက်ဖို့ ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၂၇ ရက်က ကြေညာချက်ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

​မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူနဲ့ မြိုင်မြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူများပြားနေပြီး စားနပ်ရိက္ခာနဲ့ သောက်သုံးရေအပါအဝင် အခြေခံလူသုံးကုန်ပစ္စည်းတွေ အရေးပေါ် လိုအပ်လျက်ရှိကြောင်း မြေပြင်ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ ကမ်းလက်များအဖွဲ့က ပြောပါတယ်။