Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရိုဟင်ဂျာ ပြဿနာက ဘင်္ဂလားဒေ့ရှ်ကို ဘက်ပေါင်းစုံ ထိခိုက်စေတယ်လို့ ဝန်ကြီးချုပ်ပြော

“ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်မှာ အကြာကြီး လာရောက် အခြေချ နေထိုင်နေခြင်းဟာ ကျွန်မတို့ နိုင်ငံရဲ့ စီးပွားရေး၊ သဘာဝ ပတ်ဝန်းကျင်၊ လုံခြုံရေးနဲ့ လူမှုနိုင်ငံရေးဆိုင်ရာ တည်ငြိမ်မှု ကဏ္ဍ အားလုံးကို ပျက်ပြားစေပါတယ်”လို့ ဟာဆီနာက ပြောပါတယ်။

ရိုဟင်ဂျာ ပြဿနာက ဘင်္ဂလားဒေ့ရှ်ကို ဘက်ပေါင်းစုံ ထိခိုက်စေတယ်လို့ ဝန်ကြီးချုပ်ပြော
ရိုဟင်ဂျာ ပြဿနာက ဘင်္ဂလားဒေ့ရှ်ကို ဘက်ပေါင်းစုံ ထိခိုက်စေတယ်လို့ ဝန်ကြီးချုပ်ပြော

ရိုဟင်ဂျာတွေ ဒုက္ခသည်တွေ အလုံးအရင်း ဝင်ရောက်လာခြင်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ လူမှုရေး၊ လုံခြုံရေးနဲ့ စီးပွားရေး ကဏ္ဍတွေကို ယိုယွင်း ထိခိုက်လာစေကြောင်း ဝန်ကြီးချုပ် ရှိတ်ခ် ဟာဆီနာက ကုလသမဂ္ဂ မိန့်ခွန်းမှာ ပြောကြားသွားပါတယ်။

ဟာဆီနာက ကုလသမဂ္ဂ အနေနဲ့ ရိုဟင်ဂျာ ပြဿနာကို ဖြေရှင်းပေးဖို့ ထိရောက် အားကောင်းတဲ့ အခန်းကဏ္ဍကနေ ပါဝင်စေလိုကြောင်းလည်း စက်တင်ဘာ ၂၃ ရက်က ပြောကြားတဲ့ မိန့်ခွန်းမှာ ထည့်သွင်း တိုက်တွန်းသွားခဲ့ပါတယ်။

“ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်မှာ အကြာကြီး လာရောက် အခြေချ နေထိုင်နေခြင်းဟာ ကျွန်မတို့ နိုင်ငံရဲ့ စီးပွားရေး၊ သဘာဝ ပတ်ဝန်းကျင်၊ လုံခြုံရေးနဲ့ လူမှုနိုင်ငံရေးဆိုင်ရာ တည်ငြိမ်မှု ကဏ္ဍ အားလုံးကို ပျက်ပြားစေပါတယ်”လို့ ဟာဆီနာက ပြောပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာတွေဟာ မြေလှန်ပြောင်းလဲလိုမှု ဝါဒတွေရဲ့ အကြီးအကျယ် ခြိမ်းခြောက်မှုတွေနဲ့လည်း ကြုံနေရကြောင်း၊ ရိုဟင်ဂျာ ပြဿနာက ရေရှည်ဆက်ရှိနေဦးမယ်ဆိုရင် ဒေသတစ်ခုလုံးရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်မှုကိုပါ ထိခိုက် ပျက်စီးသွားစေနိုင်တယ်လို့လည်း ဟာဆီနာက သတိပေးသွားပါတယ်။

Public Service Announcement

Public Service Announcement

၂၀၁၇ ကစလို့ ရခိုင်ပြည်နယ် မြောက်ပိုင်းက မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရိုဟင်ဂျာ မျိုးနွယ်စုတွေအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ကျူးလွန်လာတာကြောင့် သိန်းနဲ့ချီ များပြားတဲ့ ရိုဟင်ဂျာတွေဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက် ထွက်ပြေးခဲ့ကြရပါတယ်။

ဟာဆီနာက စေ့စပ်ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ဖူးပေမယ့် ကုလသမဂ္ဂဟာ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး ကိစ္စကို ထဲထဲဝင်ဝင် ဆောင်ရွက်နိုင်ခဲ့တာ မရှိကြောင်း ထောက်ပြပါတယ်။ သူဟာ ကုလသမဂ္ဂ မိန့်ခွန်းမှာ မြန်မာနိုင်ငံရဲ့ နာမည်ကို တိုက်ရိုက် သုံးနှုန်းတာမျိုး မရှိအောင် သတိထား ရှောင်ရှားခဲ့ပြီး ရိုဟင်ဂျာ အကျပ်အတည်းဟာ အရေးယူ ပိတ်ဆို့မှုတွေအပြင် သံတမန်ရေးဆိုင်ရာ ပိုမို ညှိနှိုင်းထိတွေ့မှုတွေနဲ့ပါ ကြိုးစားဖြေရှင်းရမယ့် ကိစ္စလို့ ပြောကြားသွားပါတယ်။

မြန်မာနိုင်ငံမှာ အရပ်သား ဒီမိုကရေစီ အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းယူထားတဲ့ စစ်ကောင်စီဟာ နိုင်ငံတကာ မျက်နှာစာမှာတော့ မစားကောင်းတဲ့ အသီးလို ရွံရွံရှာရှာ ဖယ်ကြဉ်မှုတွေကြောင့် အထီးကျန် ရပ်တည်နေရပါတယ်။ ဒီအခြေအနေမျိုးကြောင့် နိုင်ငံတကာရဲ့ အာရုံကို ဆွဲဆောင်ဖို့အတွက် စစ်ကောင်စီဟာ ရိုဟင်ဂျာ ကိစ္စမှာ စေတနာ အမှန်နဲ့ မဟုတ်ဘဲ သဘောထား ပျော့ပျောင်းတာမျိုး ပြသလာနိုင်တယ်လို့ လေ့လာသူ တချို့က ထောက်ပြထားကြပါတယ်။

ယူနီဆက်ဖ်ရဲ့ ဖော်ပြချက်အရ ဘင်္ဂလားဒေ့ရှ်မှာ ထွက်ပြေး ခိုလှုံနေတဲ့ ရိုဟင်ဂျာ အားလုံးရဲ့ ၆၀ ရာခိုင်နှုန်း နီးပါးဟာ အရွယ်မရောက်သေးတဲ့ ကလေးတွေလို့ သိရပါတယ်။ ဘင်္ဂလားဒေ့ရှ် အစိုးရက ပြည်တွင်းမှာ ရောက်ရှိနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ဦးရေဟာ ၁.၁ သန်းကျော်လောက်ထိ များပြားနေကြောင်း ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

သတင်း

လက်ရှိ အခြေအနေမှာ ရိုဟင်ဂျာတွေကို ပြန်ပို့တာမျိုး လုံးဝ မဖြစ်သင့်သေးကြောင်း APHR သတိပေး

နိုင်ငံတကာ

သူ့အသက်ကို ခြိမ်းခြောက် ခံရမယ် ဆိုရင်တောင်မှ ဘင်္ဂလားဒေ့ရှ်ကို ဒီနှစ်မကုန်ခင် ကျိန်းသေပေါက် ပြန်သွားမယ်လို့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာက ပြောကြားခဲ့ပါတယ်။

သတင်း

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဆင်တက်မော်ကျေးရွာကနေ မလေးရှားကို စက်လှေနဲ့ သွားခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၂၇၀ကျော်ဟာ ပင်လယ်ပြင်အတွင်း ပျောက်ဆုံးနေပြီး အခုထိ အဆက်အသွယ်မရသေးဘူးလို့ ဒေသခံရိုဟင်ဂျာတွေက ပြောပါတယ်။