Connect with us

Hi, what are you looking for?

သတင်း

မကွေးတိုင်း တန့်ကြည့်တောင်အနောက်ဘက် ရွာအများအပြား ထွက်ပြေးတိမ်းရှောင်နေရ၍ စားနပ်ရိက္ခာအခက်အခဲကြုံနေရ

“စစ်ဘေးရှောင်တွေထဲမှာ ဖျားတဲ့နာတဲ့လူတွေလည်းများပြီး ကလေးတွေမှာ ဖိနပ်တောင်မပါကြဘဲ ငုတ်စူးတဲ့ကလေးတွေလည်းရှိတယ်လို့ သိရပါတယ်။”ဟု We Love Seikphyu Group က ပြောသည်။

(စစ်ဘေးရှောင် ကျေးရွာများအား ဒေသကာကွယ်ရေးအဖွဲ့များက လာရောက်လှူဒါန်းနေစဥ်၊ဓာတ်ပုံ-B.H.S.R.F)
(စစ်ဘေးရှောင် ကျေးရွာများအား ဒေသကာကွယ်ရေးအဖွဲ့များက လာရောက်လှူဒါန်းနေစဥ်၊ဓာတ်ပုံ-B.H.S.R.F)

မကွေးတိုင်း၊ တန့်ကြည့်တောင်အနောက်ဘက်၊ ပခုက္ကူမြို့နယ်နှင့် ဆိ​ပ်ဖြူမြို့နယ်စပ်ရှိ ကျေးရွာများအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးအကြမ်းဖက်နေ၍ ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာအခက်အခဲ ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။

စစ်ကောင်စီတပ်သည် စက်တင်ဘာ ၁၆ ရက်ဝန်းကျင်ကစတင်ကာ ပခုက္ကူနှင့် ဆိပ်ဖြူမြို့နယ်စပ်ရှိ တောင်ပလူ၊ ရှာဒူး၊စိုင်ဖြူ၊အရှေ့ကမ်းဖြူနှင့် ဥယျာဉ်စုကျေးရွာများအား ဝင်ရောက်အကြမ်းဖက် ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။

စစ်ကောင်စီတပ်သည် စက်တင်ဘာ ၂၂ ရက်နံနက်ပိုင်းက ပခုက္ကူမြို့နယ်၊ ဂဝံလေးတိုင်ကျေးရွာရှိ နေအိမ် ၁၆လုံး၊ စက်တင်ဘာလ ၂၃ ရက်ကလည်း ပခုက္ကူမြို့နယ်၊ မြစ်ဖျားကျေးရွာရှိ နေအိမ် ၄၅လုံးတို့ကို ဝင်ရောက်မီးရှို့ဖျက်ဆီးသွားခဲ့သည်။

ယင်းကျေးရွာများသည် မကြာခဏ ထွက်ပြေးတိမ်းရှောင်နေရပြီး နီးစပ်ရာရွာများက လက်ခံကျွေးမွေးနေကြောင်း၊ စစ်ဘေးရှောင်သူများ၍ စားနပ် ရိက္ခာမလုံလောက်မှု ရင်ဆိုင်နေရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“စစ်ဘေးရှောင်တွေထဲမှာ ဖျားတဲ့နာတဲ့လူတွေလည်းများပြီး ကလေးတွေမှာ ဖိနပ်တောင်မပါကြဘဲ ငုတ်စူးတဲ့ကလေးတွေလည်းရှိတယ်လို့ သိရပါတယ်။”ဟု We Love Seikphyu Group က ပြောသည်။

(စစ်ဘေးရှောင် ကျေးရွာများအား ဒေသကာကွယ်ရေးအဖွဲ့များက လာရောက်လှူဒါန်းနေစဥ်၊ဓာတ်ပုံ-B.H.S.R.F)
(စစ်ဘေးရှောင် ကျေးရွာများအား ဒေသကာကွယ်ရေးအဖွဲ့များက လာရောက်လှူဒါန်းနေစဥ်၊ဓာတ်ပုံ-B.H.S.R.F)

ယမန်နေ့ (စက်တင်ဘာ၂၄ရက်)ကလည်း ပခုက္ကူမြို့နယ် တောင်ပလူကျေးရွာကို စစ်တပ်နှင့် ပျူ အင်အား ၁၅၀ခန့် ထပ်မံရောက်ရှိလာပြီး ဝင်ရောက်ရှာဖွေဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ဘေးရှောင်လာကြသော ပခုက္ကူမြို့နယ် ၊ မြစ်ဖျားကျေးရွာနှင့် ဆိပ်ဖြူမြို့နယ် အနောက်ကမ်းဖြူကျေးရွာမှ ပြည်သူဦးရေ ၆၀၀ကျော်အား သိန်းငှက်နက် ဆိပ်ဖြူတပ်ဦး(B.H.S.R.F)နှင့် နက္ခတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (N K PDF) တို့ပူးပေါင်းကာ စက်တင်ဘာလ ၂၃ ရက်က စားနပ် ရိက္ခာများကို လှူဒါန်းခဲ့ပြီး ကျန်းမားရေးစောင့်ရှောက်မှုများ ဆေးဝါးကုသမှုများ ပြုလုပ်ခဲ့ကြောင်း ၎င်းအဖွဲ့များက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့် မွေးနေ့အကြို နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၈)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။