Connect with us

Hi, what are you looking for?

သတင်း

ရွှေဘို-မန္တလေးလမ်းတွင် စစ်ကောင်စီယာဥ်နှစ်စီးအား မိုင်းခွဲတိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများပြား

ရွှေဘို-မန္တလေးလမ်းပေါ်၊ စိုင်နိုင်ကွေ့တွင် ယခင်ကလည်း စစ်ကောင်စီယာဥ်များ မကြာခဏ မိုင်းခွဲတိုက်ခိုက်ခံရဖူးပြီး ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

(စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်နေ၍ ရွှေဘို-မန္တလေးလမ်းဘေးတွင် ညအိပ်စောင့်ဆိုင်းနေရသော ခရီးသွားယာဥ်များ။ ။ဓါတ်ပုံ-AN)
(စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်နေ၍ ရွှေဘို-မန္တလေးလမ်းဘေးတွင် ညအိပ်စောင့်ဆိုင်းနေရသော ခရီးသွားယာဥ်များ။ ။ဓါတ်ပုံ-AN)

▪︎စစ်ကောင်စီတ​ပ်က ရမ်းသမ်းပစ်ခတ်နေ၍ ခရီးသွားယာဥ်များ ရပ်တန့်ထားခဲ့ရ

ရွှေဘို-မန္တလေး လမ်းမကြီးပေါ်တွင် စစ်ကောင်စီယာဥ်နှစ်စီး မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားများအများအပြားသေဆုံးကြောင်း သိဒ္ဓိရှင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း၊ ရွှေဘို-မန္တလေးလမ်းမကြီးပေါ်တွင် စက်တင်ဘာလ ၂၂ ရက်နေ့ ညနေ (၅)နာရီ (၄၀)မိနစ်ခန့်က ရွှေဘိုဘက်မှ ထွက်လာသော စစ်ကောင်စီတပ်၏ အင်အား(၇၀)ပါ သံပြားကာ ကား(၂)စီးကို ဝက်လက်မြို့နယ်တွင်းတစ်နေရာ၌ သိဒ္ဓိရှင်တိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က မိုင်း(၂)ကြိမ်ခွဲကာ တိုက်ခိုက်ခဲ့သည်။

(စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်နေ၍ ရွှေဘို-မန္တလေးလမ်းဘေးတွင် ညအိပ်စောင့်ဆိုင်းနေရသော ခရီးသွားယာဥ်များ။ ။ဓါတ်ပုံ-AN)
(စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်နေ၍ ရွှေဘို-မန္တလေးလမ်းဘေးတွင် ညအိပ်စောင့်ဆိုင်းနေရသော ခရီးသွားယာဥ်များ။ ။ဓါတ်ပုံ-AN)

အဆိုပါ မိုင်းခွဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသည့် စစ်ကောင်စီတပ်များကို ဆေးရုံသို့ခေါ်ဆောင်သွားရာ (၁၅)ဦးသေဆုံးခဲ့ကြောင်း၊ စက်တင်ဘာလ ၂၃ ရက်နေ့တွင်လည်း ၃ ဦးထပ်မံသေဆုံးခဲ့ပြီး (၅)ဦးမှာ အပြင်းအထန်ဒဏ်ရာဖြင့် ဆေးကုနေရကြောင်း သိဒ္ဓိရှင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။

​သေဆုံးသူများထဲတွင် စစ်ကောင်စီအရာရှိတစ်ဦးပါနိုင်သည်ဟု သိဒ္ဓိရှင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်၍ စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုအခြေအနေကို ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

သိဒ္ဓိရှင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လ​ည်း လက်တလောဆက်သွယ်၍ မရသေးပေ။

(စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်နေ၍ ရွှေဘို-မန္တလေးလမ်းဘေးတွင် ညအိပ်စောင့်ဆိုင်းနေရသော ခရီးသွားယာဥ်များ။ ။ဓါတ်ပုံ-AN)
(စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်နေ၍ ရွှေဘို-မန္တလေးလမ်းဘေးတွင် ညအိပ်စောင့်ဆိုင်းနေရသော ခရီးသွားယာဥ်များ။ ။ဓါတ်ပုံ-AN)

ထိုနေ့က စစ်ကောင်စီယာဥ်များသ​ည် ရွှေဘို-မန္တလေးလမ်းပေါ် စိုင်နိုင်ကွေ့အနီးတွင် မိုင်းခွဲတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း၊ မိုင်းထိပြီးနောက် စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်နေ၍ ကားအစီးရေများစွာ ဆက်မထွက်နိုင်ဘဲ ပိတ်မိခဲ့ကြောင်း ခရီးသွားပြည်သူတစ်ဦးက ပြောသည်။

ရွှေဘို-မန္တလေးလမ်းပေါ်၊ စိုင်နိုင်ကွေ့တွင် ယခင်ကလည်း စစ်ကောင်စီယာဥ်များ မကြာခဏ မိုင်းခွဲတိုက်ခိုက်ခံရဖူးပြီး ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။