Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးနယ် အင်းပတ်ရွာကို မီးရှို့ဖျက်ဆီးနေသော စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးအဖွဲ့များ ဝင်တိုက်

ယနေ့ (စက်တင်ဘာ ၂၄ရက်) နံနက် ၉နာရီခန့်က အင်းပတ်ရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးနေသော စစ်ကောင်စီတပ်များကို ခင်ဦး PDFနှင့် အခြားဒေသတွင်း PDF များ၊ ပကဖ အဖွဲ့များ ဝိုင်းဝန်း တိုက်ခိုက်ခဲ့ကြကြောင်း SSTF ( MRDA တပ်ခွဲ-ခင်ဦး )က အသိပေးသည်။

(အင်းပတ်ကျေးရွာအား စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့သွားပြီးနောက် တွေ့ရစဥ်၊ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(အင်းပတ်ကျေးရွာအား စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့သွားပြီးနောက် တွေ့ရစဥ်၊ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

▪️စစ်အုပ်စုတပ်စွဲရာ ပျူရွာကိုပါ ဒရုန်းဖြင့်တိုက်ခိုက် ခဲ့ပြီး အထိအခိုက်များဟုဆို

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အင်းပတ်ရွာကိုမီးရှို့ဖျက်ဆီးနေသော စစ်ကောင်စီတပ်အား ဒေသကာကွယ်ရေးအဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က အထိအခိုက်များကြောင်း Spring Special Task Force-MRDAခွဲ KUအဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ (စက်တင်ဘာ ၂၄ရက်) နံနက် ၉နာရီခန့်က အင်းပတ်ရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးနေသော စစ်ကောင်စီတပ်များကို ခင်ဦး PDFနှင့် အခြားဒေသတွင်း PDF များ၊ ပကဖ အဖွဲ့များ ဝိုင်းဝန်း တိုက်ခိုက်ခဲ့ကြကြောင်း SSTF ( MRDA တပ်ခွဲ-ခင်ဦး )က အသိပေးသည်။

ထို့အပြင် ရွာသစ်ကုန်းရှိ စစ်ကောင်စီ တပ်စွဲရာနေရာသို့ ဒရုန်းဖြင့် အီနာဂါ ဗုံးသီး သုံးလုံးချကာ တိုက်ခိုက် ခဲ့ကြောင်း၊ အဆိုပါဖြစ်စဥ်များတွင် စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုမသိရသေးကြောင်း SSTF (MRDA တပ်ခွဲ-ခင်ဦး)၏ ထုတ်ပြန်ချက်တွင် ​ဖော်ပြ သည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် ခင်ဦးမြို့နယ် အင်းပတ် ကျေးရွာကို ယနေ့ နံနက်၅နာရီခန့်ကစ၍ ရေဦးမြို့မှ တပ်သားများနှင့် ရွာသစ်ကုန်းပျူစောထီးများက လက်နက်ကြီးငယ်များ ပစ်ခတ်ကာ ဝင်ရောက်လာခဲ့ကြောင်း၊ ထို့နောက် နေအိမ်၁၀ လုံးအား မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်အချို့ကိုလည်း မွှေနှောက်ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

အိမ်ခြေပေါင်း ၅၀၀ကျော်ရှိသည့် အင်းပတ်ကျေးရွာသည် တတိယအကြိမ်မြောက် မီးရှို့ခံရခြင်းဖြစ်ပြီး ယခင်အကြိမ်များပေါင်းလျှင် အိမ်ပေါင်း ၂၁၇ အိမ်ခန့် မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

အင်းပတ်ကျေးရွာသည် ရေဦးနှင့် (၃)မိုင်သာ ကွာဝေးပြီး ပျူစောထီးကြီးစိူးရာ ရွာသစ်ကုန်းရွာနှင့် ရထားသံလမ်းသာခြားသောကြောင့် စစ်ကောင်စီတပ်များ ၁၀ကြိမ်ထက်မနည်း ဝင်ရောက်ခဲ့ဖူးကြောင်း ဒေသခံများက ပြောသည်။

“ယခုတစ်ကြိမ်ဝင်ရောက်မှုတွင် ကာကွယ်ရေးတပ်များနှင့်အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့သလို အကြမ်းဖက်တပ်သားနှင့်ပျူစောထီးများ သေဆုံးမှုရှိခဲ့ပါတယ်”ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

ယခင်ရက်ပိုင်းကလည်း ခင်ဦးနယ်အရှေ့ခြမ်း ဧရာဝတီမြစ်အနီးနှင့် ခင်ဦး – ရွှေဘိုလမ်း၊ ခင်ဦး-ရေဦးလမ်းများ၌ စစ်ကောင်စီတပ်နှင့် ​ဒေသကာကွယ်ရေးတပ်များ တိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က အကျအဆုံးများခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook