Connect with us

Hi, what are you looking for?

သတင်း

မိုင်းထိ​သောစစ်​ကောင်စီတပ်ကားပြင်နေစဥ်PDFကတိုက်ခိုက်ရာ စစ်သား၈ဦးသေဆုံး

ဒဏ်ရာဖြင့် အရှင်ဖမ်းဆီးရမိသူ ၂ ဦးအနက် ၁ ဦးမှာ ဖမ်းဆီးခေါ်ဆောင်လာရာလမ်းတွင် သေဆုံး ၁ ဦးမှာ စခန်းတွင်ဆေးဝါးကုသပေး‌စဉ်သေဆုံးသွားခဲ့ကြောင်း ချောင်းဦး PDFက ပြောသည်။

(သိမ်းဆည်းရမိသော ရန်သူ့လက်နက်ပစ္စည်းများ။ ဓာတ်ပုံ-CHUPDF)
(သိမ်းဆည်းရမိသော ရန်သူ့လက်နက်ပစ္စည်းများ။ ဓာတ်ပုံ-CHUPDF)

▪︎လက်နက် ၃ လက်နှင့်ကျည်များအပါအဝင် စစ်အသုံးအဆောင်များသိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းတွင် မိုင်းထိသည့်ထောက်ပို့ကားပြင်နေစဥ် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးပြီး လက်နက်နှင့်ကျည်အပါအဝင် စစ်အသုံးအဆောင်များ သိမ်းဆည်းနိုင်ခဲ့ကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHUPDF)က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (စက်တင်ဘာလ ၂၅ ရက်နေ့)က စစ်ကိုင်းမြို့မှ မုံရွာမြို့သို့ထွက်ခွာလာသည့် စစ်ကောင်စီထောက်ပို့ယာဉ်တန်းကို ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHUPDF) တပ်ခွဲ ၄ (မိုင်းတပ်ခွဲ) မှ ရဲဘော်များက ချောင်းဦးမြို့နှင့် ခင်မွန်ကျေးရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီကား(၁)စီးပျက်စီးရပ်တန့်သွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီကားနောက်တစ်စီးကရပ်တန့်ကူညီခဲ့ကြောင်းချောင်းဦး PDFက ပြောသည်။

စစ်ကောင်စီ ကား (၂) စီးရပ်တန့်ပြုပြင်နေကြောင်း CHUPDF တပ်ခွဲ ၄ (မိုင်းတပ်ခွဲ) ရဲဘော်များ၏ သတင်းပေးပို့ချက်အရ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) – ချောင်းဦးမြို့နယ် တာဝန်ခံထံ ဆက်လက်သတင်းပို့ကာ ချောင်းဦးမြို့နယ် ပကဖ အင်အားစုဖွဲ့ရေးနှင့်လေ့ကျင့်ရေးတာဝန်ခံဦးစီး အင်အား ၄ ဦး နှင့် CHUPDF တပ်ခွဲ (၁)၊ တပ်ခွဲ (၄) ပူးပေါင်းအဖွဲ့က အဆိုပါကား (၂) စီးကို ဝင်ရောက်တိုက်ခိုက်ရှင်းလင်းခဲ့သည်။

ကားပေါ်တွင်ပါရှိသော စစ်ကောင်စီ လက်နက်ကိုင် ၅ ဦးနှင့် ခင်မွန်အခြေစိုက် နမခ ဘက်စုံခြံမှလာရောက်ကူညီသည့် စစ်ကောင်စီ လက်နက်ကိုင် ၁ ဦး ပေါင်း (၆) ဦး သေဆုံးခဲ့ပြီး ခင်မွန်အခြေစိုက် နမခ ဘက်စုံခြံမှလာရောက်ကူညီသည့် စစ်ကောင်စီ တပ်သား ၂ ဦး ဒဏ်ရာဖြင့်အရှင်ဖမ်းဆီးရမိခဲ့ကြောင်း ချောင်းဦး PDFက အသိပေးသည်။

Public Service Announcement

Public Service Announcement

ဒဏ်ရာဖြင့် အရှင်ဖမ်းဆီးရမိသူ ၂ ဦးအနက် ၁ ဦးမှာ ဖမ်းဆီးခေါ်ဆောင်လာရာလမ်းတွင် သေဆုံး ၁ ဦးမှာ စခန်းတွင်ဆေးဝါးကုသပေး‌စဉ်သေဆုံးသွားခဲ့ကြောင်း ချောင်းဦး PDFက ပြောသည်။

၎င်းတို့ထံမှ BA-72(G1) ၁လက်၊ MA-3 ၁လက်၊ BA-94(Uzhi) ၁လက်၊ 7.62(ကပစ) ၂၀တောင့်၊ 5.56(ကပစ) ၂၆တောင့်၊ 9mm(ကပစ) ၁၅တောင့်၊ ဓားမြှောင် ၁လက်၊ Mytel Keypad ၁လုံး၊ walkitalki (ဆက်သွယ်ရေးစကားပြောစက်) ၁လုံး သိမ်းဆည်းရရှိခဲ့ကြောင်း ချောင်းဦး PDFက အသိပေးသည်။

ထိုဖြစ်စဥ်တွင် CHUPDF တပ်ခွဲ (၁) မှ ရဲဘော် ၁ ဦး၊ တပ်ခွဲ (၄) မှ ရဲဘော် ၁ ဦး ပေါင်း ၂ ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ